Latest Movie :
Recent Movies
Iphone အသုံးပြု သူများဒေါင်းလုပ် လုပ်ရန် နည်းလမ်း
ကျွန်တော်တို့ Blog မှ တင်ထားသော ဇာတ်ကားများကို iphone အသုံးပြုသူများ အလွယ်တကူဒေါင်းလုပ် လုပ်နိုင်ရန် နည်းလမ်းလေးတစ်ခု ရှာတွေ့ထားပါတယ်။ မိတ်ဆွေတို့၏ iphone ထဲတွင် App လေးတစ်ခု ထည့်ပေးရမှာ ဖြစ်ပါတယ်။ အဲဒီ App လေးကိုလည်း iphone ထဲက App Store မှာ အလွယ်တစ်ကူ ဒေါင်းလုပ်ယူလို့ရပါတယ်။ လုပ်နည်းလေးကိုလည်း မျှဝေပေးလိုက်ပါတယ်။ ပထမဦးဆုံး iphone ထဲက App Store ကို သွားပြီး
Mediatap လို့ ရိုက်ပြီးရှာလိုက်ပါ။ ကျွန်တော်တို့ Mediatap ရဲ့ပုံ လေးကိုလည်းတင်ပေးထားပါတယ်။ အဲဒီပုံ လေးကို တွေ့ရင် Apple ID ထည့်ပြီး install လုပ်လိုက်ပါ။ ပြီးရင် Mediatap ထဲသွားပြီး ကျွန်တော်တို့တင်ပေးထားသော ဒေါင်းလုပ်လင့်ကို ကော်ပီကူးပြီး ထည့်လိုက်ပါ။
ရုပ်ရှင် ကြည့်သော page ကို ရောက်ရင် အောက်က ဒေါင်းလုပ် Button လေးကို နှိပ်ပြီး save လုပ်ပေးလိုက်ပါ။ ဒေါင်းလုပ် လုပ်နေတာ တွေရပါလိမ့်မယ်။ ကျေးဇူးတင်ပါတယ့်
အဆင်မပြေတာ ရှိရင်လဲ comment မှာ ပြောခဲ့ပါ။ အတတ်နိုင်ဆုံးကြိုးစားပေးပါ့မယ့်
Download & Watch On Blog တွင် ဒေါင်းလုပ် လုပ်နည်း
ကျွန်တော်တို့ blog ပေါ်တွင်ဒေါင်းလုပ်လုပ်နည်းကို ပုံနှင့်တကွဖော်ပြပေးလိုက်ပါတယ်။။
Android ဖုံးအသုံးပြုသူများအတွက် pcloud အကောင့်မလိုပဲ အလွယ်တကူ ဒေါင်းလုပ်လုပ်လို့ရမှာ
ဖြစ်ပါတယ်။။ မိမိတို့၏ ဖုံးကို အသုံးပြုပြီး တင်ထားသော ပုံအတိုင်းအဆင့်ဆင်လုပ်သွားလိုက်ပါ။ အလွယ်တစ်ကူဒေါင်းလုပ်လုပ်လို့ရတာတွေ့ရပါလိမ့်မယ်။ ကျွန်တော်တို့တင်ပေးထားသော Download icon မှ
ဒေါင်းလုပ်လင့်ဟာ ဒေါင်းလုပ်လူဦးရေများလာတာနဲ့ over download limited ဖြစ်ပြီး ဒေါင်းလုပ် လုပ်လို့ရမှာ မဟုတ်တော့ပါဘူး အဲဒီလိုဒေါင်းလုပ်လုပ် လို့မရသောအချိန်တွင် ကျွန်တော်တို့ပေးသော ဒီနည်းအတိုင်းသာ ဒေါင်းလုပ်လုပ်လိုက်ပါ အဆင်ပြေတာကိုတွေ့ရပါလိမ့်မယ်
ပုံ (၁)
ပုံ(၂)
ပုံ(၃)
ပုံ(၄)
ပုံ(၅)
Close Range (2015) - မြန်မာစာတန်းထိုး
အက်ရှင်ကားကြမ်းကြမ်းကြိုက်သူများအတွက်ပါ။ fighting ခန်းတွေကတောက်ရှောက်ပါဝင်ပြီး ကြမ်းကြမ်းတမ်းတမ်းထိုးကြိတ်ခန်းတွေက ခင်ဗျားတို့အကြိုက်ဖြစ်မှာပါ။
ဇာတ်လမ်းအကျဉ်းကတော့ စစ်ပြေးတယောက်ဟာ လူတွေရဲ့ အဝေးမှာ ပုန်းရှောင်နေမယ့်အစား သူ့အစ်မနဲ့ သူ့တူမ အတွက်နဲ့ ဖိုက်တာလုပ်ရပါတော့တယ်။ အဲ့ဒီမှာ မူးယစ်ဆေးဝါးဂိုဏ်းတွေနဲ့၊ လာဘ်စားတဲ့အရာရှိတွေကို အကြမ်းပတမ်း ဆုံးမဖို့ဖြစ်လာတော့ လုံးဝသနားညှာတာမှုမရှိပဲ တိုက်ခိုက်တဲ့အခါ....
Baby (2015) - မြန်မာစာတန်းထိုး
အိန္ဒိယနိုင်ငံကို တိုက်ခိုက်ဖို့ဖြစ်လာတဲ့ အခြေနေကို ရအောင် ဟန့်တားရတဲ့ ကမ္ဘာနဲ့ချီလှုပ်ရှားနေတဲ့ BABY ဆိုတဲ့ လျှို့ဝှက် အေ့ဂျင့်ရဲ့ လှုပ်ရှားမှု၊ တိုက်ခိုက်မှုတွေကို အသားပေးထားတဲ့ဇတ်လမ်းပါ။ ဇာတ်အိမ် ခိုင်မာပြီး ပီပြင်တဲ့ ဇာတ်ကြမ်းတခုပါ။ 
IMDB 8.1 ထိရထားတာဆိုတော့ အင်မတန်ပီပြင်ကောင်းမွန်တဲ့ Bollywood ဇာတ်လမ်းကောင်းတပုဒ်ဆိုတာ အသိပေးပါရစေ။
Cellular (2004) မြန်မာစာတန်းထိုး
အန်းဒရိုက် ဖုန်းများမ ပေါ် သေးမှီ လွန် လေပြီး သောအတိတ် ကာလတစ် ခု သောအခါ၌ ဆယ် လူလာဆို သောမိုလဗိုင်းလ် ဖုန်းများ ကြီးစိုးမင်းမူ နေ သောအချိန် ဗမာပြည် မှပြည် သူပြည် သားများ JXDဆို သော တလုတ် နိုင် ငံထုပ် Mp4 ကိုကိုင် နိုင် ရုံမျှဖြင့်  အ ကောင် ဖြစ် နေ သည့်  တစ် ခု သောကာလ၌ အနှီဆယ်လူလာကားသည် ကား ကျွန် နုပ် တို့ တန်းတန်းစွဲ ခေတ် စားခဲ့သည် ဆိုသတတ်
၎င်းဆယ်လူလာ ဇာတ် ကားသည် ကား ` 2004 ခုနှစ် မှာ ရုံတင် ခဲ့တဲ့ သည် ဇာတ် ကားဟာ IMDb 6.5 ရှိခဲ့ပါတယ် action . crime နဲ့ thriller အမျိုးအစားဖြစ် ပြီး ကျ နော် တို့ အရမ်းကြိုက် ခဲ့ရတဲ့ Transpoter မင်းသားကြီး Jason Statham ဟာဗီလိန် နေရာက နေသရုပ် ဆောင် ထားပါတယ် ခု နောက် ပိုင်း captain america ဇာတ် လမ်းနဲ့ နာမည် ကြီးလူသိများလာခဲ့တဲ့ မင်းသား ချော Chris Evans ဟာ မင်းသား နေရာက နေ သရုပ် ဆောင် ထားခဲ့ပါတယ် ဇာတ် လမ်း အကျဉ်းကို ပြေားရရင် တော့ ဘာမှန်းမသိရပဲ ပြန် ပေးဆွဲတာကိုခံလိုက် ရတဲ့ ကျောင်းဆရာမတစ် ယောက် ဘဝကိုဘာအပူအပင် မှမရှိပဲ ပေါ့ ပေါ့ပါးပါးဖြတ် သန်း နေခ့တဲ့ လူငယ် လေးတစ် ယောက် ရောင်း ချရမယ့်  တိုက် ခန်း နေရာကို ဗီဒီယိုရိုက် ကူး နေရင်း မှားယွင်းတဲ့အဖြစ် အပျက် တစ် ခုကို မှတ် တမ်းတင် မိသွားခဲ့ အိမ် ခြံ မြေအကျိုး ဆောင် အိမ် ထောင် ဦးစီးတစ် ယောက် ၂၇ နှစ် ကြာ တာဝန် ထမ်း ဆောင် ခဲ့ရလို့အလုပ် ကို ညီး ငွေ့ နေပြီးအညိမ်းစားယူ တော့မယ့်  ရဲအရာ ရှိတစ် ယောက် နေရာ ပေါင်းစုံ မတူညီတဲ့လူ ပေါင်းစုံတို့နဲ့ ဖွဲ့စည်းလိုက် တဲ့အခါမှာ တော့ Cellular ဆိုတဲ့ဇာတ် ကားဖြစ် ပေါ်လာခဲ့ပါတယ်
ကြည့် ဖူးတဲ့သူ တွေပြန် ကြည့် ချင် ကြမှာကျိန်း သေသလို မကြည့် ရ သေးသူ တွေလဲ လက် မလွှတ် သင့် တဲ့ ဇာတ် ကား ကောင်းတစ် ခုပါ´
File Size : 670 MB
Quality : Blu ray 720P
Running Time : 1hr 35 minute
Format : Mp4
Genre : Action, Drama, Sci-fi
Encoder : Joker.phs
Download And watch With Pcloud Link Full HD
(ဇာတ်ကားအညွန်းနဲ့ ဘာသာပြန်သူကတော့ MIn Thet Oo ပဲ ဖြစ်ပါတယ်)
*** Update From www.channelmyanmar.org
Ki & Ka (2016) - မြန်မာစာတန်းထိုး
ရိုက်ကူးကုန်ကျစရိတ် အမေရိ ကန်ဒေါ်လာ ၄ ဒသမ ၅ သန်းရှိခဲ့ ပြီး ရုံဝင်ငွေအမေရိကန်ဒေါ်လာ ၇ ဒသမ ၉ သန်း ရရှိနေသည့် ဟင်ဒီစကားပြော ဒရမ်မာရုပ်ရှင်ဖြစ်သည်။ ကီရာ (ကာရီ နာကပူခန်) သည် အောင်မြင်သော အမျိုးသမီးစီးပွားရေး လုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး သူမကဲ့သို့ပင် အခြားအမျိုးသမီးများအား အိမ် ထောင်သားမွေးအလုပ်မှ ရုန်းထွက် ပြီး မိမိအလုပ်ကို လုပ် ကိုင်ကြရန် တိုက်တွန်းတတ်သူဖြစ်သည်။ သို့မှသာ မိမိခင်ပွန်းဖြစ်သူကို ထောက်ပံ့နိုင်မည်ဟု ယုံကြည်နေသည်။ တစ်နေ့တွင် နာမည်ကျော်ဆောက်လုပ်ရေး ကန်ထရိုက်တာ တစ်ဦး၏ သား ဖြစ်သူ ကာဘီရာဆိုသူနှင့် ဆုံစည်းမိပြီး ထိုအမျိုးသားအပေါ်ကို စိတ် ဝင်စားခဲ့သည်။ ထိုအမျိုးသားသည် သူ၏မိခင်ကဲ့သို့ အိမ်ထောင်ရှင်မ ကောင်းတစ်ဦးဖြစ်လာမည့် မိန်းက လေး တစ်ဦးကိုလိုလားပြီး စီးပွားရေး လုပ်ငန်းရှင်တစ်ဦးအနေဖြင့် အိမ်မှ ထွက်ကာ အလုပ်လုပ်သည်ကို မနှစ် မြို့ပေ။
ခံယူချက်ချင်းမတူညီသည့် သူ တို့နှစ်ဦးချစ်ကြိုက်မိပြီး လက်ထပ်ရန်စီစဉ်ကြသောအခါမှ ပြဿနာ များ စတင်လာတော့သည်။ ကီရာ၏ အလျှော့မပေးတတ်သော စိတ်နှင့် ကာဘီရာ၏ အနိုင်မ ခံသော စိတ် အခြေအနေများကြောင့် လက်ထပ်ပြီးစ ကြင်စဦးဇနီးမောင်နှံမှာ တကျက်ကျက်ဖြစ်ခဲ့ကြသည်။ လင်မယားနှစ်ဦးကွဲခါနီးအချိန်တွင် အမျိုးသားတစ်ဦးအတွက် အိမ်မှုကိစ္စများ ကိုင်တွယ်ပြီး အပြင်ထွက် အလုပ်မလုပ်ခြင်းသည် ရဲရင့်သော ဆုံးဖြတ်ချက်ဖြစ်သော်လည်း ထို ကဲ့သို့သော ယောကျာ်းမျိုးကိုပိုင်ဆိုင် ရသော မိန်းမတစ်ဦးကို ရွေးချယ်ရ ခြင်းသည် ပိုမိုခက် ခဲသော ဆုံးဖြတ်ချက်ဖြစ်သည်ဆိုသော စာတစ်စောင်ကို လက်ခံရရှိခဲ့သည့်အခါ လင်မယား နှစ်ဦး၏ စိတ်အပြောင်းအလဲ ဖြစ်ခဲ့ရသည်။ ယနေ့ခေတ် အိန္ဒိယလူမှု အသိုက်အဝန်းမှ ဇနီးမောင်နှံတို့ ၏ ဘဝကို ထင်ဟပ်ပြသထားသောရုပ် ရှင်ဖြစ်သည်။
ရုပ်ရှင်အညွှန်း - #Democracy Today
The Fundamentals of Caring (2016) - မြန်မာစာတန်းထိုး
IMDB 7.4 အထိရနေတဲ့
ဂျက်စတင်ဘီဘာရဲ့ ရည်းစားဟောင်း ဆလီးနာဂိုမက်စ် ရဲ့ 2016 ဇာတ်လမ်းအသစ်ဖြစ်ပါတယ်။ ဟာသဇာတ်မြူးတွေမှာနာမည်ရတဲ့ Paul Rudd ပါဝင်ပြီး လူငယ်မင်းသားလေး Craig Roberts ကလည်း သရုပ်ဆောင်ကောင်းလှပါတယ်။ 
ဇာတ်လမ်းအကျဉ်းကတော့ ကြွက်သားနဲ့ အကြောသေနေတဲ့ ရောဂါခံစားနေရတဲ့ လူငယ်လေးတဦးကို အနီးကပ်ပြုစုနေရတဲ့သူတဦးအဖြစ် Paul Rudd က ပါဝင်သရုပ်ဆောင်ထားပါတယ်။ အဲ့ဒီလူငယ်လေးကို စိတ်အပန်းဖြေခရီးထွက်ပေးရာကနေ လမ်းမှာ ဂျစ်ကန်ကန်ကောင်မလေးတယောက်ကို တင်ခေါ်လာပြီး ခရီးထွက်လာခဲ့ပါတယ်။   နောက်ထပ်ဘယ်သူတွေကို တင်ခေါ်ပြီး  သူတို့ခရီးကို ဘယ်လိုတွေဆက်သွားမလဲဆိုတာကိုတော့....
အမေရိကန် ဟာသကားဆိုတာ အတင်းကြီး ဂလိထိုးပြီး ရယ်ခိုင်းတာမဟုတ်ပဲ ဆက်စပ်တွေးတောပြီး ဘယ်လို ပြုံးစေ၊ ရယ်မောစေလဲဆိုတာကိုတော့ ကြည့်ပြီး သဘောကျမှာပါ။ 
Download & Watch From Pcloud
One Night Stand (2016) မြန်မာစာတန်းထိုး
အိန္ဒိယ အပြာမင်းသမီးဟောင်း Sunny Leone အဓိကပါဝင်ထားတဲ့ Drama, Romance အမျိုးအစားဇာတ်ကားဖြစ်ပါတယ်။
တစ်ညတာပျော်မွေ့မှုမှာ မှောက်မှားခဲ့ကြတဲ့ အိမ်ထောင်သည်တစ်ဦးရဲ့ ဇာတ်ကြောင်းပါ။
Sunny Leone ပရိတ်သတ်တွေအကြိုက်တွေ့မယ်ထင်ပါတယ်။ခံစားကြည့်ပါဦး။
*** Update From www.channelmyanmar.org
File size…(900MB)
Quality…HD-Rip 720p
Format…mp4
Duration….01:37:16
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung
Download and Watch 720p HD
Download and Watch 360p Small File Size (400MB)
Dark Shadows (2012) မြန်မာစာတန်းထိုး
ဒရက်ဂူလာ ဟာသကားလေးပါ…
မင်းသား Johnny Depp ပါဝင်သရုပ်ဆောင်ထားပါတယ်။
၁၉၆၆ ခုနှစ်က တင်ဆက်ပြသသော opera ကို ဇတ်လမ်းအဖြစ် ပြန်လည်ကာ ဖန်တီးထားခြင်းဖြစ်ပါတယ်။
၁၇၆၀ ခုနှစ်မှာ Collins Family ဟာ လီဗာပူးကနေ အမေရိကန်ကိုပြောင်းရွေ့လာရာက ဇတ်လမ်းစထားတာပါ။
၁၄ နှစ်လောက်ကြာတဲ့အခါ မင်းသား Barnabas ဟာ အိမ်ဖော်အမျိုးသမီးဖြစ်သူ Angelique နဲ့အချစ်ဇတ်လမ်းဖြစ်ပွားခဲ့ပါတယ်။ ငယ်စဉ်တည်းက မင်းသားကိုပြုစားထားတဲ့ စုန်းမဖြစ်ပါတယ်။
အဲ Angelique ဟာ မင်းသားရဲ့ မိဘတွေကိုလဲခတ်ပစ်ပီး မင်းသားကိုလဲ မသေနိုင်တဲ့ သွေးစုပ်ဖုတ်ကောင်ဘ၀ကို ပြောင်းခဲ့ပါတယ်….အခေါင်း တစ်ခုတွင်းမှာထည့်သွင်းကာ စီရင်ခဲ့ပါတယ်။
နောက် ၁၉၆ နှစ်အကြာ ၁၉၇၂ ခုနှစ်မှာတော့.. အလုပ်သမားတစ်ယောက်က မမျှော်လင့်ပဲ Barnabas ရဲ့ အခေါင်းကိုဖွင့်ပီး လွတ်စေခဲ့သောအခါ…….
နောက် Victoria ဆိုတဲ့ကောင်မလေး….
မင်းသားနဲ့ဘယ်လိုပက်သက်မှာလဲ နောက်ဆုံး ကျိန်စာတွေပြယ်တဲ့အခါ …..
ဗစ်တိုးရီးယားကတော့ ပြတင်းပေါက်ကနေ ခုန်ချလိုက်ပီးသားဖြစ်နေခဲ့တယ်… သူ့အသက်ကိုမင်းသားက ဘယ်လိုကယ်မလဲ။
ဇတ်လမ်းနားထောင်ရတာ ..စိတ်ဝင်စားစရာကောင်းသလို ကြောက်စရာထင်ရပေမဲ့ တကယ်လဲကြည့်ရော ရယ်နေရပါတယ် …
ရယ်စရာ သရဲ (သွေးစုပ်ဖုတ်ကောင် ) ဇတ်ကားလေးဆိုတော့ အပျင်းပြေစေမှာပါ။
ကြည့်လိုက်ရအောင်….။
(ရုပ်ရှင်အညွှန်းကို swannyeelover.blogspot မှကူးယူဖော်ပြပါသည်။)
*** Update From www.channelmyanmar.org
File size…(900MB)
Quality…BR-Rip 720p
Format…mp4
Duration….01:53:05
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung
Download and Watch 720p HD
Download and Watch 360p Small File Size (400MB)
Saala Khadoos (2016) မြန်မာစာတန်းထိုး
 Imdb Rating 7.9/10
   " မဖြစ်နိုင်ဘူး........."  အဲ့ဒီ့ စကားက လူတွေအများစုအတွက် ဘ၀ကို ခတ်ထားတဲ့ ဘောင်အနားသတ်တွေပါ.။ အဲ့ဒီအတွေးမျိုး ၀င်သွားခဲ့ပြီဆိုတာနဲ့ ပြင်းပြတဲ့စိတ်ခံစားမှု့နဲ့ ကြိုးစားမှု့မျိုးမရျိနိုင်တော့ပဲ လူတစ်ယောက်ရဲ့ စွမ်းရည်တွေ 80% လောက်လျော့ပါးသွားတတ်ပါတယ်.။ အခုဒီဇာတ်လမ်းမှာတော့ မဖြစ်နိုင်ဘူးဆိုတဲ့ ဘောင်ကို ရိုက်ချိုးကျော်လွန်ပြီး ဘ၀ရည်မှန်းချက်အတိုင်းရောက်အောင် စိတ်ဓာတ်ပြင်းထန်စွာနဲ့ ကြိုးစားခဲ့တဲ့ တံငါတည်အမျိုးသမီးတစ်ယောက် ကိုမြင်တွေ့ရမှာပါ.။
အောင်မြင်တဲ့ လက်ဝှေ့သမားတစ်ယောက်ဘ၀ကို ပိုင်ဆိုင်လိုတဲ့ တံငါသည်အမျိုးသမီးတစ်ယောက်ရဲ့ အိပ်မက်တွေကို ကူညီဖြည့်ဆည်းပေးပြီး ထူးချွန်တဲ့လက်ဝှေ့သမားဘ၀ရောက်အောင် ကူညီပေးတဲ့ လက်ဝှေ့သမားဟောင်းတစ်ယောက်ရဲ့ ဘ၀ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်.။
Imdb Rating .7.9 /10 ရထားတာနဲ့ အညီ ပရိတ်သတ်ကြီးကြည့်ရှု့ဖို့ သင့်တော်တဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ကြောင်း အသိပေးလိုက်ရပါတယ်.။ ;)
Doctors Korea Drama (မြန်မာစာတန်းထိုး)
ဒီကားလေးက နှုတ်ခမ်းနီမလေးတွေရော. Kpop ကြိုက်တဲ့ကွီးတွေရော ကြိုက်မဲ့ကားလေးပါ.
ထွက်တာမကြာသေးပေမယ့် Feedback တွေအရမ်းကောင်းလို့ ဘာသာပြန်တင်ပေးလိုက်ပါတယ်
အက်ရှင်လို့လဲပြောလို့ရသလို ဒရာမာလို့လဲပြောလို့ရပါတယ်
ဘာလို့လဲဆိုတော့ ဇာတ်လိုက်ကောင်မလေးက အရမ်းကြမ်းတယ်ပေါ့ဗျာ. ထပ်ပြောနေရင်
ဇာတ်ကားကိုဖျက်ဆီးသလိုဖြစ်မှာစိုးလို့ ကြည့်သာကြည့်လိုက်ကြပါတော့ဗျာ.
** Gold Channel မှကူး ယူဖော်ပြသည်။။
Silent Hill (2006) မြန်မာစာတန်းထိုး
IMDb rating 6.6 ရထားတဲ့ Horror ကားတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ။ ဒီဇာတ်ကားက ရောင်းအကောင်းဆုံးစာရင်းဝင်ခဲ့တဲ့ ဗီဒီယိုဂိမ်းကို အသက်သွင်းထားတာပါ။ ထူးခြားတာက အခြားသရဲကားတွေလို ပုံပျက်ပန်းပျက် ဗျူးဗြဲ မလုပ်ပါဘူး Character တွေကလဲ ထူးခြားနေပါတယ် Horror ဆိုတာထက် မှော် ပိုဆန်ပါတယ် ရှာရွန်လေးတစ်ယောက် အိပ်ပျော်ရင်းလမ်းထလျှောက်တဲ့ ဝေဒနာခံစားနေရပြီး Silent Hill ဆိုပြီးတစ်ချိန်လုံးအော်နေပါတယ်။ ဒါကိုမခံစားနိုင်တော့တဲ့အဆုံး အမေဖြစ်သူရို့စ် ကသူ့သမီးကို ဝေဒနာသက်သာလိုသက်သာငြား Silent Hill ကိုခေါ်သွားပါတော့တယ်။ Silent Hill ဆိုတာကြီးက မကောင်းမှု့တွေကြောင့်ရော မြေအောက်မီးကြောင့်ရော အပိတ်ခံထားရတဲ့ မြို့ဖြစ်နေပါတယ်။ရှာရွန်တို့ Silent Hill ကိုဘယ်လိုရောက်သွားကြမှာလဲ ရောက်ပြီးရင်ရောဘာတွေဆက်ဖြစ်ကြမှာလဲ ဆိုတာ ကြည့်ရှု့အားပေးကြပါလို့…. (ရှာရွန်ကမွေးစားသမီးဖြစ်ပါတယ် မွေးစားသမီးဖြစ်ပေမဲ့ သူမအပေါ်ထားတဲ့ ရို့စ်ရဲ့ မိခင်မေတ္တာ အတိမ်အနက်ကို ပရိတ်သတ်ကြီး မျက်ဝါးထင်ထင်တွေ့ရမှာပါ – ဤကားစကားချပ်။)
Download And watch With Pcloud Link Full HD
Download And watch Pcloud Link Small File Size
(ဇာတ်ကားအညွန်းနဲ့ ဘာသာပြန်သူကတော့ Aye Min Oo ပဲ ဖြစ်ပါတယ်)
*** Update From www.channelmyanmar.org
The Wild Life (2016) မြန်မာစာတန်းထိုး
လူသူမနီးတဲ့ ထူးခြားဆန်းပြားတဲ့ သုခဘုံ ကျွန်းငယ်လေးတစ်ခုပေါ်မှာ အင်္ဂါလို့ခေါ်တဲ့ဖော်ရွေတဲ့ငှက်လေးတစ်ကောင်ဟာ သူ့သူငယ်ချင်းတိရိစ္ဆာန်လေးတွေနဲ့ နေထိုင်ကြပါတယ်။ ဒါပေမဲ့ အင်္ဂါတစ်ကောင်ကတော့ ကမ္ဘာကြီးကိုရှာဖွေဖော်ထုတ်ဖို့ သူ့အိမ်မက်ကိုမစွန့်လွှတ်နိုင်ခဲ့ပါဘူး။ ပြင်းထန်လှတဲ့မုန်တိုင်းအပြီးမှာ အင်္ဂါနဲ့သူ့သူငယ်ချင်းတွေဟာ ကမ်းခြေမှာထူးဆန်းတဲ့ ရော်ဘင်ဆင်ခရူးဆိုးလို့ သတ္တ၀ါတစ်ကောင်ကိုတွေ့ရှိခဲ့ပါတယ်။ အင်္ဂါကချက်ချင်းပဲ ခရူးဆိုးကိုသူကျွန်းပေါ်ကထွက်ခွာဖို့လမ်းစလို့မြင်ခဲ့ပြီး ခရူးဆိုးကလဲ အင်္ဂါနဲ့သူ့သူငယ်ချင်းတိရိစ္ဆာန်တွေကို ဒီကျွန်းပေါ်မှာအသက်ရှင်ဖို့အဓိကကျတယ်လို့မြင်ခဲ့ပါတယ်။ သို့ပေမဲ့ လူသားဆိုတာကိုမသိတဲ့ တိရိစ္ဆာန်တွေနဲ့နေရတာတော့ လွယ်ကူတာမဟုတ်ခဲ့ပါဘူး။ တဖြည်းဖြည်းနဲ့ သူတို့အားလုံးအတူတကွ ယှဉ်တွဲနေထိုင်လာခဲ့ကြပါတော့တယ်။တစ်နေ့မှာတော့ ကျွန်းကိုသိမ်းပိုက်ချင်တဲ့ ရက်စက်တဲ့ကြောင်နှစ်ကောင်နဲ့တွေ့ပြီး သူတို့ရဲ့ငြိမ်းချမ်းတဲ့ဘ၀လေးက အလှည့်အပြောင်းဖြစ်ခဲ့ပါတယ်။ ကြောင်တွေနဲ့ သူငယ်ချင်းတစ်စုအကြားတိုက်ပွဲတစ်ခုဖြစ်ပွားခဲ့ပြီး ခရူးဆိုးနဲ့ သူ့ရဲ့တိရိစ္ဆာန်တစ်စုတို့ဟာ မိတ်ဆွေစစ်တို့ရဲ့ စွမ်းအားအစစ်အမှန်ကိုရှာဖွေတွေ့ရှိခဲ့ပြီး အားလုံးကိုတွန်းလှန်လိုက်ပါတော့တယ်…။ ဇာတ်လမ်းအညွန်းနဲ.ဘာသာပြန်သူကတော. Myo Myint Maung ဖြစ် ပြီ ကွာလတီ ကောင်း ကောင်းနဲ့ ကြည့် ရ အောင် Encode ပေးတာက တော့ Than Htike ပဲဖြစ်ပါတယ်
Download And watch With Pcloud Link Full HD
Download And watch Pcloud Link Small File Size
*** Update From www.channelmyanmar.org
3D Sex And Zen: Extreme Ecstasy (2011) မြန်မာစာတန်းထိုး
တစ် ယောက် ယောက် အ ပေါ်သူ့ နောက် ကွယ် မှာသင် လက် လွတ် စပယ် ပြောလိုက် တဲ့စကားတစ် ခွန်းကသင့်် အနာဂတ် အတွက် မ ကောင်းမှု တွေ စောင့်  မျှော် နေတယ် ဆိုတာသင် ပြီးပါသလား…ဒါကဒီဇာတ် လမ်းရဲ့အဓိကအ ကြောင်းရင်း အ ခြေအမြစ် တစ် ခု ပေါ့ နော် ”သက် ရောက် မှုတိုင်းကတန် ပြန် မှုရှိသလို ကိုယ် ပြုခဲ့တဲ့အရာ တွေကအတွက် ပဲ့တင် သံတစ် ခုအ နေနဲ့ပြန် လာမှာပဲ လေ…”
ကဲ….ဇာတ် လမ်းရဲ့အ သေးစိ တ် အ ကြောင်း လေး တွေကို ပြောရ အောင် ဗျာ…”ဝီယံဆံ”ဟာ သူ့သူငယ် ချင်း ယူမဲ့သတို့သမီး လောင်းကို လုယူခဲ့မိလို့ သူငယ် ချင်းရဲ့ရန် ငြိုးထားခြင်းကိုခံရပါတယ် “ဝီယံဆံ”တို့တိုင်းပြည် မှာလဲ တဏှာရမ္မက် အလွန် ကြီးတဲ့ မင်းကြီးလည်းရှိပါတယ် … ”ဒီမှာ ဆက် စပ် မှုရှိထား လေးကိုဖြတ် ပြီးပြောမယ် နော် .” သူငယ် ချင်းရဲ့ရန် ငြိုးထားခြင်းကိုခံရတဲ့ ”ဝီယံဆံ”ဟာ မင်းကြီးဆီကိုသူ့သူငယ် ချင်းရဲ့အကြံအစည် နဲ့ ခေါ် ဆောင် ရာကိုလိုက် ပါခဲ့ရပါတယ် …..ဒါဆို..မင်းကြီးနဲ့”ဝီယံဆံ”ကြားမှာလည်းအဖုအထစ် တွေရှိ ကောင်းရှိနိုင် ပါတယ် …ဒါက တော့ကျွန် တော် ခဏက ပြောတဲ့ဇာတ်လမ်းဆက် စပ် မှုကိုဖြတ် ထားတယ် ဆိုတာပါပဲ…
ဇာတ် အိမ် တည် ဆောက် ပုံ ကကောင်း ပေမဲ့ ကျွန် တော် ညွန်းတာသိပ် ပြီးရသမပြည့် ခဲ့ရင် သည်းခံနားလည် ပေးကြပါလို့ပန်ကြားရင်း ”အကြမ်းအတမ်း အခန်း တွေနဲ့ရိုက် ကူးထားတဲ့ကား လေးကို ကြည့် ရှု့ကာခံစားလို့အပန်း တွေ ဖြေ ဖျောက် ကြရ အောင် ဗျာ
File Size : 920 MB
Quality : Blu ray 720P
Running Time : 2hr 09minute
Format : Mp4
Genre : Comedy, Drama,
Encoder : Joker.phs
Download And watch With Pcloud Link Full HD
(ဇာတ်ကားအညွန်းနဲ့ ဘာသာပြန်သူကတော့ John La Yaung ပဲ ဖြစ်ပါတယ်)
*** Update From www.channelmyanmar.org
The Shawshank Redemption (1994) (မြန်မာစာတန်းထိုး)
မိတ်ဆွေတို့ Google မှာ IMDb rating အမြင့်ဆုံးကားများ လို့ ရိုက်ရှာကြည့်ချင်ပါသလား? Rotten tomatoes ရဲ့ အကောင်းဆုံးကားများလို့ ရိုက်ရှာကြည့်ချင်ပါသလား? ရုပ်ရှင်သမိုင်းတလျှောက်အကောင်းဆုံးကားများ…..မသေခင်ကြည့်သင့်သော ကားများ….ဘာညာသာရကာ အစုံရိုက်ပြီး ရှာကြည့်လိုက်ပါ။ ဒီဇာတ်ကားကတော့ ထိပ်ပိုင်းတစ်နေရာမှာ အမြဲပါနေပါလိမ့်မယ်။
ဇာတ်လမ်း အကျဉ်းလေးကတော့ ရိုးရှင်းပါတယ်။ လူသတ်မှုနဲ့ ထောင်ဒဏ် တစ်သက် ၂ ခါ ကျခံရပြီး ရှောရှန့်ခ် ထောင်ထဲကို ရောက်လာတဲ့ ဘဏ်စီးပွားရေးသမား အန်ဒီ ဒူဖရင်း(Tim Robbins) နဲ့ တကျွန်းသမားဟောင်းကြီး ရက်ဒ်(Morgan Freeman) တို့ ရဲ့ ထောင်ထဲက အခက်အခဲတွေနဲ့ မိတ်ဆွေဘ၀၊ အန်ဒီရဲ့ ငရဲလို မျှော်လင့်ချက်မရှိတဲ့ နေရာမှာ ကိုယ့်ကိုကိုယ် ဘယ်လိုတည်ဆောက်ပြီး နေထိုင်သွားလဲ၊ လွတ်မြောက်မှုကို ဘယ်လိုရှာဖွေသွားလဲ ဆိုတဲ့အကြောင်းလေးပါပဲ။
ရုပ်ရှင်လေးက ရိုးရှင်းပေမယ့်….ဒါရိုက်တာတိုင်း အိပ်မက်မိမယ့် အောင်မြင်မှုတွေ ရရှိသွားခဲ့ပါတယ်။ အော်စကာ လျာထားမှု (၇) နေရာ တခြား ဆုပေါင်းများစွာ နဲ့ ဝေဖန်ရေးသမားတွေရဲ့ ချီးကျူးမှုပေါင်းများစွာနဲ့ အောင်မြင်ခဲ့ပါတယ်။ ခင်ဗျားတို့ဆီက မျက်ရည်တွေ ချူနိုင်ပါလိမ့်မယ်။ ခင်ဗျားတို့ ဘ၀တွေကို ဘယ်လိုရှင်သန်ခဲ့မိပြီလဲလို့ ပြန်တွေးမိစေပါလိမ့်မယ်။ ဘ၀ရဲ့ အချိန်ကောင်းတွေကို ဖြုန်းတီးမိသွားပြီလားလို့ သံသယဖြစ်လာပါလိမ့်မယ်။ တခါမှ မတွေးမိသေးတာ ဖြစ်နိုင်မယ့် လက်ရှိဘ၀ရဲ့ လွတ်လပ်မှုတန်ဖိုးကို တွေးမိကောင်း တွေးမိကြပါလိမ့်မယ်။ နောက်ဆုံးမှတော့ ပျော်ရွင်မှုလေး တစ်ခု ခံစားရင်း အဆုံးသတ်သွားပါလိမ့်မယ်လို့…..
File Size : 1 Gb / 500 Mb
Duration : 2 hr 22 min
Quality : 720p HD
Translator : Sherlock
Encoder      :   Joker@phs / Littleneo
 *** Update From www.channelmyanmar.org
TE3N (2016) မြန်မာစာတန်းထိုး
လှည့်ကွက်တွေနဲ့ စိတ်ဝင်စားဖွယ်ဇာတ်ကားမျိုးကိုမှ ရွေးချယ်ကြိုက်သူတွေအတွက်တော့ ဒီဇာတ်ကားလေးဟာ မှတ်ကျောက်တင်ခံရဦးမှာပါ။ IMDB rating ကလည်း 7.3 အထိရရှိထားပြီး မင်းသားကြီး အမီတာဘဂျမ်းပါဝင်ထားတာကြောင့် ဇာတ်ကားအရှိန်အဝါဟာ ပိုကြီးမားလာခဲ့ပါတယ်။
ဇာတ်လမ်းအကျဉ်းအားဖြင့် အဘိုးအို “ဂျွန်” ဟာ ၈ နှစ်ကြာ ကာလအထိ မပေါ်ပေါက်သေးတဲ့ သူ့မြေးလေး ပြန်ပေးဆွဲခံရမှု အပေါ် ဇွဲမလျှော့တဲ့ လူတစ်ယောက်ပါ။ သေဆုံးသွားခဲ့ရသူ မြေးလေးအတွက်လည်း နေ့စဉ်အမျှ ဝမ်းနည်းနေခဲ့ရတဲ့ မြေးချစ်အဖိုး တစ်ယောက်လည်း ဖြစ်ပါတယ်။ရဲစခန်းဌာနတွေမှာ နေ့နေ့ညည စုံစမ်းရင်းနဲ့ အမှုမှန် ပေါ်ပေါက်လာဖို့ “ဂျွန်” တစ်ယောက် မျှော်လင့်နေခဲ့တယ်။ တစ်နေ့မှာတော့ “ဂျွန်” ဟာ မိဘမဲ့ဂေဟာက ကောင်မလေးတစ်ယောက် သူ့မြေးဦးထုပ်လေးဆောင်းထားတာကို တွေ့လိုက်ရတယ်။ သဲလွန်စတစ်ခုမို့ “ဂျွန်” ဟာ စုံစမ်းမှုတွေတသီနဲ့ အမှုမှန်ကို ဖော်ထုတ်နိုင်ဖို့ ကြိုးပမ်းနေခဲ့တယ်။ များမကြာမီမှာတော့ အရာရှိရဲ့ကလေးငယ်တစ်ယောက် ပြန်ပေးဆွဲခံရမှု တစ်ခု ထပ်မံဖြစ်ပွားခဲ့ပြန်တယ်။ ထူးခြားမှုကတော့ ယခု ပြန်ပေးဆွဲခံရမှုဟာ လွန်ခဲ့သော ၈ နှစ် က “ဂျွန်”ရဲ့ မြေးလေး ခြိမ်းခြောက်ခံရတဲ့ အစီအစဉ်တွေနဲ့ ထပ်တူညီနေခဲ့တယ်။ အဲ့ဒီနောက် ရဲတွေ စုံစမ်းထောက်လှမ်းလိုက်တဲ့အခါမှာတော့ ???
ဘာတွေဖြစ်လာကြမှာလဲ။ ၈ နှစ်အကြာက ပြန်ပေးသမား တကျော့ ပြန်လာပြီလား။ ပြန်ပေးသမားဟာ ဘယ်လို လူစားမျိုးလဲ ဆိုတာ ရင်ခုန်စိတ်လှုပ်ရှားရဦးမှာပါ။ ဒီဇာတ်ကားမှာတော့ လှည့်ကွက်ဆန်ဆန်နဲ့ ဇာတ်ကွက်တွေ ဇွဲလုံ့ လတွေနဲ့ အဘိုးတစ်ယောက်ရဲ့ချစ်မေတ္တာတွေကို ပေါ်လွင်လာစေပြီး ဇာတ်လမ်းအဆုံးမှာဖြင့် ဟာခနဲ အံသြကြရမယ့် ဇာတ်အိမ်ခိုင်မာမှုမျိုးက သင့်အား ဆွဲဆောင်သွားပါလိမ့်မယ်။ ဒါ့ကြောင့်ရသမျိုးစုံ ခံစားရအောင် ကြည့်ရှုအားပေးကြပါဦးလို့ တိုက်တွန်းလိုက်ပါရစေ။
File Size : 980 MB
Quality : Blu ray 720P
Running Time : 2hr 16 minute
Format : Mp4
Genre : Drama, Mystery, Thriller
Encoder : Joker.phs
Download And watch With Pcloud Link Full HD
(ဘာသာပြန်သူကတော့ Tariq L Walker ဖြစ်ပြီး အညွန်းရေးသူကတော့ လင်းခယံပဲ ဖြစ်ပါတယ်)
***Update From www.channelmyanmar.org
My Little Bride (2004) မြန်မာစာတန်းထိုး
လွန်ခဲ့တဲ့ ၁၀နှစ်ကျော် ဆယ်ကျော်သက်အရွယ်မှာ ပထမဆုံး ကြည့်ဖူးပြီး အရမ်း နှစ်သက်ခဲ့ရတဲ့  My little Bride(2004) ဆိုတဲ့ ကိုရီးယား အချစ်ဇာတ်မြူးကားလေး ဖြစ်ပါတယ်။ အဓိက သရုပ်ဆာင်တွေအဖြစ် Love story in Harvard, Doctors စတဲ့ ဇာတ်လမ်းတွဲများနဲ့ လူကြိုက်များနေဆဲ ဖြစ်တဲ့ မင်းသား Kim Rae Won နဲ့ အတူ အွန်စောအငယ်လေးလို့ မြန်မာတွေ အသိများတဲ့ မင်းသမီးလေး Moon Geun Young တို့ တွဲဖက် သရုပ်ဆောင် ထားပါတယ်။
အထူးသဖြင့် ဒီဇာတ်ကားမှာ Moon Geun Young ရဲ့  တကယ့် ငယ်စဉ် ချစ်စဖွယ် ဟန်ပန်နဲ့ ပလီပလာ နွဲ့ဆိုး ဆိုးတဲ့ သရုပ်ဆောင်မှုလေးတွေဟာ ကြည့်နေတဲ့ သူတွေကို ပြုံးပျော်ကြည်နူးစေပါတယ်။ ဘယ်လို အချိန်မှာပဲ ကြည့်ကြည့် စိတ်ရွှင်မြူးသွားစေမယ့် အချစ်ဟာသ ဇာတ်လမ်းလေး တခုဖြစ်တာမို့ ကြည့်ဖြစ်အောင် ကြည့်ပါလို့ တိုက်တွန်းချင်ပါတယ်။
IMDb Rating (7.2/10) နဲ့ Rotten Tomotoes (82%) ထိရရှိထားလို့ ကိုရီးယားဇာတ်ကားတွေထဲမှာ Rating မြင့်ဇာတ်ကားပါ။
(ဒီဇာတ်ကားကို Allie Scarlett မှဘာသာပြန် ခံစားတင်ဆက်ထားပါတယ်။)
File size…(800MB) 
Quality…HDTV-Rip 720p
Format…mp4
Duration….01:51:50
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung 
Download and Watch 720p HD
 *** Update From www.channelmyanmar.org
Uncontrollably Fond (2016) Korea Drama Series - မြန်မာစာတန်းထိုး
လက်ရှိ Hot အဖြစ်ဆုံး Doctors စီးရီးကိုကျော်ဖြတ်ပြီး နံပါတ် ၁ နေရာကို ချိတ်မယ်လို့ ရေပန်းစားနေတဲ့ ကိုရီးယားစီးရီးကောင်းလေးတစ်ခုပါ.။ Shin Joon-young (Kim Woo-bin) နှင့် No Eul (Bae Suzy) တို့ဟာ ကလေးဘ၀ထဲက သံယောဇဉ်များဖြင့် နှောင်ဖွဲ့ခဲ့ဖူးသော သူငယ်ချင်းနှစ်ယောက်ဖြစ်ပါတယ်.။ ဆိုးရွားတဲ့ ကံကြမ္မာတစ်ခုက သူတို့နှစ်ယောက်ကို တကွဲဆီဖြစ်အောင် ခွဲထုတ်လိုက်တာကြောင့် ဝေးကွာသွားခဲ့ရသူတွေပါ.။ အသက်တွေကြီးလာတဲ့အခါမှာတော့ Shinn Joon-Youn ဟာ အောင်မြင်တဲ့ TOp Star တစ်ယောက်ဖြစ်လာခဲ့ပြီး No Eul ကတော့ အောင်မြင်တဲ့ Prouducer တစ်ယောက်ဖြစ်လာတဲ့ပါတယ်။ ငယ်ဘ၀ထုံးဖွဲ့ထားတဲ့ သံယောဇဉ်တွေနဲ့ သူတို့ နှစ်ယောက်ပြန်တွေ့ကြတဲ့အခါမှာတော့ အင်မတန်လှပပြီး လွမ်းမောစရာ ပျော်ရွှင်စရာနဲ့ Romatic ဆန်ဆန်အချစ်ဇာတ်လမ်းလေးတစ်ပုဒ် ပြန်လည်အစပျိုးလာပါတော့တယ်.။ DOTS ဇာတ်ကားကဲ့သို့ပင် အပိုင်းများအားလုံးကို အပီးသတ် ရိုက်ကူးပီးမှ ထုတ်လွှင့်ပြသမယ့် ဇာတ်လမ်းတွဲဖြစ်ပါတယ် (ပြောချင် တာက တော့ သေချာပေါက်အောင်မြင် မယ့်ဇာတ်ကားလို့ သတ်မှတ်ထားကြပါတယ်တဲ့) DOTS ဇာတ်လမ်းတွဲပီးနောက်ပိုင်း ပရိတ်သတ်ကို ရသ အပြည့်ပေးစွမ်းနိုင်မယ့် ဒီဇာတ်လမ်းတွဲလေးကို ကြည့်ရှု့ခံစားလိုက်ကြပါဦး.။ July 16 ရက်နေ့ 2016 မှာစတင်ပြသခဲ့တာဖြစ်ပြီး အခုဆို အပိုင်း ၂ အထိရောက်နေပြီဖြစ်ပါတယ်.။
Credit to : Gold Channel
Translated by : Shwesin Yamongnar Oo
Encoded by : Mg Moe Tain
Quality : 702P Bluray
Carol (2015) မြန်မာစာတန်းထိုး
ဒီတစ်ခါတော့ rating အမြင့် ဇာတ်ကာား တစ်ကားနဲ့ မိတ်ဆက်ပေးခြင်ပါတယ် ဇာတ်ကား
လေးကတော့ ၁၉၅၀ ကာလကို အခြေခံရိုက်ကူးထားပြီး
အသက်အလယ်အလတ်မိန်းမတစ်ယောက်နဲ့
Relation ဖြစ်တဲ့ ဓါတ်ပုံဆရာတယောက်အကြောင်းနဲ့
လွမ်းမောဖွယ်ရာ အချစ်ဇာတ်လမ်းလေးကို ရိုက်ပြထားတာဖြစ်ပါတယ်
ကဲ ဇာတ်ကားလေးကို အောက်မှဘဲ ဒေါင်းကြည့်လိုက်တော့နော်
ထပ်မညွှန်းတော့ ဘူး
Download & Watch On Pcloud
*** Update From www.channelmyanmar.org
Keeping Mum (2005) မြန်မာစာတန်းထိုး
IMDb 6.8 ရရှိပြီး Rotten Tomatoes မှာ တော့ 5.9 rating ရရှိခဲ့ပါတယ် သည် ဇာတ် ကားထဲမှာဆိုရင် မစ္စတာဘင်းန် ကို ကျ နော် တို့မြင် တွေ့ နေကျ ပုံစံမျိုးနဲ့မဟုတ် ပဲ မတူကွဲပြားတဲ့ ဇာတ် ကောင် စရိုက် နဲ့ တွေ့မြင် ရမှာပါ ပြီး တော့ သည် ဇာတ် ကားဟာရသမျိုးစုံကိုလည်း ပေးစွမ်းနိုင် မှာပါ
လူသားတစ် ယောက် ရဲ့ စိတ္တဇဆန် တဲ့ အချစ် မေတ္တာ ခင် ပွန်းသည် တစ် ယောက် ရဲ့ ဇနီးအ ပေါ်ထားသင့် တဲ့ ဝတ္တရား ဇနီးတစ် ယောက် ရဲ့ခင် ပွန်းသည် အ ပေါ် ထားရှိသင့် တဲ့ သစ္စာတရား မိဘတစ် ဦးရဲ့ သားသမီးအ ပေါ်ထားတတ် တဲ့ စေတနာ တွေ နောက် လောက ကြီးမှာ နေထိုင် အသက် ရှင် တော့မယ် ဆိုရင် ဘာ တွေလိုအပ် တယ် ဘာ တွေကို တော့လစ် လျှုရှု့သင့် တယ် ဆိုတာ တွေကိုပါ အားလုံးခြုံငုံသုံးသပ် ပြထားခဲ့ပါတယ် ဇာတ် လမ်းက ဒရာမာ ဇာတ် လမ်းဆို တော့ အစပိုင်း အေးတယ် ထင် ရ ပေမယ့်  နောက် ဆုံးပိုင်း ရောက် အောင် ဆွဲ ခေါ်သွားနိုင် မှာပါ
တစ် ခု တော့ကြိုတင် သတိ ပေးလိုက် ပါရ စေ 18+အခန်း အနည်းငယ် ပါဝင် တာ ကြောင့် ………….ဟဲဟဲ your own risk ပါလို့………
File Size : 740 MB
Quality : Blu ray 720P
Running Time : 1hr 39 minute
Format : Mp4
Genre : Comedy, Crime, Thriller
Encoder : Joker.phs
Download And watch With Pcloud Link Full HD
Download And watch Pcloud Link Small File Size
(ဇာတ်ကားအညွန်းနဲ့ ဘာသာပြန်သူကတော့ Min Thet Oo ပဲ ဖြစ်ပါတယ်)
*** Update From www.channelmyanmar.org
The 33D Invader(2011) 21+ - မြန်မာစာတန်းထိုး
ဆန်းဆန်းပြားပြား ထူးခြားတဲ့ 21+ Rating နဲ့ ဇာတ်ကား ကောင်းတစ်ကားတင်ဆက်ပေးချင်ပါတယ်.။ ကမ္ဘာမြေကို ကျူးကျော်လာတဲ့ ဂြိုဟ်သားမလေးတွေနဲ့ ကမ္ဘာမြေက ယောက်ျားသားတွေရဲ့ အချစ်ဇာတ်လမ်းအဆန်းအပြားတစ်ပုဒ်ဖြစ်ပါတယ်.။ ခေတ်ရှေ့ပြေးတဲ့ နည်းပညာတွေနဲ့ အတူ ပူလောင်ပြင်းရှတဲ့ အချစ်ရဲ့ အရသာကို လက်တွေ့ကျကျခံစားသိရှိရမှာ ဖြစ်တဲ့ဇာတ်လမ်းတစ်ပုဒ်ဖြစ်တာကြောင့် ကွီးတို့ ညေးတို့ရဲ့မျက်လုံးအစုံကို ပြူးကျယ်စေပြီး အမြင်အာရုံရဲ့ အရသာဆိုတာကို တင်းပြည့်ကျပ်ပြည့်ခံစားရစေမှာမို့ ၁၈ ယောက်စုပြီးကြည့်နိုင်ရန် ပရိတ်သတ်တွေအတွက် ရှာဖွေတင်ဆက်ပေးလိုက်ရပါတယ်.........။
Jarhead 3: The Siege (2016) မြန်မာစာတန်းထိုး
ဒီဇာတ်ကားအရင်က Jarhead (2005) ရယ်Jarhead 2: Field of Fire (2014) ရယ်ဆိုပြီး
၂ ကားထွက်ထားဖူးပေမယ့် ဇာတ်လမ်းတွေက မတူဘူးလို့ဆိုနိုင်ပါတယ်ဒီ Jarhead 3: The Siege (2016) မှာတော့...အရှေ့အလယ်ပိုင်းဒေသ က U.S သံရုံးမှာ တပ်ကြပ် Evan Albright
တာဝန်ကျချိန်ကနေစတင်ပြီးEvanAlbrightဟာတတ်ကြွတဲ့စစ်သားကောင်းတယောက်ဖြစ်သလိုသံသယ
လွန်ကဲနေသူတယောက်အဖြစ်အရာရှိအပါအ၀င်ရဲဘော်တွေကပါသတ်မှတ်ထားကြပါတယ်..။
တနေ့သူတာဝန်ကျရာ နေရာကနေသံရုံးကိုလူတချို့စောင့်ကြည့်နေတယ်လို့သူထင်တဲ့အကြောင်း 
သူ့ရဲဘော်တွေကို ပြောပြပေမယ့်ဘယ်သူကမှ အယုံအကြည်မရှိကြပါဘူး..။ဒါကြောင့်သူတယောက်တည်း
အဲဒီလူအကြောင်းစုံစမ်းကြည့်တဲ့အခါဒီလူဟာအကြမ်းဖက်အုပ်စုအဖွဲ့ဝင်တယောက်ဖြစ်တဲ့ 
Khaled အဖြစ်သူသိရတာမို့ ဒီလူနဲ့ပတ်သတ်တဲ့ မှတ်တမ်းတွေ ရှာဖွေပြီးသံအမတ်ကို သတင်းပို့တဲ့အခါ သူ့အရာရှိအပါအ၀င်အားလုံးက သူ့အပေါ်အတော်စိတ်ပျက်သွားကြပါတယ်..။အကြောင်းကတော့ Khaled ဟာလေယာဉ်ပျက်ကျမှုတခုထဲမှာပါဝင်ပြီးသေဆုံးသွားခဲ့ပြီးလို့ အားလုံးက ယုံကြည်ထားကြလို့ပါပဲ..။
ဒီအချိန်မှာ Khaled အကိုဖြစ်တဲ့ Jamal ဟာအကြမ်းဖက်အဖွဲ့နေထွက်ပြီးအမေရိကန်သံရုံးကို လာရောက်ခိုလှုံတဲ့နေမှာပဲအကြမ်းဖက်အဖွဲ့ဝင်တွေဟာအမေရိကန်သံရုံးကိုအလုံးအရင်းနဲ့စီးနင်း
တိုက်ခိုက်လာပါတော့တယ်...။အလစ်အငိုက်ဖြစ်သလိုအင်အားမမျှတဲ့အတွက်သံအမတ်နဲ့ဝန်ထမ်းတချို့ရယ်
အရေးကြီးစာရွက်စာတန်းတွေကိုအကြမ်းဖက်သမားတွေလက်ထဲမကျရောက်ရအောင်သံရုံးစစ်ဘက်
အရာရှိအပါအ၀င်စစ်သားတော်တော်များများအသေခံကာကွယ်ပေးခဲ့ကြရတယ်။အားလုံးသံရုံးအပြင်
ဘက်ထွက်နိုင်ခဲ့ကြပေမယ့်..နောက်ဆုံးအင်အားမမျှလှတဲ့ အကြမ်းဖက်သမားတွေနဲ့Evan Albright နဲ့ စစ်သား သုံး၊လေး ယောက်ရယ်သံအမတ်နဲ့ ၀န်ထမ်းတွေ ဘာတွေဆက်ဖြစ်မလဲဆိုတာ့
ကိုယ်တိုင် ကြည့်ရှုဖို့တိုက်တွန်းရင်း စစ်ကားကြိုက်သူတွေလက်မလွှတ်သင့်တဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ့်
Badlapur (2015) - မြန်မာစာတန်းထိုး
IMDB 7.5 အထိရရှိနေဆဲ ဘောလီးဝုဒ် action ဇာတ်ကား တစ်ကားတင်ပေးလိုက်ပါတယ့်
ဒီဇာတ်လမ်းရဲ့ ပထမဆုံးအခန်းကို ရိုက်ပြတာ သဘာဝကျလွန်းပါတယ်။ ဈေးဝယ်သံတွေ ဓါပြတွေပြန်ပေးဆွဲတာတွေ၊ ဆိုင်ကယ်က ကားကိုဝင်တိုက်တာတွေရိုက်သွားတာဟာ သဘာဝကျပါတယ်။ အစမှာကတည်းက စွဲဆောင်နိုင်တဲ့ဇာတ်လမ်းမျိုးပါ။
ရာဟူဆိုတဲ့ အောက်မြင်နေတဲ့လူငယ်တဦးရဲ့ မိန်းမနဲ့ ကလေးဟာ သူတို့နဲ့မဆိုင်တဲ့ ဘဏ်ဓါးပြမှုမှာ ပြန်ပေးဆွဲခံရပြီး အသတ်ခံရပါတယ်။ အိမ်ထောင်ကို တန်ဖိုးထားတဲ့ ရာဟူးဟာ လုံးဝပေါက်ကွဲသွားပြီး ဒီအမှုကို သူနည်းသူ့ဟန်နဲ့ လိုက်ပြီး လက်စားချေဖို့ ကြိုးစားတဲ့အခါ....
Cabin Fever(2016) မြန်မာစာတန်းထိုး
ဒီတစ်ခါတော့ စွန်းကြမ်းတဲ့ Horror/Thrill တကားနက် မိတ်ဆက်ပေးမယ်
ကြမ်းလား မကြမ်းလားကတော့ ပိုစတာကြည့်သိမှာပါ 😛
ဇာတ်လမ်း အကျဉ်းလေးကတော့ ကယ်ဘင် ဆိုတဲ့ နေရာကို သူငယ်ချင်း ၅ယောက်
သွားလည်ရာမှ မပြန်လမ်းကို မြန်းသွားပုံကို ရိုက်ကူးပြထားပြီး
Horro တို့ရဲ့ ထုံးစံ အတိုင်း Rating တော့ အတော်နည်းတာကိုတွေ့ရတယ်ဗျ
ပုရိသအကြိုက်ကား မျိုးမို့ ကြောက်တာရယ် ဟွာရယ် ဆိုတဲ့ ရသ ၂မျိုးကို
တပြိုင်နက် ခံစားရမှမို့ သိပ်လန်းမယ်ဆိုတာ တော့ ပြောစရာမလိုတော့ဘူးထင်ပါတယ်
သူတို့က ၅ယောက်စုသွားတယ်
ကွီးတို့က ၁၈ယောက် စုကြည့်ကြပေါ့ 😛
Download & Watch On Pcloud
*** Update From www.channelmyanmar.org
Dirty Lies (2016) မြန်မာစာတန်းထိုး
ကဲ ဒီတစ်ခါတော့ ခပ်လန်းလန်း အက်ရှင်ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်တယ်
ဇာတ်ကားက သစ္စာတရား က ဘာလဲဆိုတာကို ပြထားတယ်
ဇာတ်ကား အကျဉ်းက သိန်းထောင်ချီတန်တဲ့ လည်ဆွဲ အတွက်
အခန်းဖော် သူယ်ချင်း က သစ္စာဖောက်သွားတာကို ရိုက်ပြထားတာ ဖြစ်တယ်
ကဲ ဒေါင်းပြီးသာကြည့်စေချင်တယ်
Download & Watch On Pcloud
*** Update From www.channelmyanmar.org
A Chinese Fairy Tale (2011) မြန်မာစာတန်းထိုး
(ယင်ချက်ဟာ) အနက်ရောင်တောင်ပေါ်က မှော်ဆရာလေးယောက်နှင့် သစ်ပင်မိစ္ဆာတို့ရဲ့တိုက်ပွဲမှာ မိစ္ဆာမကိုအပြီးသတ်ချေမှုန်းနိုင်ဖို့လိုအပ်နေတာက ယင်ချက်ဟာရဲ့ မှော်လက်နက်ပါ… ယင်ချက်ဟာတစ်ယောက် တိုက်ပွဲကိုရောက်လာခဲ့ပေမယ့် မှော်လက်နက်တော့ပါမလာခဲ့ပါဘူး ယင်ချက်ဟာရဲ့ဆရာကတော့ သူ့လက်ကိုအဖြတ်ခံပြီး မှော်လက်နက်အဖြစ်အသုံးပြုကာ သစ်ပင်မိစ္ဆာကိုချုပ်နှောင်လိုက်ရရုံမှတပါး တတ်နိုင်စွမ်းမသာခဲ့တော့ပါဘူး..
. – (လီစူစင်း) အလှပဆုံးနဲ့ သစ်ပင်မိစ္ဆာမရဲ့အချစ်တော်တစ်ယောက် မကောင်းဆိုးဝါးဖမ်းဆီးသူတစ်ယောက်နဲ့ ချစ်ကြိုက်မိဖို့အကြောင်းဖန်လာပါတယ်… သူမနှစ်သက်တဲ့သကြားလုံးကိုကြွေးတဲ့သူကိုပဲ သူမချစ်နိုင်မယ်လို့ဆိုခဲ့သလိုပဲ ချစ်မိနေသူကမကောင်းဆိုဝါးဖမ်းဆီးတဲ့သူဖြစ်နေတဲ့အခါမှာတော့… သူမရဲ့တာဝန်အတိုင်းသခင်ကိုမလွန်ဆန်နိုင်တဲ့အခါ လူတွေရဲ့စွမ်းအားကိုစုပ်ယူနေချိန် ချစ်သူကတွေ့ရှိသွားတဲ့အခါမှာတော့…
– ထိုအဖြစ်အပျက်များဖြစ်ပွားပြီး နှစ်ပေါင်းများစွာကြာပြီးတဲ့နောက်… အနက်ရောင်တောင်ရဲ့တောင်ခြေမှာ ရွာလေးတစ်ရွာရှိပါတယ်… အိုးလုပ်ငန်းလုပ်ကိုင်တဲ့ရွာလေးမှာ ရေရှားပါးလာပြီးတဲ့နောက် အရာရှိတွေဆီကိုစာပို့ပြီး အကူအညီတောင်းကြပါတော့တယ်… – (လင်ချွိုင်စံ) အရာရှိလင်ချွိုင်စံတစ်ယောက် တောင်နက်ရွာရဲ့ရေအခက်အခဲကိုဖြေရှင်းပေးဖို့ တောင်နက်ရွာကိုရောက်လာခဲ့ပါတယ်… ရေအရင်းအမြစ်ကိုရှာတွေ့နိုင်ဖို့အတွက် လမ်းပြရွာသားတစ်ယောက်ရယ် ရွာကထည့်ပေးလိုက်တဲ့ သတ္တိရှိတဲ့အကျဉ်းသားတချို့ရယ်နဲ့အတူ အနက်ရောင်တောင်ပေါ်ကိုတက်လာခဲ့ပြီးနောက် လေပြင်းတိုက်ခတ်မှုကြောင့် ဘုရားကျောင်းတစ်ခုထဲကိုဝင်ရောက် ခိုနားကြရာကနေ…
– ဇာတ်လမ်းကခုမှစမှာပါ…. – အရင်ဇာတ်လမ်းတွေမှာတော့ လင်ချွိုင်စံကို အခွန်စုစည်းတဲ့သူနဲ့ ကိုယ်ရင်ငယ် အဖြစ်မြင်ဖူးကြပါတယ်.
.. ဒီတစ်ခါတော့ တောင်နက်ရွာကို ရေရှာပေးတဲ့အရာရှိအဖြစ်မြင်ရမှာပါ… ယင်ချက်ဟာကတော့ ပုံမှန်အတိုင်း မကောင်းဆိုးဝါးဖမ်းဆီးတဲ့သူဆိုပေမယ့် မင်းသမီးရဲ့ချစ်သူအဖြစ်ပါပြောင်းလဲထားပါတယ်… မင်းသမီး Liu Yifei လေးကြည့်ရတာတော့တန်ပါတယ်… 2011 ခုနှစ်ရဲ့ပြန်လည်ဆန်းသစ်ရိုက်ကူးထားတဲ့ကားပေမယ့် အရင်ကားတွေလောက်တော့ အောင်မြင်မှုမရပါဘူး… ထုံစံအတိုင်း Fantasy, Horror ဆိုပေမယ့် Drama ဘက်ကိုပိုချိုးထားပါတယ်… IMDb Rating 5.7 ရထားပါတယ်… ကြည့်ပျော်ရှု့ပျော်နဲ့ အရင်ကတရုတ်သရဲကားမျိုးတွေလို martial art ဆန်ဆန်နဲ့ chinese ghost story တွေရဲ့ပုံစံအတိုင်းကြည့်ကောင်းတဲ့ကားတစ်ကားဆိုတာတော့သေချာပါတယ်…
Download And Watch With Pcloud Link Full HD
(ဇာတ်ကားအညွန်းနဲ့ ဘာသာပြန်သူကတော့ Jean Nyi Ngal ပဲ ဖြစ်ပါတယ်)
*** Update From www.channelmyanmar.org
Sniper Ghost Shooter (2016) မြန်မာစာတန်းထိုး
ကဲဒီတစ်ခါတော့ Sniper ကားတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ
မစ်ရှင်တစ်ခုအတွက် အကြမ်းဖက်သမားများလက်မှ
အရေးကြီးသော ဂတ်စ်ပိုက်လိုင်းကို ကာကွယ်ဖို့အတွက်
လုပ်ဆောင်ရာမှာ စနိုက်ပါသမား၂ယောက်က ဘယ်လို
အခက်အခဲတွေကြုံတွေ့ရမလဲဆိုတာကို
ဆက်လက်ရှူစားကြရအောင်လား
Download & Watch On Pcloud
*** Update From www.channelmyanmar.org
Insurgent (2015) မြန်မာစာတန်းထိုး
နာမည်ကြီး Divergent Series ထဲက ဒုတိယမြောက်ကား ဖြစ်ပါတယ်။ နောက်ဆုံးကျန်ရှိသော လူသားများအနေနှင့် ပြီးပြည့်စုံတဲ့ စနစ်ဟုယူဆရတဲ့ စိတ်အနေအထားအလိုက် အဖွဲ့တာဝန် ၅ စုခွဲကာနေထိုင်နေပေမယ့် ထိုစနစ်မှာရှိနေတဲ့ ဟာကွက်တွေနဲ့ နောက်ကွယ်မှ မမျှတမှုတွေကို Tris Prior(Shailene) တွေ့ရှိခဲ့ပြီဖြစ်ပါတယ်။ ဒါကြောင့်လည်း မသိသေးသောမေးခွန်းများစွာနှင့် ပဟေဋ္ဌိဆန်နေတဲ့ သူတို့၏နေထိုင်မျှကို လေ့လာနိုင်ရန် စနစ်ထဲကလူများ ထွက်ခွာရလေ့မရှိတဲ့ ကြီးမားတဲ့ နံရံကြီးကို ကျော်လွန်ပြီး မြို့ ပြင်ကိုထွက်ခွာခဲ့ပါပြီ။ အဲ့ဒီနောက်မှာ စနစ်ကြီးကို ဆန့်ကျင်သူသောများနှင့် ထပ်မံဆုံဆည်းခဲ့ပြီး နှစ်ဘက်ကြားစစ်ပွဲမှာ ကြီးထွားလာနေပြီဖြစ်ပါတယ်။ ဒါ့အပြင် မြို့ မှ အုပ်ချုပ်ရေးခေါင်းဆောင် Jeanine မှ စက်သေတ္တာတစ်ခုကိုဖွင့်ရန် Divergent များနှင့် စမ်းသပ်မှု ပြုလုပ်ပြီး ထိုစက်ကိုဖွင့်ရန်မှာ Divergent တစ်ယောက်ဖြစ်တဲ့ Tris က သော့ချက်တစ်ခု ဖြစ်နေပါတယ်။ ဒါကြောင့် Tris အားဖမ်းမိရန် Divergent များကို အပြင်းအထန် တိုက်ခိုက်လာပါတယ်။ မှောင်ချထားတဲ့ လောကကြီးကနေ ပဟေဋ္ဌိ မေးခွန်းများစွာရဲ့ အဖြေကို Tris ရှာဖွေရင်း ဘာတွေကိုရင်ဆိုင်ကျော်ဖြတ်ရင်း ဘာတွေပေးဆပ်ရမယ်ဆိုတာကိုတော့ စိတ်ဝင်စားဖွယ် ခံစားကြည့်ရှုကြရအောင်လား…
*** Update From www.channelmyanmar.com
Download And Watch With Pcloud
(ဇာတ်ကားအညွန်းကို All Myanmar Youthsဆိုက်မှ ကူးယူဖော်ပြသည်။မကြည့်ရသေးတဲ့လူတွေပါ တွေ့သွားအောင် Share လုပ်ပြီး ကူညီပေးသွားကြပါ)
Matrix 1,2,3 (မြန်မာစာတန်းထိုး)
ဒါရိုက်တာတွေဖြစ်တဲ့ Wachowski တို့ဟာ Matrix ရုပ်ရှင်ရဲ့ Idea နဲ့အတူ Warner Bros. ကို ချဉ်းကပ်ခဲ့စဉ်က ရုပ်ရှင်အတွက် Budget $80 million ကိုတောင်းခဲ့ပါတယ်။ သို့ပေမဲ့ Warner က $10 million ပဲပေးခဲ့ပါတယ်။ ဒါနဲ့ပဲ Wachowski တို့ဟာ ပေးတဲ့ $10 million ကိုယူပြီး အဲငွေတွေနဲ့ပဲ The Matrix ရဲ့ ပထမဆုံး ဇာတ်ဝင်ခန်းဖြစ်တဲ့ Carrie-Anne Moss ရဲ့ ဆယ်မိနစ်ကြာ Action ခန်းကိုရိုက်ကူးခဲ့ပြီး Warner ကိုသွားပြပါတယ်။ အဲတော့မှ Warner က တာဝန်ရှိသူတွေက သဘောကျသွားပြီး တောင်းထားတဲ့ Budget ကိုထုတ်ပေးခဲ့ပါတယ်။ အဲဒီ ပထမဆုံး ဇာတ်ဝင်ခန်းဟာလည်း ရိုက်ကူးဖို့ (၆) လလောက် လေ့ကျင့်ခဲ့ရပြီး ၄ ရက်ကြာ ရိုက်ခဲ့ပေမဲ့ ရုပ်ရှင်ထဲမှာတော့ ဆယ်မိနစ်သာကြာပါတယ်။
သိုင်းပညာရှင် Woo-Ping Yuen ဟာ The Matrix မှာ ပါဝင်ဖို့ ငြင်းဆိုခဲ့ပြီး သူ့ကို Wachowskis တို့က ထပ်မခေါ်အောင်ဆိုပြီး ငွေပိုတောင်းပါတယ်။ ဒါကိုလည်း သူ့ကိုရုပ်ရှင်မှာပါဖို့ ခေါ်နေတုန်းပါ။ ဒါကြောင့် Yuen ဟာ ဘယ်လိုမှမဖြစ်နိုင်တဲ့ တောင်းဆိုမှုလို့ ထင်ရတဲ့ “ဇာတ်လမ်းပါ သရုပ်ဆောင်တွေကို ၄ လကြာ သိုင်းသင်ပေးပြီး တိုက်ပုံခိုက်ပုံတွေအကုန်လုံးကို ထိန်းချုပ်ခွင့်ပေးမှ လုပ်ပေးမယ်” လို့ပြောခဲ့ပါတယ်။ Wachowskis တို့က လက်ခံခဲ့ပါတယ်။
The Matrix ဇာတ်ဝင်ခန်းတွေထဲက Matrix ထဲမှာဖြစ်ပျက်နေသမျှအားလုံးကို အစိမ်းရောင်ဖျော့ဖျော့ထည့်ထားပါတယ်။ ဆိုတော့ ကြည့်နေရသူဟာ ကွန်ပျူတာ ဖန်သားပြင်ကတစ်ဆင့် ကြည့်နေရသလိုဖြစ်အောင်ပါ။ အပြင်လောကမှာဖြစ်နေတဲ့ဟာတွေဆိုရင် အပြာရောင်ဖျော့ဖျော့ သုံးတယ်ဆိုရုံ သုံးထားပါတယ်။ Morpheus နဲ့ Neo တို့နှစ်ယောက် တိုက်တဲ့အခန်းကတော့ Matrix မှာရော အပြင်လောကမှာရော မဟုတ်တဲ့အတွက် အဝါရောင်ဖျော့ဖျော့သုံးထားပါတယ်။
အဝတ်အစား ဒီဇိုင်နာ Kym Barrett အဆိုအရ ဇာတ်ကောင် Trinity ရဲ့ ဝတ်စုံဟာ ဈေးကြီးဝတ်စုံမဟုတ်ပါဘူး။ Budget အတွက် ဈေးပေါတဲ့ PVC သားနဲ့လုပ်ထားတာပါ။ အဲလိုပဲ Neo ရဲ့ coat ကလည်း တစ်ကိုက်ကို ၃ ဒေါ်လာပဲပေးရတဲ့ အစနဲ့လုပ်ထားတာပါ။
ဇာတ်လမ်းရဲ့ ပထမဆုံး ၄၅ မိနစ်အတွင်း Neo ဟာ Dialogue အကြောင်း ၈၀ ခန့်ပြောပါတယ်။ အဲထဲက တစ်ဝက်ကျော် ဖြစ်တဲ့ ၄၄ ကြောင်းက မေးခွန်းတွေမို့လို့ စကားတစ်ခွန်းကို မေးခွန်းတစ်ပုဒ်နှုန်းဖြစ်နေပါတယ်။
ရုပ်ရှင်စစချင်းက Phone trace program မှာပါတဲ့ နေ့စွဲက 19.2.98 ဖြစ်ပြီး ဇာတ်သိမ်းမှာပါတဲ့ နေ့စွဲက 18.9.88 မို့လို့ ရုပ်ရှင်ထဲက အဖြစ်အပျက်တစ်ခုလုံးဟာ (၉) လ ကြတဲ့သဘောပါ။
ဇာတ်လမ်းထဲက MetaCortex ရုံးခန်းပြင်ပမှာ ဖုန်းပြောတဲ့ ဇာတ်ဝင်ခန်းအတွက် မင်းသား Keanu Reeves ဟာ စတန့်မသုံးဘဲနဲ့ ၃၄ ထပ်မှာရှိတဲ့ ပြူတင်းပေါက်မှာ တက်ရိုက်ခဲ့တာပါ။
Neo နေရာမှာသရုပ်ဆောင်ဖို့ Will Smith ကို ကမ်းလှမ်းခဲ့ပါသေးတယ်။ သို့ပေမဲ့ Will Smith ဟာ Wild Wild West မှာသရုပ်ဆောင်ဖို့ရှိလို့ ငြင်းဆိုခဲ့ပါတယ်။ နောက်ပိုင်းမှာလည်း Will Smith က “ကျွန်တော်က အဲဒီတုန်းက မရင့်ကျက်သေးတဲ့ သရုပ်ဆောင်တစ်ယောက်ပါ။ ကျွန်တော်သာ ရိုက်ဖြစ်ခဲ့ရင် တလွဲတွေဖြစ်ကုန်မှာ။ အဲအတွက် ကျွန်တော် မပါခဲ့ရတာ နောင်တမရပါဘူး။ Keanu က အင်မတန်ကောင်းတဲ့ Neo ပါ” လို့ပြောခဲ့ပါတယ်။ Nicolas Cage ကိုကမ်းလှမ်းခဲ့သေးပေမဲ့ မိသားစုကိစ္စတွေကြောင့် ငြင်းဆိုခဲ့ပါတယ်။ Tom Cruise ကိုလည်း ခေါ်ဖို့လုပ်ခဲ့ပါသေးတယ်။
ရဟတ်ယာဉ်နဲ့ ဇာတ်ဝင်ခန်းကြောင့် ရုပ်ရှင်ရိုက်ကူးရေးတစ်ခုလုံး ဖျက်သိမ်းရမလိုတောင်ဖြစ်ခဲ့ပါသေးတယ်။ ဘာလို့ဆို ရိုက်ကူးရေးက ရဟတ်ယာဉ်က Sydney က လေကြောင်းကန့်သတ် နယ်မြေအတွင်းမှာ ပျံခဲ့လို့ပါ။ ဒီလိုနဲ့ပဲ The Matrix ရုပ်ရှင်ဆက်ရိုက်နိုင်ဖို့ Australia ရဲ့ New South Wales ပြည်နယ် က စည်းမျဉ်းဥပဒေအချို့ကို ပြင်ဆင်ခဲ့ရပါတယ်။
The Matrix ရုပ်ရှင်ထဲရဲ့ နာမည်ကျော် အမှတ်တံဆိပ်လို့ပြောလို့ရတဲ့ နေကာမျက်မှန်တွေရဲ့ အမှတ်တံဆိပ်ဟာ လက်လုပ်မျက်မှန်တွေရောင်းချတဲ့ Blinde ဖြစ်ပါတယ်။ အဲဒီနေကာမျက်မှန်ကုမ္ပဏီရဲ့ ပူးတွဲတည်ထောင်သူ Richard Walker ဟာ ဒီရုပ်ရှင်မှာပါနိုင်ဖို့အတွက် တင်ဒါတင်တာမှာ တခြားကုမ္ပဏီကြီးတွေဖြစ်တဲ့ Ray-Ban နဲ့ Arnette တို့ကို ယှဉ်မရဖြစ်နေခဲ့ပါတယ်။ အဲဒါနဲ့ပဲ Walker ဟာ မျက်မှန် နှစ်လက်လောက်ကို Matrix ဇာတ်ကောင်တွေရဲ့ တမူထူးခြားနဲ့ နာမည်နဲ့လိုက်အောင် ကိုယ်တိုင်ဖန်တီးပြခဲ့ပါတယ်။ တင်ဒါအောင်သွားတယ်။ ဒါနဲ့ပဲ Walker ဟာ Matrix ရိုက်ကူးနေသမျှကာလပတ်လုံး Sydney မှာသွားရောက်နေထိုင်ပြီး ဇာတ်ကောင်တွေအတွက် မျက်မှန်တွေကို သီးသန့်ပြုလုပ်ပေးနေခဲ့ပါတယ်။
The Matrix ရုပ်ရှင်ကို 2012 မှာတော့ U.S ကွန်ဂရက်စာကြည့်တိုက်က National Film Registry မှာသိမ်းဆည်းထားဖို့ ရွေးချယ်ခဲ့ပါတယ်။
ရုပ်ရှင်တစ်ကားလုံးထဲက တိရစ္ဆာန်တွေအားလုံးဟာ CGI တွေလို့ဆိုပါတယ်။
Morpheus ရဲ့ယာဉ်ပျံဖြစ်တဲ့ Nebuchadnezzar ဆိုတဲ့နာမည်ဟာ Daniel သမ္မာကျမ်းစာထဲက Babylon ဘုရင် Nebuchadrezzar II ကိုစွဲမှည့်ထားတာပါ။ ဘုရင်ကြီး Nebuchadrezzar the Great ဟာ ကျမ်းစာခေတ်ထဲမှာတော့ Israel ကိုသိမ်းပိုက်နိုင်ခဲ့မှုကြောင့် နာမည်ကျော်ကြားပြီး သူ့မိန်းမအတွက် ရှေးခေတ် World Wonder တစ်ခုဖြစ်တဲ့ Hanging Gardens of Babylon ကိုလည်း တည်ဆောက်ပေးခဲ့သူဖြစ်ပါတယ်။
ရုပ်ရှင်အတွက် လက်နက်ထောက်ပံ့ပေးထားတဲ့ John Bowring အဆိုအရ Keanu Reeves လက်နက်တိုက်ထဲရောက်သွားတဲ့ ဇာတ်ဝင်ခန်းထဲက သေနတ်တွေဟာ ပလတ်စတစ်နဲ့လုပ်ထားတဲ့သေနတ်တွေပါ။ MP5K တွေဟာ 150-200 gram ကြားပဲလေးပါတယ်။ ဆိုတော့ Keanu တစ်ယောက် ပေါ့ပေါ့ပါးပါးနဲ့ သယ်ယူလှုပ်ရှားနိုင်မှာပါ။ ကြမ်းပေါ်ကိုလွှတ်ချရမဲ့အခန်းတွေအတွက်တော့ လေးလံအောင်လုပ်ထားတဲ့ သေနတ်တွေလည်းရှိပါတယ်။
Morpheus နေရာမှာသရုပ်ဆောင်ဖို့ အတွက် Gary Oldman နဲ့ Samuel L. Jackson တို့ကို စဉ်းစားခဲ့ပါသေးတယ်။
Lana နဲ့ Andy တို့ဟာ Neo နေရာမှာ Johnny Depp ကိုသုံးဖို့ စဉ်းစားထားတာလို့ဆိုပါတယ်။ ဒါပေမဲ့ Warner က Brad Pitt သို့မဟုတ် Val Kilmer ကိုလိုချင်တယ်။ နှစ်ယောက်လုံးက No ဆိုတော့မှ Johnny Depp စဉ်းစားပေးပါတယ်။ ဒါနဲ့ Johnny Depp နဲ့ Warner က လိုချင်တဲ့ Keanu Reeves တို့နှစ်ယောက်ကို ရွေးကြတဲ့အခါမှာတော့ Keanu က ရုပ်ရှင်ရဲ့ concept ကို လုံးဝအံကိုက် သရုပ်ဆောင်နိုင်လို့ အရွေးခံခဲ့ရပါတယ်။
ရုပ်ရှင်ထဲမှာသုံးကြတဲ့ cell phone တွေဟာ Nokia Stilleto’s သို့မဟုတ် 8110 တို့ဖြစ်ပါတယ်။ အဲဖုန်းတွေဟာ Europe နဲ့ Australia တို့မှာ ပဲရောင်းချပြီး အကန့်အသတ်နဲ့ထုတ်လုပ်ခဲ့ပါတယ်။
ရုပ်ရှင်ရဲ့ 20% လောက်က Visual Effect တွေဖြစ်ပါတယ်။
ရုပ်ရှင်သုံးကားလုံးမှာ Agent Smith တို့အဖွဲ့ ကိုင်တွယ်အသုံးပြုခဲ့တဲ့ သေနတ်ကတော့ Israel နိုင်ငံထုတ် Desert Eagle .50 ဖြစ်ပါတယ်။ (Counter Strike Gamer တွေအကြိုက်ပေါ့)
ရုပ်ရှင်ရိုက်ကူးရေးမှာ နောက်ဆုံးရိုက်တဲ့အခန်းကတော့ Neo တစ်ယောက် ပလပ်စကျွတ်ပြီး pod ထဲက နိုးထလာတဲ့အခန်းပါ။ အဲအခန်းရိုက်ဖို့အတွက်လည်း Keanu Reeves ဟာ ၁၅ ပေါင် ဝတ်ချခဲ့ရပြီး တစ်ကိုယ်လုံးက အမွှေးအမျှင်တွေ ရိတ်ခဲ့ရပါတယ်။
Sandra Bullock ဟာ Trinity နေရာကသရုပ်ဆောင်ဖို့ ကမ်းလှမ်းခံရပေမဲ့ အဲအချိန်တုန်းက Neo အဖြစ်ရွေးမယ်ပြောထားတဲ့ မင်းသားနဲ့ တွဲပြီး သရုပ်မဆောင်တာ အဆင်မပြေလောက်ဘူးဆိုပြီး ငြင်းဆိုခဲ့ပါတယ်။ အဲနောက်မှ Keanu Reeves ကို Neo အဖြစ်ရွေးဖြစ်ခဲ့လေတော့ Bullock တစ်ယောက် နောင်တရခဲ့တယ်လို့ဆိုပါတယ်။
မြေအောက် ရထားဘူတာမှာ ချကြတဲ့အခန်းရိုက်တာမှာ အစကတော့ တကယ့် ဘူတာမှာသွားရိုက်မလို့ပါ။ သို့ပေမဲ့ ရိုက်ရမဲ့ ဇာတ်ကွက်တွေ၊ သိုင်းကွက်တွေ၊ သရုပ်ဆောင်တွေကို ကြိုးတွေဆင်ရမှာတွေကများလို့ set မှာပဲရိုက်ဖြစ်ခဲ့ပါတယ်။ Set ဟာလည်း ရထားသိုလှောင်ရုံဟောင်းကြီးမှာ သွားဆောက်ထားတာဖြစ်ပြီး အဲမှာ တကယ့်ရထားသံလမ်းတွေရှိပါသေးတယ်။
Trilogy တစ်ခုလုံးမှာ Neo သေနတ်ကိုင်တဲ့ တစ်ကားတည်းသော ရုပ်ရှင်ဖြစ်ပါတယ်။
ကဲပရိတ်သတ်ကြီးအတွက်  ၃ကားလုံးကိုတင်ဆက်ပေးလိုက်ပါတယ်။
ဇာတ်ကား အညွှန်းကိုတော့ DatShin.com မှ ကူးယူဖော်ပြပါတယ် ။
Download & Watch Matrix – 1
Download & Watch Matrix – 2
Download & Watch Matrix – 3
Central Intelligence (2016) မြန်မာစာတန်းထိုး
Bob Stone (Dwyane Johnson) ဟာ ငယ်ငယ်တုန်းက အရမ်းဝလို့ အနိုင်ကျင့်ခံခဲ့ရတဲ့သူဖြစ်ပေမဲ့ အထက်တန်းကျောင်းသား ပြန်လည်တော့ ဗလတောင့်တောင့် ကြမ်းကြမ်းတမ်းတမ်းဖြစ်နေပါတယ်။ အဲမှာသူတွေ့ဆုံခဲ့တာကတော့  Calvin Joyner (Kevin Hart) ဆိုတဲ့ သူပါ။ Calvin ဟာ ငယ်ငယ်တုန်းက အရမ်းတော်ခဲ့တဲ့ အားကစားသမားတစ်ယောက်ဖြစ်ပေမဲ့ ခုတော့ စကားပြောအရမ်းမြန်လှတဲ့ စာရင်းကိုင်တစ်ယောက်ဖြစ်နေပြီး သူ့ငယ်ဘဝကို ပြန်လိုချင်နေတဲ့သူ။
Stone ဟာ ခုတော့ CIA Agent တစ်ယောက်ဖြစ်ပြီး Calvin ရဲ့ အတွက်အချက် စွမ်းရည်တွေရဲ့အကူအညီနဲ့ US Satellite တစ်ခုကို ပြန်လည်ကယ်တင်ရမှာဖြစ်လို့ အတန်းဖော်နှစ်ယောက်တွဲပြီး နှစ်ဖက်ချွန်လုပ်တာ၊ ပစ်တာခတ်တာတွေကြား ကမ္ဘာကြီးကို ကယ်တင်ဖို့လုပ်ရပါတော့တယ်။
မင်းသားကြီး Dwayne Johnson နဲ့ Kevin Hart တို့ပါဝင်သရုပ်ဆောင်ထားပြီး Rawson Marshall Thurber က ရိုက်ကူးထဲ့ Crime/Action ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ Warner Bros. က ဖြန့်ချိတာဖြစ်ပြီး အခုလက်ရှိ IMDB 8/10 ရထားပါတယ်။ US မှာ June 17 ရက် ရုံတင်မှာဖြစ်ပါတယ်။
File Size : 800 MB
Quality : HD 720P
Running Time : 1hr 47 minute
Format : Mp4
Genre : Action, Comedy,Crime
Encoder : Joker.phs
Download And watch With Pcloud Link Full HD
Download And watch Pcloud Link Small File Size
(ဇာတ်ကားအညွန်းကိုတော့ Datsin မှ ကူးယူဖော်ပြထားတာ ဖြစ်ပါတယ်။)
The Departed (2006) - မြန်မာစာတန်းထိုး
တော်တော်များများတော့ ကြည့်ဖူးမယ်ထင်ရဲ့။ The Departed (2006) (Rating 8.5/10) ဆိုတဲ့ကားးပါ။
မူရင်းက ဟောင်ကောင်ရုပ်ရှင် ၂ ကားတွဲ Infernal Affair (2002) (Rating 8.1/10) ဆိုတာပါ။
ဒါကို ဟောလိဝုဒ်က တစ်ကားထဲဖြစ်အောင် သူတို့ နိုင်ငံနဲ့ ကိုက်ညီအောင် ညှိပြီး ရိုက်ယူထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။အရှေ့တိုင်း ဆန် တယ် လို့ ခံစားရတဲ့ ဟောလိဝုဒ် ကား တိုင်း ကြိုက်မိတာမို့ …
ပြီးတော့ ပါဝင်တဲ့ မင်းသား ၂ ယောက်လုံးအပြင် ဇာတ်ရံတွေကိုလည်း နာမည်ကြီး မင်းသားကြီးတွေချည်း သုံးထားတာက လည်း ဒီ ရုပ်ရှင်ရဲ့ ဆွဲဆောင်မှု တစ်ခုပါ။
သာမာန်အားဖြင့် ရုပ် လက်ခဏာ အရ Matt Damon ကို အကောင်း Dicaprio ကို အဆိုး ထားရမှာ ဖြစ်ပေမဲ့ ဒီ ရုပ်ရှင်မှာတော့ ပြေါင်းပြန် ပြန်ထားတာမို့ ထူးဆန်းမှု တစ်ခုပေါ့။ ကြည့်ရင်းနဲ့ သူတို့ မူလ ရုပ်ပျောက်ပြီး Matt ကို အမြင်ကပ် Dicaprio ကို သနားလာအောင် သရုပ်ဆောင်နိုင်တာမို့ စီစဉ်သူရော သရုပ်ဆောင်တွေပါ မှော်အောင်တယ်လို့ ခံစားရပါတယ်။
ဇာတ်လမ်း သဘော အရ …
Jack Nicolson က ဒေသ တစ်ခု က Gangster ပါ။ ရပ်ကွက်ထဲက ဆိုးတဲ့ စရိုက်ရှိတဲ့ ကောင်လေးတွေ၊ သူ့ကို အထင်ကြီးတဲ့ ကောင်လေးတွေ၊ သူ့စကား နားထောင်မဲ့ ကလေးတွေကို ပေးကမ်းကျွေးမွေးထားတဲ့ သူတစ်ယောက်ပေါ့။
သူ့ လက်တံရှည်တာမို့ သူ့ ဒုစရိုက်မှုတိုင်း သက်သေမရှိပဲ သူ လွတ်နေလို့ ရဲ တွေ က အမှားစောင့်ကြည့်ရုံပဲ ကြည့်နိုင်တာပါ။ဒီ ကြားထဲမှာမှ ရပ်ကွက်ထဲမှာ ဦးလေး နဲ့ နေတဲ့ ကလေးလေးကို ငယ်ကတည်း စ စည်းရုံး ကျောင်းထား၊ ကျောင်းပြီး တဲ့ အချိန်မှာ ရဲ တပ်ဖွဲ့ထဲကို ပို့ပါတယ်။ အဲဒီ ကောင်လေးက Matt Damon ပါ။
တချိန်တည်းမှာပဲ တခြါးနေရာက မိသားစု မှာ ဒုစရိုက် နာမည်ပျက်တွေ ပြည့်နေတဲ့ ကောင်လေးတစ်ယောက်ကလည်း မိသားစု ကို စိတ်ကုန်ပြီး ရဲတပ်ဖွဲ့ထဲကို ဝင်ပါတယ်။ Dicaprio ပါ။ တပ်ဖွဲ့မတူပေမဲ့ ထူးချွန်တာ တူတာမို့ အထူးတပ်ဖွဲ့က အင်တာဗျူးပြီး ခေါ်တဲ့ အခါမှာ Gangster Jack Nicolson ရဲ့ မွေးစားသားက အမဲစက် ရက်ကော့မရှိပဲ လူကြီးကြိုက် နဲ့ ရာထူး တစ်နေရာရသွားပါတယ်။
Dicaprio ကတော့ မိသားစု အမဲစက်နဲ့ လူကြီး မျက်စိစူးပြီး Undercover ရဲ အနေနဲ့ ပဲ နေရမယ် လို့ ကမ်းလှမ်းခံရပါတယ်။
Martin Sheen ၊ Mark Wahlberg (နောက်ဆုံး Transformer ကားရဲ့ မင်းသား) ၊ Alec Baldwin တို့က အထက်လူကြီးတွေပေါ့။ Undercover ရဲ Dicaprio ရဲ့ ကိုယ်ရေးမှတ်တမ်းက Martin Sheen နဲ့ Mark Wahlberg တို့ပဲ သိထား ကိုင်ထားခွင့်ရှိတာဖြစ်ပါတယ်။
Matt Damon က သူ့ မွေးစား အဖေ ကို စောင့်ကြည့်ဖမ်းဆီးရမဲ့ အထူးတပ်ဖွဲ့ထဲ ရာထူးတွေ တိုးတိုးလာချိန် တစ်ဖက်မှာ လည်း Dicaprio က လူဆိုး ခေါင်းဆောင် Jack Nicolson နားမှာ နေရာ တစ်ခု ရသူဖြစ်လာပါတယ်။ သူလျှို ၂ ယောက် ဟိုဘက် ဒီ ဘက် သီတင်း အပြန်အလှန် ပေးနိုင်မှုတွေ ရဲတပ်ဖွဲ့ နဲ့ လူ ဆိုးဂိုဏ်း ကြား ညာဏ်ကစားမှုတွေကို တဖြေးဖြေးချင်းရိုက်ပြသွားတာပါ။
ရုပ်ရှင်အညွှန်း - မမချွိ (mandalaygazette.com)
Zhongkui: Snow Girl and the Dark Crystal (2015) - မြန်မာစာတန်းထိုး
အင်အားကြီးမားတဲ့ သဘာဝလွန်အစွမ်းတွေကို လက်ဆင့်ကမ်းရယူနိုင်တဲ့ လူငယ်လေးတဦးရှိခဲ့ပါတယ်။ အဲ့ဒီသူရဲကောင်းနာမည်က Zhongkui ဖြစ်ပြီး ကောင်းကင်၊ မြေကြီး၊ ငရဲ လောကတွေကြားမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲကြားမှာ မဖြစ်မနေပါဝင်ရပါတော့တယ်။  Snow Girl လိုခေါ်တဲ့ ခပ်ချောချောကောင်မလေး နဲ့ ကမ္ဘာ လောကကလူတွေကို ကယ်တင်ဖို့အတွက် သူ့ကိုယ်ပိုင်အစွမ်းတွေနဲ့ ဘယ်လိုတိုက်ပွဲတွေဝင်ဦးမလဲဆိုတာ ဒေါင်းကြည့်ကြပါဦးစို့
Warriors of the Rainbow: Seediq Bale (2011) - မြန်မာစာတန်းထိုး
တကယ့်ဆီဒစ်သား လို့အဓိပ္ပယ်ရတဲ့ ဒီရုပ်ရှင်ကားဟာ ၂၀၁၁ စက်တင်ဘာလမှာရုံတင်ပြသခဲ့တဲ့ ထိုင်ဝမ်သမိုင်း နောက်ခံ-အက်ရှင်/ဒရမာကား ဖြစ်ပြီးတော့ ထိုင်ဝမ်ဒါရိုက်တာ တီရှန်ဝေ (ဝေ-တီရှန်) က ဇာတ်ညွှန်းရေးသားရိုက်ကူးထားပါတယ်။ ကျနော်တို့ ရင်းနှီးပြီးသားဖြစ်တဲ့ ဂျွန်ဝူး ထုတ်လုပ်ရေးမှ ထုတ်လုပ်ပြီး ၁၉၃၀ခုနစ် ထိုင်ဝမ် အလယ်ရှိ #၀ူရှီးအရေးအခင်း အကြောင်းရိုက်ကူးထားတာဖြစ်ပါတယ်။ မူရင်းကားမှာတော့ အပိုင်း၂ပိုင်းပါဝင်ပြီး အပိုင်း-၁ကို The Sun Flag(နေအလံ)လို့အမည်ပေးထားပြီး
အပိုင်း(၂)ကိုတော့ Rainbow Bridge(သက်တန့်တံတား)လို့  အမည်ပေးပြီး ပြသချိန် ၄နာရီခွဲ စာလောက် ကြာမြင့်ပါတယ်။ ဒီရုပ်ရှင်ကို ၆၈ကြိမ်မြောက် ဗီးနစ်နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ ပြသခဲ့ပြီး ၈၄ကြိမ်မြောက် အကောင်းဆုံးနိုင်ငံခြားဘာသာ စကားပြော ရုပ်ရှင် အကယ်ဒမီဆုပေးပွဲမှာလည်း စကာတင်
စာရင်းတွင် ပါဝင်ခဲ့ပါတယ်။ ဒီဇာတ်ကားဟာ ဆုပေါင်း ၉ဆုနဲ့  စကာတင်စာရင်းမှာ အကြိမ်၂၀ထိပါဝင်ခဲ့ပါသေးတယ်။
ဆုတွေကတော့
၁။ (2012) Asia Pacific Screen Awards - UNESCO Award
၂။ (2012) Chinese Film Media Awards - Best Picture Award
၃။ (2012) Golden Horse Film Festival - Audience Choice Award
၎။ (2012) Golden Horse Film Festival – 4 Golden Horse Award
(Best Feature Film,Best Supporting Actor,
Best Original Film Score, Best Sound Effects)
၅။ (2012) Osaka Asian Film Festival - Audience Award
၆။ (2012) Shanghai Film Critics Awards – Film of Merit
တို့ဖြစ်ပါတယ်။စကာတင်စာရင်းကတော့ စာရှည်မှာစိုးလို့ ချန်လှပ်ထားလိုက်ပါတယ်။ သို့သော်လည်း နိုင်ငံတကာ ရုပ်ရှင်ပွဲတွေနဲ့ အနောက်နဲ့ဥရောပအတွက် မူလရုပ်ရှင် ၂ပိုင်းကားကို ၂နာရီခွဲကြာမြင့်တဲ့ တစ်ကားတည်းပုံစံ အဖြစ် Version ပြောင်းပြီး ထပ်မံဖြန့်ချိခဲ့ရပါတယ်။
ဒီရုပ်ရှင်ဟာ ထိုင်ဝမ်နိုင်ငံရဲ့ ရုပ်ရှင်ရိုက်ကူးရေးသမိုင်း ကုန်ကျစရိတ်အမြင့်မားဆုံးအဖြစ် ထင်ရှားခဲ့ပါတယ်။
NT$(New Taiwan Dollar) သန်းပေါင်း ၇၀၀-၇၅၀ကုန်ကျခဲ့တဲ့  ဒီဇာတ်ကားဟာ NT$ သန်းပေါင်း ၈၈၀ အမြတ်စွန်းရခဲ့တဲ့ အတွက် အရင်းကျေရုံသာသာ ရတယ်လို့ထင်ရပေမဲ့  ထိုင်ဝမ်နိုင်ငံမှာတော့ ဒီဇာတ်ကားကို Mel Gibson ပါဝင်တဲ့ စကော့တလန်တော်လှန်ရေးကား Braveheart(1995) နဲ့
အမေရိကန်လူနီရိုင်းတို့ရဲ့ တော်လှန်ရေးကား  The Last of The Mohicans နဲ့ ယှဉ်ထိုး နှိုင်းဆိုကြပါတယ်။
~Review~ (Spoiler-Alert)
အချိန်မှာ….၁၈၉၅ ခုနစ်တရုတ်နိုင်ငံမှ ဂျပန်တို့အား ရှီမိုနိုဆကီ စာချုပ်ဖြင့် ထိုင်ဝမ်ကျွန်းစုကို အပ်နှင်းစဉ်ကာလ....၊ ထိုင်ဝမ်ကျွန်းစုအလယ်ဗဟိုရှိ ၀ူရှီးတောင်တွင်တော့  လူမျိုးစုပေါင်း ၂၀ နီးပါးမှ မိမိအမဲလိုက်မြေကိုသတ်မှတ်၍ အမဲလိုက်ပြီး အခြားလူမျိုးစု၏ အမဲလိုက်မြေပေါ်တွင်
လိုက်မိပါက ခေါင်းဖြတ်သတ်ပြီး လူမျိုးစုစစ်ပွဲဆင်နွှဲ တတ်သောကာလ၊ ပြင်ပကမ္ဘာတွင်တော့ မိမိတို့တည်ရှိရာ ၀ူရှီးတောင်အား တရုတ်မှ ဂျပန်တို့အား အပ်နှင်းထား၍  ဂျပန်တို့မှ ၀ူရှီးတောင်ရှိ ခေါင်းဖြတ်တတ်သောလူရိုင်းမျိုး နွယ်စုတို့ကို မိမိတို့သယံဇာတထုတ်ယူရာတွင် အနှောင့်
အယှက်ပေးတတ်သော တိရစ္ဆာန်များဟု သတ်မှတ်ထား စဉ်။ ထိုလူမျိုးစုများထဲမှ မဟီဘူရွာလေးရှိ ဆီဒစ်လူမျိုးများ ကတော့ သူတို့ကိုယ်သူတို့ ကြီးမြတ်သော ဘိုးဘေးတို့မှ  ဆင်းသက်လာသူ၊   ယောက်ျားဆိုလျှင် ရန်သူအားရဲဝံ့စွာ ခေါင်းဖြတ်နိုင်ပါမှ မိမိသေလျှင် သက်တန့်တံတားပေါ်
လာပြီး ဘိုးဘေးများက မိမိမျက်နှာတွင်ရန်သူ၏သွေးစွန်း ထင်းသည်ကို မြင်မှ ဆီဒစ်သားအစစ်ဟု သတ်မှတ်ြ့ပီး သက်တန့်တံတားမှ ဖြတ်သန်းခွင့်ပြုသည်ဟု ယုံကြည်သူ၊  မိန်းကလေးဆိုလျှင် အပ်ပေါက်ရာနှင့် ကြမ်းတမ်းသော လက်ဝါးကို မြင်မှ မိမိလင်ယောက်ျား၊သားသမီးအပေါ်
တာဝန်ကျေသော ဆီဒစ်သူဟုသတ်မှတ်ပြီး ဖြတ်သန်း ခွင့်ပြုမည်ဟု ယုံကြည်သူများ။ ထိုသို့ သက်တန့်နှင့်
ဘိုးဘေးကို ယုံကြည်သည့် မဖွံ့ဖြိုးမတိုးတက်သေးသော လူတို့နှင့် နေမှဆင်းသက်လာသည်ဟု ယုံကြည်သော ကမ္ဘာတခြမ်းအုပ်စိုးထားသည့် အင်အားကြီးဂျပန်နိုင်ငံတို့ တွေ့ကြရာဝယ်…..။
သမိုင်းအချက်အလက်များနဲ့ပြည့်နှက်ပြီး တောင်ကြီးတလုံးပေါ်မှ လူရိုင်းမျိုးနွယ်စု၏ ခံယူချက်၊
ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း၊ စိတ်နေစိတ်ထား၊ ရဲစွမ်းသတ္တိ တွေကို မြင်ရမှာဖြစ်ပြီး၊ အပိုင်း-၁ရော ၂ ပါ တခါတည်းဆောင်ပြီး ကြည့်သင့်တဲ့ ကားမျိုးဖြစ်ပါတယ်။ ခေတ်တစ်ခေတ်လောက်  အင်အားကြီးသူတို့ရဲ့ ဖိနှိပ်မှု၊ ရက်စက်မှု၊ သူ့လူကိုယ်ဘက်သား သပ်လျှိုသွေးခွဲမှုနဲ့ ရင်ဆိုင်လာချိန်မှာ မခံရပ်နိုင်တော့သည့်အဆုံး
သေရမယ်မှန်းသိရက်နဲ့၊ မမျှတမှန်းသိရက်နဲ့ ကျောက်တောင်ကို ဆီးစေ့နဲ့ပေါက်ခဲ့ရတဲ့ ဂျပန်စစ်သားနှင့်ရဲ ၃၀၀၀ နဲ့ ဆီဒစ်သား ၃၀၀ တို့ရဲ့ တိုက်ပွဲဟာ ကျနော်တို့လို ကိုလိုနီလက်အောက်ခံဘ၀  ကျရောက်ဖူးသူတွေအတွက် ရင်နာစရာ၊ကြေကွဲစရာအတိပါပဲ။
တခါ တခါ ဒီထိုင်ဝမ်သရုပ်ဆောင်တွေနဲ့ ဆီဒစ်သားတွေကိုမမြင်မိပဲ တချိန်က နိုင်ငံအတွက် အသက်စွန့်ခဲ့တဲ့ ကျနော်တို့ ဘိုးဘေး တွေကို မြင်ယောင်လာတဲ့အထိ ဆွဲဆောင်လွန်းပါတယ်။
မကောင်းပြောစရာဆိုလို့လည်း အပိုင်း-၁မှာ မမြင်မိပဲ၊  အပိုင်း-၂ဇာတ်သိမ်းခန်းမှာတော့ အချို့သော ရင်ဆိုင်တိုက်ပွဲ တွေမှာ ဇာတ်ကောင်တွေကို သတ်တာ အရမ်းမြန်နေသလို  ခံစားမိတာကလွဲလို့ (ကျနော်စိတ်ထဲမသေစေချင်တာလည်း ပါမှာပေါ့လေ) rating အဖြစ် IMDB 7.5၊ Rottentomatoes
77%နဲ့ Metacritics 65% ရထားတဲ့ #Seediq_Bale (#ဆီဒစ်သား) ကို အကောင်းလွန်ပြီး အလွန်ကောင်းတဲ့ ဇာတ်ကားကောင်းတစ်ကားပါလို့ ညွှန်းဆိုလိုက်ရပါတယ်။
ဇာတ်ကားကို နှစ်ပိုင်းလုံးကို တင်ပေးထားပါတယ်။
ရုပ်ရှင်အညွှ့န်း -  #AMBB - M-MDB
 အပိုင်း ၁ - The Sun Flag(နေအလံ) 
အပိုင်း ၂ - Rainbow Bridge(သက်တန့်တံတား)
High Way Star (2007) မြန်မာစာတန်းထိုး
ဒီဇာတ်ကားလေးဟာ
IMb rating အနေနဲ့ကတော့ 6.5/10 ရရှိထားတဲ့အတွက်
Comedy ဇာတ်ကားကောင်းလေးလို့ ဆိုရမှာပါ
မင်းသား အနေနဲ့ကတော့ ဟိုတလောက တင်သွားတဲ့
My Sassy Girl 2 (2016) ကားထဲက အူကြောင်ကြောင်
မင်းသားဟာလဲ ဒီကားထဲမှာကော အူကြောင်ကြောင် ဇာတ်ရုပ်အနေနဲ့ပါထပ်တွေ့ရမှာပါ
တခြားနယ်က ကလပ်မှာသီချင်းဆိုအလုပ်လုပ်နေတဲ့ သီချင်းရူး rocker သမားတယောက်ဟာ သီချင်းဆိုဝါသနာပါတဲ့ သူတွေကို
မြေတောင်မြှောက်ပေးနေတဲ့ မန်နေဂျာနဲ့တွေ့ရှိသွားပြီး
မြေတောင်မြှောက်ပေးဖို့အတွက်
trot=သီချင်းအေး(သီချင်းကြီး) ကို သီဆိုခိုင်းရင်းပဲ
နာမည်ကြီးအောင်လုပ်ပေးမှာပါ
ဒီဇာတ်ကားထဲမှာတော့ အလွန်ချောတဲ့ korean မင်းသမီး
တယောက်လဲ ပါဝင်တာမို့ အဲ့ဒီမင်းသမီးနဲ့
ဘာတွေဆက်ဖြစ်မယ် ………..
သူ rock ကနေ trot သီချင်းကိုပြောင်းနိုင်ပါ့မလား………
သူ trot သီချင်းကိုပြောင်းပြီး နာမည်ပဲကြီး
သွားမလားဆိုတာကိုတော့ …………………….
ကြည့်ရှု့လိုက်ကြပါအုံး ……….
( အညွှန်းနဲ့ ဘာသာပြန် ကိုတော့
Saw Yan Nay Naung မှ ဘာသာပြန်ပေးထားပါတယ်)
File Size : 783Mb
Duration : 1:49:25
Quality : 720P
Translator: Saw Yan Nay Naung
Encoder : Kaung Myat Thu
  Download or Watch From pCloud
*** Update From www.channelmyanmar.org
1920: London (2016) မြန်မာစာတန်းထိုး
– ဒီနေ့အတွက်တော့ ချောက်ချားစရာ အိန္ဒိယဇာတ်ကားကောင်းတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ဒီဇာတ်ကားက ပြီးခဲ့တဲ့နှစ်တွေတုန်းက လူကြိုက်များခဲ့တဲ့ 1920 ဆိုတဲ့ ဇာတ်ကားရဲ့ ဒုတိယတွဲဖြစ်ပါတယ် ။
ရှီဗန်ဂီဆိုတဲ့ အမျိုးသမီးဟာ  သူ့ချစ်သူနဲ့အိမ်ထောင်ကျပြီး မကြာခင်မှာပဲ ယောက်ျားဖြစ်သူ ဗီးယားကဟာ အဖျက်အမှောင့်တစ်ခုကြောင့် ရောဂါဆိုးတစ်ခု စွဲကပ်ခဲ့ပါတယ်။
သူ့ရဲ့ရောဂါဟာ ရုပ်အင်္ဂါတွေ ပြောင်းလဲပြီး ကြောက်စရာအသွင်ဖြစ်သွားခဲ့လို့ ဆေရုံတင်ပြီးကုသခဲ့ပေမယ့်မပျောက်ကင်းတာကြောင့် နောက်ဆုံးမှာ ပယောဂဆရာတစ်ဦးရဲ့ အကူအညီကိုရယူရပါတယ်။
အဲ့ဒီပယောဂဆရာက ရှီဗန်ဂီရဲ့ ချစ်သူဟောင်းတစ်ယောက်ဖြစ်ပြီး သူ့အကူအညီကို မယူလို့  မဖြစ်တာကြောင့် နောက်ဆုံးမှာ သူကိုယ်တိုင်အကူအညီတောင်းခဲ့တာကြောင့် ချစ်သူဟောင်းဂျေးဟာ သူ့ကိုကူညီဖို့ဖြစ်လာပါ တယ်။
တကယ်တော့ ဂျေးနဲ့ရှီဗန်းဂီးတို့ နှစ်ဦးကြားမှာ ချစ်သူဘ၀က အထင်လွဲစရာ ပြဿနာ ကြီးကြီးမားမားဖြစ်ခဲ့ပြီး လမ်းခွဲခဲ့ကြတာဖြစ်ပါတယ်။
ဂျေးဟာ ချစ်သူဟောင်းရဲ့ ယောက်ျားကို ကူညီဖို့သူကိုယ်တိုင်သွားကြည့်တဲ့အခါမှာတော့ အဲ့ဒီလူမှာ မကောင်းဆိုးရွားတစ်ကောင် ကပ်တွယ်နေပြီး အဲဒီ မကောင်းဆိုးရွားကပ်တွယ်နေတဲ့ ခန္ဓာကိုယ်ဟာ သေလုမြောပါးဖြစ်နေပါတယ်။
ဒီအခြေအနေမှာ ဂျေးက အဲဒီ မကောင်းဆိုးရွားကို ဖယ်ထုတ်ဖို့ သူ့ချစ်သူဟောင်းနဲ့ အတူကြိုးပမ်းတာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီဇာတ်လမ်းက ဒီလောက် တော့ မရိုးစင်းပါဘူး။ ဒီအမျိုးသားကို တွယ်ကပ်နေတဲ့ မကောင်းဆိုးရွားဟာ တစ်စုံတစ်ဦးရဲ့ စေခိုင်းမှုကြောင့်ဖြစ်ပြီး အဲဒီသူကိုတော့ ဇာတ်လမ်းရဲ့တစ်ဝက်လောက်မှာမှသိရတာ ဖြစ်ပါတယ်။
ဒီဇာတ်ကားမှာ နာမည်ကျော် 3 IDIOT ဇာတ်ကားထဲက သူငယ်ချင်းအဖြစ် သရုပ်ဆောင်တဲ့ ရှာရ်မန်းဂျိုရှိက အဓိကသရုပ်ဆောင်အဖြစ် ပါဝင်ထားပါတယ်။
(ရုပ်ရှင်အညွှန်းကို 7daydaily မှကူးယူဖော်ပြပါသည်။)
File size…(999MB)
Quality….DVD-Rip 720p
Format…mp4
Duration….01:58:36
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung
Download and Watch 720p HD
*** Update From www.channelmyanmar.org
Powered by Blogger.