Latest Movie :
Recent Movies

မာန်နတ်ရဲ့ သတို့သမီး (သို့မဟုတ်) Penny Dreadful Season 1 (မြန်မာစာတန်းထိုး) 18+ 720P HD

ခပ်ကြမ်းကြမ်း ၁၈+ အခန်းတွေ ၊ မာန်နတ်ရဲ့ လက်ပါးစေတွေနဲ့ လူသားတို့အားပြိုင်မှု့တွေ ၊ အင်္ဂလန်သမိုင်းထဲက မိစ္ဆာနှိမ်နင်းသူ Dr.Van Helsing , ဂန္တ၀င်သွေးစုတ်ကောင် Doran Grey .လူသားဖုတ်ကောင်ကြီး Frankenstein , ကိုယ်ပျောက်လူသတ်သမား Jack စတဲ့ အင်္ဂလန်သမိုင်းမှာ ထင်ရှားတဲ့ ဇာတ်ကောင်တွေနဲ့ အမိုက်စား Tv Series တစ်ခုကို တင်ဆက်လိုက်ရပါတယ်.။ တစ်ပိုင်းလောက်ကြည့်ဖူးယုံနဲ့ နောက်အပိုင်းတွေကို ဆွဲခေါ်သွားနိုင်တဲ့ Tv Series အမျိုးအစားမျိုးပါ.။ Imdb Rating 8.2/10 အထိမြင့်မားစွာရရှိထားတဲ့ ကားကောင်းတစ်ခုဖြစ်တာကြောင့် .လက်လွတ်မခံကြပါနဲ့ဦး... :) .။
ဇာတ်လမ်းအကျဉ်း..
Vanessa Ives (Green) ဟာ မာရ်နတ်ရဲ့သတို့သမီးအဖြစ်မွေးဖွားလာသူပါ။ အပျိုဘော်ဝင်စအချိန်ကစပြီး သူဘုရားရှိခိုးတဲ့အခါတိုင်း တစုံတယောက်ကသူ့နားနားကပ်ပြောနေသလို တိုးတိုးညှင်းညှင်းအသံတသံကိုကြားရလေ့ရှိပါတယ်။ ၄င်းအသံဟာ ဘုရားကိုစွန့်ပယ်ပြီး အဆုံးမရှိတဲ့တန်ခိုးအာဏာတွေကိုရှာဖွေဖို့သူ့ကိုအဆက်မပြတ်တိုက်တွန်းနေပေမယ့် Vanessa ဟာသူ့ရဲ့ကတ်သလစ်ဘာသာအပေါ်သက်ဝင်ယုံကြည်မှုကိုမစွန့်လွှတ်ခဲ့ပါဘူး။
တနေ့မှာသူ့ငယ်သူငယ်ချင်းကောင်မလေး Mina Harker ကိုသွေးစုတ်ဖုတ်ကောင်တွေက ဖမ်းဆီးသွားတဲ့အခါ Mina ရဲ့အဖေ Malcolm Murray (Dalton) နဲ့ပူးပေါင်းပြီး Mina ကိုပြန်ကယ်ဖို့ကြိုးစားရပါတော့တယ်။ သူ့သူငယ်ချင်းကိုကယ်တင်ဖို့၊ သဘာဝလွန်အန္တရာယ်တွေကိုရင်ဆိုင်ဖို့အတွက် Vanessa ဟာ မာရ်နတ်ရဲ့လက်ဆောင်တခုကို မတတ်သာတဲ့အဆုံးလက်ခံလိုက်ရပါတော့တယ်။ ဒီလိုနဲ့ပဲ ရှေ့ဖြစ်မြင်နိုင်ပြီး တမလွန်ဘုံနဲ့ဆက်သွယ်နိုင်တဲ့အစွမ်းကို ရရှိခဲ့တယ်။
အမေရိကန်နိုင်ငံကဆပ်ကပ်အဖွဲ့တခုနဲ့အတူ Ethan Chandler (Hartnett) ဟာလန်ဒန်မြို့ကိုရောက်ရှိလာခဲ့တယ်။ သူဟာလက်ဖြောင့်သေနတ်သမားဖြစ်ပြီး ဆပ်ကပ်ပွဲမှာပုလင်းခွံတွေကို မလွတ်တမ်းမှန်အောင်သေနတ်နဲ့ပစ်ခတ်တဲ့ပြကွက်ကိုပြသနေတုန်း Vanessa နဲ့တွေ့ဆုံခဲ့တာပါ။ Ethan ရဲ့အစွမ်းကိုသတိထားမိတဲ့အတွက် Malcolm ရဲ့ကိုယ်ရံတော်အဖြစ်အလုပ်လုပ်ပေးဖို့ Vanessa ကကမ်းလှမ်းခဲ့ပါတယ်။
အဲ့ဒီညမှာသူတို့ ၃ ယောက်သားလန်ဒန်မြို့ဆင်ခြေဖုံးတနေရာက Vanessa အာရုံထဲပေါ်လာတဲ့ သွေးစုတ်ဖုတ်ကောင်အသိုက်တခုကိုသွားပြီး Mina ရဲ့သတင်းကိုစုံစမ်းကြပါတယ်။ သွေးစုတ်ဖုတ်ကောင်အချို့ကိုသတ်ဖြတ်ခဲ့ပြီး အလောင်းကိုစစ်ဆေးကြည့်ဖို့ ခန္ဒာဗေဒနားလည်တဲ့သူကိုစုံစမ်းရင်း Malcolm ရဲ့မိတ်ဆွေ Dr Van Helsing ကနေတဆင့် ငယ်ရွယ်တဲ့ဆရာဝန်လေး Victor Frankenstein နဲ့ရင်းနှီးခဲ့ပါတယ်။
လန်ဒန်မြို့ပေါ်ကမင်းစိုးရာဇာတွေကျင်းပတဲ့ကပွဲတွေကိုတက်ရောက်ရင်း Vanessa ဟာချောမောခန့်ငြားပြီး လျှို့ဝှက်တဲ့ Dorian Grey နဲ့တွေ့ဆုံခဲ့သလို၊ Malcolm ကလည်း အထက်တန်းလွှာကဗေဒင်ဆရာမ Evelyn Poole နဲ့ရင်းနှီးခဲ့ပါတယ်။ Ethan ကလည်း ပြည့်တန်ဆာမလေး Brona Croft (Piper) နဲ့ပျော်ပါးရာကနေ တကယ်သံယောဇဉ်တွယ်လာခဲ့ကြတယ်။
Frankenstein ကိုယ်တိုင်ကလည်း သူဖန်တီးခဲ့တဲ့ဖုတ်ကောင်ကြီးရဲ့လက်ကထွက်ပြေးနေရသူပါ။ Malcolm တို့အကူအညီတောင်းလို့ သွေးစုတ်ဖုတ်ကောင်ရဲ့ရုပ်ကြွင်းကိုခွဲစိတ်ကြည့်တဲ့အခါ အရေပြားအောက်ကအသားပေါ်မှာထွင်းထားတဲ့ အီဂျစ်အက္ခရာစာလုံးတွေကို ထူးဆန်းစွာတွေ့ရှိခဲ့ပါတယ်။ ဒီလိုနဲ့ပဲ Vanessa တို့ဟာစာလုံးတွေရဲ့အဓိပ္ပာယ်ကိုသိရဖို့အတွက် အီဂျစ်ယဉ်ကျေးမှုနဲ့စာပေအကြောင်းကျွမ်းကျင်သူ Dr Ferdinand Lyle ကိုချဉ်းကပ်ခဲ့ကြပါတယ်။
အဲ့ဒီအချိန်မှာပဲ လန်ဒန်မြို့ပေါ်မှာ လူတွေကိုအမဲဖြတ်သလိုသတ်ဖြတ်ထားတဲ့ လူသတ်မှုတွေတခုပြီးတခုပေါ်ပေါက်လာတဲ့အခါ…......
တစ်ပိုင်းကို တစ်နာရီဝန်းကျင်ကြာတဲ့ ဇာတ်လမ်းရှည် စီးရီးမျိုးဖြစ်ပါတယ်.။
Review Credit to-Admin N
Translated by: Scarlet Phoenix
Encode by: Mg Moe Tain
www.goldchannelmovies.com မှ ကူးယူဖော်ပြသည်။          












 

Ju-on: The Final Curse (2015) မြန်မာစာတန်းထိုး



မိတ်ဆွေ သင်သိပါသလား Ju-on ဇာတ်ကားတွေဟာ ဂျပန်ရုပ်ရှင်သမိုင်းမှာ ကြောက်စရာအကောင်းဆုံးဖြစ်ခဲ့တယ်ဆိုတာကို မိတ်ဆွေသင်သိပါသလား ဟောလိဝုဒ်ရဲ့ ကြောက်စရာကောင်းလှပါပြီဆိုတဲ့ သရဲကားတွေဟာ JU-ONကို ကျောရိုးယူပြီး ရိုက်ထားတယ်ဆိုတာကို ဒီဇာတ်ကားက Ju-onဇာတ်ကားတွေရဲ့ နောက်ဆုံးကားပါ ကလေးလေးကအစပြုခဲ့တဲ့ Ju-onကျိန်စာဟာ နှစ်ပေါင်းများစွာ ဒုက္ခပေးခဲ့ပါတယ် ဒီကားကတော့ Ju-onကျိန်စာရဲ့ အဆုံးသတ်လို့ပြောရမယ့်ကားပါ ကဲအညွှန်းတိုတိုပဲရေးပေးတော့မယ် ကြည့်မယ့်သူဖီးလ်းပျက်သွားမှာစိုးလို့ပါ အခြေခံပညာကျောင်းမှာ စာသင်နေရင်း ပျောက်ဆုံးသွားတဲ့ Yui Shonoကို သူရဲ့အမ Maiက လိုက်ရှာပါတယ် မကြာခင် Teriyakiအိမ်ထောင်စုက သူရဲ့ညီမ ဘာဖြစ်သွားခဲ့တယ်ဆိုတာ Maiကိုပြောပြလိုက်ပါတယ် အဲ့ဒါကြောင့် Maiက Ju-onရဲ့အမှောင်လျှို့ဝှက်ချက်ကို ဖော်ထုတ်ပြီး အားလုံးအတွက် ကျိန်စာကို တခါထဲနဲ့ အဆုံးသတ်ဖို့ ကြိုးစားရမှာပါ
(review credit to www.khitmarket.com)
**Update From www.channelmyanmar.org
File size…(680 MB)
Quality…Bluray Rip
Format…mp4
Duration….01:30:30
Subtitle….Myanmar Subtitle (Hardsub)
Encoder…. Thanhtike Zaw

Download Here (680 MB)

 

Download Small File Size (300 MB)
 
 
 
 
 

Azhar (2016) မြန်မာစာတန်းထိုး



IMDB-6.1
ဒီကားကတော့ အိန္ဒိယနိုင်ငံရဲ့ ခရစ်ကတ်ကစားနည်းသမိုင်းမှာ အစောဆုံးနာမည်ကြီးတစ်ယောက်ဖြစ်တဲ့ မိုဟာမက်အက်ဇ်ဟာရဲ့ ဘဝဇာတ်ကြောင်းကို ရိုက်ကူးပုံဖော်ထားတဲ့ အတ္ထုပတ္တိကားတစ်ကားပါ
ဇာတ်လမ်းကတော့ တစ်ခြားတစ်ခြားသော
Sport Biographical Movie တွေလိုပဲ ငယ်စဉ်ကတည်းကနေ အခုချိန်ထိ အောင်မြင်အောင် ကြိုးစားခဲ့ရပုံတွေကို မြင်တွေ့ရမှာပါ
၂၀၁၆ရဲ့ အတ္ထုပတ္တိကားကောင်းတစ်ကားလည်းဖြစ်တယ်လို့ ဆိုကြပါတယ်
ဒီနေ့ကတော့ ကျွန်တော်တို့ စီအမ်က ဘောလိဝုဒ်ကားတွေ ဓာတ်ကျနေတယ်လို့ဆိုရမှာပဲ…
ဒီတော့ ကျွန်တော်တို့တွေ ဒီကားကိုလည်း စီးမျောခံစားကြည့်လိုက်ကြရအောင်ဗျာ……
(ဇာတ်လမ်းအညွန်းကို ကိုကို Ye Khant Min မှ ရေး ပေးထားတာဖြစ်ပါတယ်)
***Update From www.channelmyanmar.org
File size…(850 MB)
Quality…720p Bluray
Format…mp4
Duration….01:30:30
Subtitle….Myanmar Subtitle (Hardsub)
Encoder…. Thanhtike Zaw

Download Here (850 MB)

 

Download Small File Size (450 MB)
 
 
 
 
 

Ghayal Once Again (2016) မြန်မာစာတန်းထိုး



IMDB-6.8
Rotten Tomatoes-78%
Ajay တစ်ယောက် သူငယ်ငယ်တုန်းက ဖြစ်ခဲ့တဲ့ ပြဿနာတွေကနေ ရှင်းပြီးနောက်မှာ…
သတင်းစာတိုက်မှာ သတင်းထောက်အဖြစ်ဝင်ရောက်လုပ်ကိုင်နေပါတော့တယ်
အဲဒီမှာ သူ့ရဲ့ အကြောက်အရွံ့မဲ့မှုတွေ အနိုင်မခံ အရှုံးမပေးတတ်တဲ့ စိတ်ဓာတ်တွေကြောင့် သူ့ကိုကြိတ်လေးစားနေတဲ့ အမာခံဖန်လူငယ်လေးယောက်ရှိပါတယ်
တစ်နေ့ အဲဒီလူငယ်လေးယောက်က သတင်းလိုက်ရင်းသူတို့ရဲ့ကင်မရာမှာ
လူသတ်မှုတစ်ခုပါလာတော့တဲ့အခါ…
ဗီဒီယိုထဲမှာပါတဲ့လူတွေကလည်း မြို့ရဲ့ အာဏာအကြီးဆုံးလူနှစ်ယောက်ဖြစ်နေတဲ့အခါ…
ကိုယ့်ဘက်မှာ အမှန်တရားပဲရှိတယ် သူ့ဘက်မှာက ငွေအားလူအားနဲ့ ဥပဒေကို ပြောင်းပြန်လှန်နိုင်တယ်
အဲ့အချိန်မှာ အမှန်တရားကို မြတ်နိုး.အကြောက်အလန့်မရှိဘူးဆိုတဲ့
Ajay အနေနဲ့ ဘယ်လိုများရင်ဆိုင်မလဲ နိုင်ရောနိုင်ပါ့မလား…
ဒီမေးခွန်းတွေရဲ့ အဖြေကိုသိချင်ရင်တော့…
ဒီ RottenTomatoes က Best Movie လို့ပြောပြီး 78%
ရထားတဲ့ကားမှာ ဆက်လက်ရှုစားကြရအောင်ဗျာ…
(ဇာတ်လမ်းအညွန်းကို ရဲခန်.မင်းမှရေးပေးထားတာဖြစ်ပါတယ်)
File size…(840MB)
Quality…720p Bluray
Format…mp4
Duration….02:07:30
Subtitle….Myanmar Subtitle (Hardsub)
Encoder….Thanhtike Zaw
*** Update From www.channelmyanmar.org

 

Download Here (850 MB)

 

Small File Size (450 MB)

 

 

 

 

 

Traders (2015) မြန်မာစာတန်းထိုး


လောကကြီးမှာ အရေးအကြီးဆုံးအရာတွေ အများကြီးရှိတယ် အဲ့ဒီအရေးအကြီးဆုံးအရာတွေထဲကမှ…
ပထမဦးစားပေးလို့ လူတိုင်းလက်ခံထားတဲ့ ပိုက်ဆံ…
အဲဒီပိုက်ဆံဆိုတဲ့ စာရွက်လေးတွေအတွက် လူလူချင်း သတ်ဖြတ်ရမှာ တန်ပါ့မလား…
Rotten Tomatoes – 67%
IMDB – 6.2
ဟယ်ရီဖော့စ်ဆိုတာ အောင်မြင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက် ဇိမ်ခံတိုက်ခန်းလဲရှိသလို ကားအကောင်းစားပါပိုင်တဲ့လူတစ်ယောက်
ဒါပေမယ့် တစ်နေ့တော့ သူ့ကုမ္ပဏီဒေဝါလီခံရဖို့ဖြစ်လာတော့ သူပိုင်ဆိုင်ထားသမျှတွေ ဆုံးရှုံးရတော့မယ်
အဲ့ဒီပြဿနာတွေကို ဖြေရှင်းဖို့အတွက် ဗာနွန်ဆိုတဲ့ လူက လာပြီးကမ်းလှမ်းတယ် ရှင်းရှင်းလေးပါ
သူပိုင်ဆိုင်ထားသမျှတွေ အကုန်ချရောင်း ပိုက်ဆံတွေကို အိတ်ထဲထည့် သူ့လိုပဲ လူတစ်ယောက်ကို ရှာ အဲ့လူကိုလည်း
ပိုင်ဆိုင်သမျှတွေ အကုန်ချရောင်း နှစ်ဦးနှစ်ဖက်ရင်ဆိုင်
လောင်းကစားသဘောနဲ့ နိုင်တဲ့လူက ပိုက်ဆံတွေအကုန်ယူ
အဲဒီဉာဏ်ကြီးရှင်ဗာနွန်ကတော့ ပြောပါတယ်
ဒါ စီးပွားရေးပဲ အမြန်ဆုံးချမ်းသာနိုင်တဲ့ စီးပွားရေးပဲတဲ့
ဟယ်ရီ့ခမျာလည်း မလုပ်လို့ကမဖြစ်တော့လည်း သူပြောတဲ့အတိုင်းလက်ခံလိုက်ရတော့တယ်
နောက်တော့ သူနဲ့ပြိုင်ရမယ့်သူက …
ဒီကားရဲ့ဇာတ်လမ်းက အရင်တုန်းက ကျွန်တော်တို့ တစ်ခါမှ မကြားဖူးတဲ့ အကြောင်းအရာပုံစံမျိုးပါ…
ဒါကြောင့်လားပဲမသိ ခရမ်းချဉ်သီးတောင် ၆၂ရာခိုင်နှုန်းနဲ့ လတ်လတ်ဆတ်ဆတ်လေးပဲ
ကောင်းလားမကောင်းဆိုတာတော့ ကြည့်မှသိမှာပေါ့ ဒီကားက ဆုတစ်ခုတောင်ရခဲ့သေးတယ်
ဒီကားက ကားကောင်းတစ်ကားဖြစ်တဲ့အတွက် လက်လွတ်မခံစေဖို့ပြောလိုက်ပါရစေ……
(ဇာတ်လမ်းအညွန်းကို ကိုကို Ye Khant Min မှ ရေး ပေးထားတာဖြစ်ပါတယ်)
*** Update From www.channelmyanmar.org
File size…(850 MB)
Quality…720p Bluray
Format…mp4
Duration….01:30:30
Subtitle….Myanmar Subtitle (Hardsub)
Encoder…. Arkar Phyo

Download Here (850 MB)

 

Download Small File Size (550 MB)
 
 
 

Vigilante Diaries (2016) မြန်မာစာတန်းထိုး



Vigilante Diaries ဇာတ်ကားက Rating 5.3 ရရှိထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်
၉၀ပြည့်နှစ်များက သူရဲကောင်းတွေနဲ့ ရိုက်ကူးထားတဲ့ အက်ရှင်ဇာတ်ကြမ်းပါ
ဒီဇာတ်ကားမှာ လျှို့ဝှက်စစ်ဆင်ရေးလုပ်တဲ့ အေးဂျင့်တွေဟာ ရာဇဝတ်သားဘဝကိုရောက်သွားတဲ့ ပုံမျိုးတင်ဆက်ထားတာပါ
ရသစုံစုံလင်လင် ခံစားရမှာဖြစ်တဲ့အတွက် ထွေထွေထူးထူး ပြောနေစရာမလိုလောက်အောင် ကောင်းတဲ့ကားလေးပါ
Jason Mewesနှင့် Paul Salonတို့ခေါင်းဆောင်ပါဝင်ထားပြီး ဒါရိုက်တာကတော့ Christian Sesmaဖြစ်ပါတယ်
(ဇာတ်လမ်း အညွန်းကိုတော့ မမ Bommy Chan မှရေးပေးထားတာဖြစ်ပါတယ်)
*** Update From www.channelmyanmar.org
File size…(750 MB)
Quality…720p Bluray
Format…mp4
Duration….01:48:30
Subtitle….Myanmar Subtitle (Hardsub)
Encoder…. Arkar Phyo

Download Here (750 MB)

*** Phone ဖြင့်အသုံးပြုသူများ UC Browser ကိုသုံးရင် ပိုအဆင်ပြေပါတယ့်

 

Vacance (2013) မြန်မာစာတန်းထိုး 20+


ဇာတ်လမ်းအကျဉ်းပြောရမယ်ဆိုရင်
ကိုးရီးယားမှာပြည့်တန်ဆာလုပ်ငန်းတွေ လူကုန်ကူးတာတွေ မကောင်းမှုဒုစရိုက်တွေ
ခေတ်ထနေတဲ့အချိန်ပေါ့
လူဆိုးဂိုဏ်းတခုမှာ အဖမ်းခံထားရတဲ့ချစ်သူကိုသွားကယ်တဲ့ဂျွန်ဆန်းဟာ
လူဆိုးတွေရဲ့ညင်ပန်းနှိပ်စက်မှုကိုခံရပြီး ခြေထောက်တဖက်အကြောဖြတ်ခံလိုက်ရပါတယ်
ဂျွန်ဆန်းရဲ့ချစ်သူဟာလည်းမျက်လုံးတဖက်ဓါးနဲ့အလှီးခံလိုက်ရတယ်…
နောက်ငါးနှစ်ကြာတဲ့အချိန်မှာဂျွန်ဆန်းတို့စုံတွဲဟာ သူတို့ကိုနှိပ်စက်ခဲ့တဲ့
လူဆိုးဂိုဏ်းက ခေါင်းဆောင်သုံးယောက်ကိုလက်စားချေဖို့အတွက်
မိန်းကလေးသုံးယောက်ကိုငှားရမ်းခဲ့ပါတော့တယ်….
ထိုသုံးယောက်ကတော့ ရုပ်ရှင်စတား ဂျေဘင်း…ယောကျာ်းတွေကိုမြူဆွယ်ရာမှာတော်တဲ့ ဟေရင်းနဲ့
ရည်စားပွေရှုပ်တဲ့ ဟန်ယူဟီးတို့ပဲဖြစ်ပါတယ်…
ထိုသုံးယောက်က ဘယ်လိုလက်စားချေကြမယ်ဆိုတာကိုကြည့်ရှုကြပါအုံးဆို့
မိမိပြုလုပ်သောမကောင်းမှုသည်မိမိဆီကိုပြန်လာတတ်သည်ဆိုတဲ့ သဘောတရားကို
အခုကားမှာ တွေ့ရှိရမှာဖြစ်ပါတယ်…စကားလုံးများနှင့် ဇာတ်ဝင်ခန်းများသည်
အသက်မပြည့်သေးသောသူများများကြည့်ရှုရန်မသင့်တော်ပါ

Download And watch With Pcloud Link Full HD

 

Download And watch Pcloud Link Small File Size

 

Download And Watch On Facebook

 

(ဇာတ်ကားအညွန်းနဲ့ ဘာသာပြန်သူကတော့ Ap Newschoolပဲ ဖြစ်ပါတယ်)
*** Update From www.channelmyanmar.org


 

Wazir (2016) - မြန်မာစာတန်းထိုး

 
IMDb rating 7.2 ရရှိထားပြီး နာမည်ကြီး မင်းသားကြီး အမီတာဘချမ်း ပါရင်သရုပ်ဆောင်ထားတဲ့ သဲထိပ်ရင်ဖိုမှုခင်းကားတကားနဲ့ မိတ်ဆက်ပေးခြင်ပါတယ် ဒီဇာတ်ကားဟာ ၂၀၁၆ ခုနှစ်အတွက် top hit movie လို့တောင်ပြောကြတဲ့ အထိအောင်မြင်မှုရခဲ့တဲ့ ဇာတ်ကားတစ်ကားပါ ဇာတ်လမ်းလေးမတူညီတဲ့ လူ၂ယောက်ရဲ့ စရိုက်ကို ရိုက်ကူးပြထားတာဖြစ်ပါတယ်
ဇာတ်လမ်းအကျဉ်းလေးကတော့ အကြမ်းဖက်တိုက်ဖျက်ရေး နှိမ်နင်းရေးအရာရှိ ဒန်းနစ်ရှ်ဟာ သူ့ဇနီးနဲ့ သာယာတဲ့ မိသားစုဘ၀လေးကိုပိုင်ဆိုင်ထားပြီး တနေ့မှာ သူ့သမီးဖြစ်သူနဲ့ ကားမောင်းပြီး အပြန်လမ်းမှာ သူအရင်ကဖမ်းဆီးခဲ့ဖူးတဲ့ အကြမ်းဖက်ခေါင်းဆောင်က ပြန်လည်လက်စားချေရာမှ သမီးဖြစ်သူ နောရစ်ဟာ သေဆုံးသွားခဲ့ပါတယ် ဒီလိုနဲ့ သူဟာ အဖမ်းစီးခံထားရစဉ်မှာ သူ့ဆရာ အမီတာဘချမ်း (ချက် ချန်ပီယံကြီးက ) သင်ကြားပေးခဲ့တဲ့ တွေးခေါ်စဉ်းစားနည်းတွေနဲ့ ဘယ်လိုကြံဆ မလဲ
သူ့ဇနီး ကကော အကြမ်းဖက်သမားရဲ့ သတ်ဖြတ်လုပ်ကြံမှုကိုခံရမလား
သူ့နဲ့ သူ့ဇနီးတို့ကော ပြန်လည် ပေါင်းစည်းနိုင်ပါ့မလား
ဆိုတာတွေကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှု့ရမှာ ဖြစ်ပါတယ်
ပရိတ်သတ်ကြီးအနေနဲ့ ဇကားကြည့်နေတုန်း ရေဘူးလေးတော့ ဆောင်ထားနော် ရင်မောရင် ရေလေးသောက်ပြီး အမောဖြေရအောင် 😛
အညွှန်းကို ကသာသားလေးမှ ရေးပေးထားပြီး ကျော်စိုးဟန် မှ Encode ပေးထားပါတယ်..
(သစ်ဆန်းခန့်)
 
 
 
 
 
File size – ( 750MB )
Quality – HD Rip 720P
Format – MP4
Subtitle – Myanmar Subtitle
Encoder – Kyaw Soe Han
***Update From www.channelmyanmar.org

Never Gone (2016) မြန်မာစာတန်းထိုး



Kris လို့လူသိများတဲ့ EXO M leader ဖြစ်ခဲ့ဖူးတဲ့ မင်းသား Wu Yi Fan နဲ့ ဂူဂူးလို့မြန်မာမှာလူသိများတဲ့ မင်းသမီး Liu Yifei တို့အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ Drama, Romance အမျိုးအစားဖြစ်ပါတယ်။IMDb Rating (6.2/10) ရရှိထားတဲ့နာမည်ကြီးဇာတ်ကားပါ။
Kris ကကျေးလက်သူလေးတစ်ယောက်ကိုချစ်မိသွားတဲ့ ကြွယ်ဝချမ်းသာတဲ့သူဌေးသားလေးချောင်ဇောင်းအဖြစ်လည်းကောင်း….(ဂူဂူး)က ချစ်သူကိုချစ်လွန်းလို့ အရာရာကိုချစ်သူအလိုကျ မျက်နှာတစ်ချက်မနွမ်းအောင်ဖြည့်ဆည်းပေးခဲ့တဲ့ ဆုရင်အဖြစ်လည်းကောင်းပုံဖော်ထားပါတယ်။
အချစ်စစ်တို့သဘောအတိုင်းမဖြောင့်ဖြူးနိုင်တဲ့သဘောရှိတာမို့ သူတို့ရဲ့အချစ်လမ်းမှာ ဘယ်လိုကံကြမ္မာမုန်တိုင်းတွေဝင်ရောက်လာမလဲဆိုတာ….။
ဘယ်လိုကံကြမ္မာတွေပဲဝင်ရောက်လာလာ …အနားမှာရှိရှိ..မရှိရှိ.. အချစ်ဆိုတာ ရင်ထဲမှာထာဝရကိန်းအောင်းနေမယ့် နှလုံးသားတစ်ခုပဲမဟုတ်ပါလား။

ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပြီး အခန်းတိုင်းလိုလိုစိတ်ဝင်စားစရာတွေပါနေလို့ Romance ကြိုက်သူတွေ ဂူဂူးပရိတ်သတ်တွေ Kris ပရိတ်သတ်တွေ လက်လွတ်မခံသင့်တဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်..။
( ဒီကားလေးရဲ့အညွှန်းနဲ့ဘာသာပြန်ကတော့ CM Team မှ Moe Myint Lwin ဘဲဖြစ်ပါတယ်။ )

*** Update From www.channelmyanmar.org

File size…(850MB)
Quality…WEB-DL Rip 720p
Format…mp4
Duration….01:35:45
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung 


Download and Watch 720p HD

 

Download and Watch 360p Small File Size (350MB)

 

 

 

Traffic (2016) မြန်မာစာတန်းထိုး



ဒီနှစ်မှထွက်တဲ့ ဘောလိဝုဒ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ
ဒီကားထဲမှာတော့ ပရိတ်သတ်တွေသိလောက်တဲ့ တော်တော်ကြီးကို ရင်နှီးနေမယ့် မင်းသား မင်းသမီးတွေပါဝင်ထားပါတယ်
ဒီကားက တကယ်တော့ ချင်းနိုင်မှာဖြစ်ပျက်ခဲ့တဲ့ အိန္ဒိယတစ်နိုင်ငံလုံးကို တုန်လှုပ်ခြောက်ချားသွားစေခဲ့တဲ့ အဖြစ်အပျက်တစ်ခုကို မှီငြမ်းရိုက်ထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်ပါ
ဇာတ်လမ်းအကျဉ်းကတော့ ရှင်းပါတယ်
နာမည်ကြီးစူပါစတားတစ်ယောက်ရဲ့ သမီးလေး နှလုံးရောဂါဖြစ်လို့ ခွဲစိတ်ကုသရတော့မယ့် အချိန် နှလုံးအစားထိုးဖို့ရှာနေတဲ့အချိန်
သူနဲ့ကိုက်တဲ့နှလုံးရလာတော့ အချိန်ကလည်းကပ်နေပြ ဘယ်လိုမှပို့ပေးလို့မရတဲ့အချိန်မှာ
တစ်နာရီကို ၁၂၀ကီလိုနှုန်းနဲ့ ကမ္ဘာပေါ်မှာ အရှုပ်ဆုံးလမ်းတွေထဲတစ်ခုဖြစ်တဲ့ မွန်ဘိုင်းလမ်းတွေပေါ်မှာ မောင်းရဖို့ ကြုံလာတော့အခါ…
ဇာတ်လမ်းကတော့ ဒီလောက်ပါပဲ ဒါပေမယ့် ဒီကားကပေးသွားတဲ့ အတွေးလှိုင်းဂယက်တွေကိုတော့ ချုပ်ထိန်းလို့မရစေရဘူးလို့ အာမခံနိုင်ပါတယ်
တွေးစရာတွေ plot တွေ အများကြီးချန်သွားခဲ့တဲ့ ကားကောင်းတစ်ကားပါလို့…
(ဇာတ်လမ်းအညွန်းကိုတော့ ရဲခန်.မင်းမှ ရေးပေးထားတာဖြစ်ပါတယ်)

File size…(800MB)
Quality…BR-Rip 720p
Format…mp4
Duration….01:44:56
Subtitle….Myanmar Subtitle (Hardsub)
Encoder….Thanhtike Zaw

*** Update From www.channelmyanmar.org


Download Here (800MB)

 

Download Small File Size (400MB)* uploading
 

The Garden of Words (2013) မြန်မာစာတန်းထိုး

 

2013 ထွက် ဂျပန် Anime ကောင်းလေးတစ်ခု တင်ပေးလိုက်ပါတယ်။ IMDb 7.3 နဲ့ Romance Drama အမျိုးအစားလေးပါ။ ဇာတ်လမ်းကတော့ ၁၅ နှစ်အရွယ် ဖိနပ်ချုပ်သမားလေး တစ်ယောက်ဟာ မိုးရွာတဲ့ မနက်ခင်းတွေမှာ ပန်းခြံတစ်ခုထဲမှာ ၂၇ နှစ်အရွယ် ထူးဆန်းတဲ့ အမျိုးသမီးတစ်ဦးနဲ့ အမြဲတစေ တွေ့ဆုံမိတတ်ပါတယ်။ ဖိနပ်ချုပ်သမားလေး Takao ဟာ မနက်ခင်း အတန်းတွေကိုလစ်ပြီး ဖိနပ်ဒီဇိုင်းထွင်ဖို့ လာနေခဲ့သလို အမျိုးသမီးလေး Yukino ဟာလည်း သူ့ပြဿနာတွေကြောင့် အလုပ်ကို ရှောင်တိမ်းရင်း လာနေခဲ့ကြတာပါ။ Takao ဟာ သူ့နှစ်သက်တဲ့ ဖိနပ်ပြုလုပ်ချင်း ပညာကို မျှဝေခံစားရင်း သူ့အတွက် ဖိနပ်တစ်ရံလုပ်ပေးဖို့တောင် ပြောခဲ့ပေမယ့် Yukino ကတော့ သူ့အကြောင်း ဘာမှဖွင့်မပြောပြခဲ့ပါဘူး။ တစ်နေ့မှာတော့ Takao တစ်ယောက် Yukino ရဲ့ ဘ၀ကို သိသွားတဲ့အခါ…….

 ***Update From www.channelmyanmar.org

File size…(650MB)
Quality…BR-Rip 720p
Format…mp4
Duration….00:46:56
Subtitle….Myanmar Subtitle (Hardsub)
Encoder….Thanhtike Zaw

Download Here (650 MB)

 

Download Small File Size (330MB)
 

Mechanic Resurrection (2016) မြန်မာစာတန်းထိုး




အားလုံးမျော်လင့်စောင့်စားနေတဲ့ ဇာတ်ကားလေးတစ်ကားတော့ ပရိသတ်ရှေ့မှောက်ကို ပို့ပေးလိုက်ပါပြီ။ မက္ကင်းနစ်လို့ဆိုလိုက်တာနဲ့    ဂျေဆန်စတေသန်ကို အားလုံးပြေးမြင်မိကြမှာပါ။ အပိုင်း၁ကတော့ ထွက်ထားတာ နစ်အနည်းငယ်ကြာခဲ့ပါပြီ။ ကြေးစားလူသတ်သမားတစ်ဦးရဲ့ စွန့်စားမှု၊ ဥာဏ်ကိုလွာသုံးတတ်မှု၊ အကွက်မြင်တတ်မှုကို အတိအကျရိုက်ကူးနိင်ခဲ့တာကြောင့် အပိုင်း၁ဟာ ပရိတ်သတ်တွေအားပေးမှုကို အခိုင်အမာရရှိခဲ့ပါတယ်။ ခုတော့ပရိတ်သတ်တွေမျှော်လင့်နေတဲ့ မက္ကင်းနစ်အပိုင်း၂ကို ပရိတ်သတ်တွေဆီ အရောက်ပို့ပေးလိုက်ပါပြီ။ ဘယ်လောက်ပဲသွေးအေးတဲ့ လူသတ်သမားဖြစ်လင့်ကစား အချစ်အတွက်ဆိုရင် ဘာမဆိုလုပ်ရဲတဲ့ ဇာတ်ကောင်ဘစ်ရှော့အဖြစ် ကျွန်တော်တို့ရဲ့ ဟီးရိုးကြီးကိုမြင်တွေ့ရမှာပါ။ မိမိချစ်တဲ့မိန်းကလေးကို ဓါးစားခံလုပ်ပြီး အလွန်ပင်အာဏာကြီးမားတဲ့ ဒုစရိုက်ခေါင်းခေါင်းဆောင်၃ဦးကို လုပ်ကြံခိုင်းတဲ့အခါမှာ ဘစ်ရှော့ဘာတွေလုပ်မလဲ? ထိုဂိုဏ်းခေါင်းဆောင်၃ဦးကို လုပ်ကြံဖို့ ဘာတွေကြံစည်မလဲ? တစ်ကျွန်းကျနေသည့် ဂိုဏ်းခေါင်းဆောင်ကိုတစ်ကျွန်းထိလိုက်လံ လုပ်ကြံသည့်ဘစ်ရှော့ရဲ့ စွန့်စားခန်းတွေကို ရင်သပ်ရှုမောဖွယ် မြင်တွေ့ရအုံးမှာပါ။ သေချာပါတယ် ပရိတ်သတ်တွေလက်မလွတ်သင့်တဲ့ ဇတ်ကားကောင်းတစ်ကားလို့ ခိုင်ခိုင်မာမာပြောရဲပါတယ်။
*** Update From www.channelmyanmar.org
File Size       : 700Mb
Quality         : HDrip
Duration      : 1hr 40 min
Translator   : Soe Htwe
Encoder       : Nyein Saeyar Aung

Download Here (700Mb)

 

Download Here (340Mb)


The Mechanic(2011) - မြန်မာစာတန်းထိုး





အက်ရှင် ဇာတ်ကြမ်းကား နှစ်သက်သည့် ပရိသတ်စိတ်ကြိုက်တွေ့မည့် ဇာတ်ကား ဖြစ်ပါတယ်..။
ခေါင်းဆောင် မင်းသားမှာ Transporter, War, Death Race ဇာတ်ကားတွေထဲက နာမည်ကြီး အက်ရှင်မင်းသား ဂျေဆန်စတက်ဟန် ဖြစ်ပြီး သူနှင့် အတူ
လူငယ်မင်းသား ဘန်ဖော်စတာလည်း ပါဝင်ထားပါတယ်………။
ဒါရိုက်တာမှာ ဆီမွန်ဝက်စ်ဖြစ်ပြီး ကုန်ကျစရိတ် Budget ဒေါ်လာသန်း ၄ဝ အကုန်အကျခံ ထုတ်လုပ်ထားသည့် ဇာတ်ကား ဖြစ်ပြီး ယခုဇာတ်ကားမှာ ၁၉၇၂ခုနှစ်က The Mechanic  ဇာတ်ကားကို ပြန်လည် Remake လုပ် ရိုက်ကူးထားခြင်း ဖြစ်ပါတယ်။
ထိုစဉ်အခါတုန်းက မင်းသားမှာ ချာလီးစ်ဘရွန်ဆင် ဖြစ်ပါတယ်။
စက်တစ်ခုလို တိကျသေသပ်စွာအသက်ရှင်နေသော လူတစ်ယောက်အကြောင်းကို ရိုက်ပြထားပါတယ်….။
IMDb Rating (6.6/10 )ပါ။

File size…(700MB)
Quality…BR-Rip 720p
Format…mp4
Duration….01:27:36
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung

*** Update From www.channelmyanmar.org

 

Download and Watch 720p HD

10 Cloverfield Lane (2016) မြန်မာစာတန်းထိုး


ဒီဇတ်လမ်းလေး ရဲ့ အစမှာ ဘာစကားမှ မပြောသေးပဲ အမျိုးသမီး တစ်ဦးဟာ ချီတုံချတုံ ပုံစံ နဲ့
ခရီးတစ်ခုကို ကားနဲ့ တစ်ယောက် ထဲ ထွက်ခဲ့ပါတယ်…
ခရီးအတော်ပေါက်ခဲ့တဲ့ အချိန်မှာတော့ ဖုန်းလာပါတယ် သူမ ချစ်သူ ဆီက ဖြစ်ပြီး ပြန်လာဖို့ တောင်းပန်ပြောဆိုသံတွေနဲ့
ဘာမှ စိတ်လှုပ်ရှားဖို့ ကောင်းတဲ့ အခန်းလဲ မရှိပါလားလို့ တွေးနေတုန်း သူမ ကား ရုပ်တရက် အက်စီးဒင့် ဖြစ်ပြီး မှောက်သွားပါတယ်…
သူမ ပြန်သတိရတဲ့ အချိန်မှာတော့ သူမ ခြေထောက် ကျိုးနေတာကို တွေ့ရပြီး ပိတ်လှောင်ထားတဲ့ အခန်းမှောင်မှောင်ထဲမှာ ရောက်နေတာကို
သတိပြုမိသွားသလို မေးခွန်းတွေ အများကြီး သူမ ခေါင်းထဲကို ၀င်လာပါတော့တယ်….
Director: Dan Trachtenberg ရိုက်ကူးထားပြီး March 11, 2016 (USA) မှာ ရုံတင်ပြသခဲ့တဲ့
အချိန်  1h 46m ခန့် ကြာမြင့်သော Fantasy/Mystery  အမျိုးအစား ရုပ်ရှင်ဖြစ်ပါတယ်…
Box office: 108.3 million USD ရရှိခဲ့ပြီး  IMDB 7.3/10 ရရှိထားတာဖြစ်ပါတယ်
ဒီရုပ်ရှင်ကို IMDb ရဲ့ 7.3 ဆိုတဲ့ အတိုင်းအတာကို အရင်မသိသေးပဲ ကြည့်မိရင် အစပိုင်းလေးတင်
ဟာ ကြောင်တောင်တောင်နိုင်လိုက်တာ ဘာကြီးမှန်းမသိဘူး ဆိုပြီး ဖြစ်မိပါလိမ့်မယ်
ဒါပေမယ့် တွေးစရာတွေ သံသယ တွေ အများကြီး ပေးနိုင်တဲ့ ဇတ်ကွက်တွေ နဲ့ တည်ဆောက်ထားတာဖြစ်လို့
စိတ်လှုပ်ရှား ရင်ခုန်စွာ ကြည့်ရှုရမှာပါ
(သစ်ဆန်းခန့်)
===============
File size – ( 600MB )
Quality – HD Rip 1080P
Format – MP4
Subtitle – Myanmar Subtitle
Encoder – Kyaw Soe Han
*** Update From www.channelmyanmar.org

The Purge (2013) - မြန်မာစာတန်ထိုး


၂၀၂၂ ခုနှစ် မတ်လ ၂၁ ရက်နေ့ မှာ … ဂျိမ်း(စ်) ဆန်ဒင် [Ethan Hawke] ဟာ လော့စ်အိန်ဂျလိစ် မြို့ က သူ့ ရဲ့  အပန်းဖြေ စံအိမ်ကြီးကို ပြန်ပြီး သူ့ ဇနီး မေရီ [Lena Headey] နဲ့  သူတို့ ရဲ့  ရင်သွေးလေးတွေဖြစ်တဲ့ ဇိုဝီ [Adelaide Kane] နဲ့  ချာလီ [Max Burkholder] ကို စောင့်မျှော်နေခဲ့ပါတယ် ဂျိမ်းစ် က လုံခြုံရေး စနစ်တွေကို တာဝန်ယူဖြေရှင်းပေးတဲ့ ကုမ္ပဏီတစ်ခုက ၀န်ထမ်းတစ်ယောက်ဖြစ်ပါတယ် တစ်ညမှာတော့ အရေးပေါ်ကြေညာချက်တစ်ခုထုတ်ပြန်ပြီး အားလုံးကို ရွှေ့ ပြောင်းဖို့  အသိပေးထားတဲ့အချိန်မှာ ဇိုဝီ ဟာ သူ့ ကောင်လေး ဟင်နရီ [ Tony Oller ] ကို အမှတ်မထင် တွေ့ ရှိလိုက်ပါတယ် ပြဿနာကတော့ အဲ့ဒီကောင်လေးကို ဂျိမ်း(စ်) က စိတ်ထဲမှာ ဘ၀င်မတွေ့ တာပါပဲ ဒါနဲ့  ဂျိမ်း(စ်) ဟာ သူတို့ အိမ်ရဲ့  လုံခြုံရေး စနစ်တစ်ခုလုံးကို စတင် အလုပ်လုပ်စေခဲ့ပြီး သူတို့ မိသားစုကို အခြား ဘယ်သူမှ မမြင်နိုင်အောင် လုပ်ဆောင်ခဲ့ပါတယ် ဒါပေမဲ့ သူ့ ရဲ့ ခေါင်းမာတဲ့ သမီးလေးကတော့ သူ့ ကောင်လေးနဲ့  ဆက်သွယ်နိုင်ဖို့ ကြိုးစားလာတဲ့အခါမှာ … ဘာတွေဆက်ဖြစ်လာမလဲ …. သူတို့  တစ်မိသားစုလုံး ကော ဘေးအန္တရာယ် ကင်းနိုင်ပါ့မလားဆိုတာကိုတော့ ဆက်လက် ရှုစားပေးကြပါ ခင်ဗျား
*** mmsubtitles မှ ကူးယူးဖော်ပြသည်။။။

** The Purge (2014) မြန်မာစာတန်းထိုးကို ဒီမှာ သွားကြည့်လိုက်ပါ့

Download And Watch Pcloud HD

Download And Watch Pcloud Small File



The Amazing Wiplala (2014) မြန်မာစာတန်းထိုး


ဇာတ်လမ်းလေးက နာမည်ကြီး Dutch စာရေးဆရာအကျော်အမော် Annie M. G. Schmidt ရေးသားထုတ်ဝေခဲ့တဲ့ Wiplala ၀ထ္ထု ကိုအခြေခံပြီး ပြန်လည်ရိုက်ကူးထားတာပါ။ ၀ှပ်လာလာ တယောက်အမှားကြီးတစ်ခုကျူးလွန်မိပြီး ပြေးမိပြေးရာ ပြေးရင်း သားအဖသုံးယောက်နေတဲ့ အိမ်ကြီးထဲကိုရောက်သွားပါတော့တယ်
တကယ်တော့ ၀ှပ်လာလာဆိုတာ ငလက်မလေးတွေပါ။ ၀ှပ်လာလာဟာ အိမ်ကြီးထဲကိုရောက်ပြီဆိုတာနဲ့ သူတက်ထားတဲ့ မှော်အစွမ်းတွေ နဲ့စပြီး ဂြိုလ်မွှေတော့တာပါပဲ။ သူဘယ်လောက်ထိ ဂြိုလ်မွှေမလဲ၊ သူဂြိုလ်မွှေထားတာတွေကိုရော သူပြန်ရှင်းနိုင်ပါ့မလား ဆိုတာကိုတော့ခုပဲ....
*** Update From www.channelmyanmar.com
(ဇာတ်ကားအညွန်းနဲ့ ဘာသာပြန်သူကတော့ Aye Min Oo ဖြစ်ပါတယ်)

Watch and Download Pcloud (700MB)

Watch And Download Pcloud (359MB)

31 (2016) မြန်မာစာတန်းထိုး


ဖျော်ဖြေရေးသမား ငါးယောက် ခရီးစဉ်တစ်ခုမှာ ပြန်ပေးဆွဲခံရပါတယ်။
ပြန်ပေးဆွဲခံရတဲ့နေရာက ချောက်ချားဖွယ်နေရာ တစ်ခု
အဲ့နေရာမှာပဲ ကြောက်မက်ဖွယ်ကောင်းပြီးရက်စက်တဲ့ဂိမ်းတစ်ခုမှာ ပါဝင်စေခြင်း ခံရတယ်…
အဲ့ဂိမ်းက ရက်စက်တဲ့ လူပြက် ပုံစံ လူသတ်သမားတွေရဲ့ လက်ကနေ ၁၂နာရီ ကြာအောင် အသက်ရှင်ရမယ် ဆိုတာ ပါပဲ……။
အရမ်း ရက်စက်တဲ့ သူတွေ ရဲ့လက်ထဲမှာ သူတို့ ၁၂နာရီ ကြာအောင် အသက်ရှင်နိုင်ပါ့မလားဆိုတာ….။
IMDb (5.6)ရရှိထားတဲ့ ဒီဇာတ်ကားဟာ သွေးထွက်သံယိုတွေကို အမှန်အကန် ရိုက်ပြထားလို့ ကြောက်တတ်သူများနဲ့ ကလေးငယ်များမကြည့်သင့်ပါ။
(Tariq L Walker မှခံစားတင်ဆက်ထားပါတယ်။)
*** Update From www.channelmyanmar.org

File size…(700MB)
Quality…Web-DL Rip 720p
Format…mp4
Duration….01:43:20
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung

Download and Watch 720p HD Link -1


Download and Watch 720p HD Link - 2

PK (2014) မြန်မာစာတန်းထိုး


India နိုင်ငံ Rajasthan သဲကန္တာရတစ်နေရာ….
ရွေ့လျားနေသောတိမ်တိုက်ကြီးတစ်ခုမြေပြင်သို့ တဖြည်းဖြည်းချဉ်းကပ်လာနေပါတယ်…
တိမ်တိုက်အတွင်းမှာတော့ ပန်းကန်ပြားပျံသဏ္ဍာန်ယာဉ်ပျံတစ်စင်း
အဆိုပါယာဉ်ထဲမှ ဝတ်လစ်စလစ်နှင့် လူသားသဏ္ဍာန်တစ်ခုဆင်းလာပါတယ်
ထို့နောက်ယာဉ်ပျံကပြန်လည်ထွက်ခါသွားပါတော့တယ်
သူ့လည်ပင်းမှာတော့ အလင်းရောင်တွေထွက်နေတဲ့အဝိုင်းပြားတစ်ပြားကို ဆွဲကြိုးအဖြစ်ဆွဲထားပါတယ်
အဆိုပါဆွဲကြိုးဟာ သူ့အတွက် သူ့ယာဉ်ပျံနဲ့ပြန်လည်ဆက်သွယ်ရာမှာအသုံးပြုတဲ့ remote control ဆိုလည်းမမှားပါဘူး
ကမ္ဘာကြီးကသူ့အတွက်တော့ မရင်းနှီးသေးတဲ့ပတ်ဝန်းကျင်တစ်ခုပေါ့
India အမျိုးသားကြီးတစ်ယောက်ကို သူတွေ့တဲ့အခါ ထိုအမျိုးသားကြီးဆီသူလျှောက်သွားတယ်
ထိုအမျိုးသားကြီးက သူ့လည်ပင်းကဆွဲကြိုးကို ဖြုတ်လုပြီး ခုတ်မောင်းလာနေတဲ့ ရထားတွဲပေါ်ပြေးတက်လိုက်ပါသွားတယ်
သူလည်းသူ့ဆွဲကြိုးလေးပြန်ရဖို့ကြိုးစားရင် ထိုအမျိုးသားကြီးဆီက ရေဒီယိုလေးတစ်လုံးကို ပြန်ရခဲ့ပါတယ်
သဲကန္တာရအလယ်
အခြားကမ္ဘာက ဝတ်လစ်စလစ်ဂြိုလ်သားတစ်ယောက်
ရေဒီယိုလေးတစ်လုံးပိုက်လို့
သူနေထိုင်ရာဂြိုလ်ဆီပြန်ဖို့ remote control ကလည်းပျောက်ဆုံးသွားခဲ့ပြီ
လူသားတွေရဲ့အလေ့အထ ကမ္ဘာကြီးရဲ့ ယဉ်ကျေးမှုပညတ်တွေ ဘာသာစကားတွေ ဘာမှနားမလည်တဲ့ သူ့အဖို့ ဒီ remote control လေးကို ဘယ်လိုပြန်ရှာဖွေမှာလဲ
လူတွေကတော့ သူ့ကို PK လို့ခေါ်ကြတယ်
သူနေထိုင်ရာ ဂြိုလ်မှာ ဘာသာစကားမရှိဘူး
အဝတ်အစားမဝတ်ဘူး အတွေးနဲ့စကားပြောကြတယ်
သူ့မှာအမည်နာမ မရှိဘူး
လူသားတွေလို စကားတစ်ခွန်းကြောင့် နားလည်မှုလွဲပြီးအမုန်းတွေမပွားကြဘူး
PK အတွက်တော့ လူသားတွေလို ပြုမူနေထိုင်နိုင်ဖို့တော်တော်လေ့လာသင်ယူခဲ့ရတယ်
အဝတ်အစားကိုမှန်ကန်အောင်ဝတ်နိုင်ဖို့ ငွေကြေးတွေသုံးစွဲဝယ်ယူတတ်ဖို့နဲ့ ဘာသာစကားတွေကို ပြောဆိုတတ်ဖို့ သူ့အတွက် ခြောက်ပတ်တိတိလေ့လာခဲ့ရတယ်
PK ရဲ့ ထူးခြားတဲ့အမူအကျင့်တွေကို သတိထားမိခဲ့သူ သတင်းထောက်မလေး Jaggu ဟာ PK အကြောင်းကို သိရဖို့ကြိုးစားပါတော့တယ်
PK အတွက်မ္ဘာပေါ်မှာ ဘယ်လိုအတွေ့အကြုံတွေကိုဆက်လက်တွေ့ရမှာလဲ
သူ့ remote control လေးကို ပြန်ရှာတွေ့နိုင်မှာလား
…….
PK ဇာတ်ကားဟာ 2014 ခုနှစ်ထွက် Bollywood ရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်ပြီး Ghajini (2008), 3 Idiots (2009) နဲ့ Dhoom 3 (2013) စတဲ့ဇာတ်ကားတွေနဲ့ အောင်မြင်ခဲ့တဲ့ မင်းသား Aamir Khan ကခေါင်းဆောင်ပါဝင်ထားပြီး မင်းသမီး Anush Sharma နဲ့အတူ ဒါရိုက်တာ Rajkumar Hirani ကရိုက်ကူးပေးထားတာပါ
Vinod Chopra Films မှထုတ်လုပ်ပြီး UTV Motion Pictures မှ 2014 ခုနှစ် December 19 ရက်တွင် ဖြန့်ချိပေးခဲ့ရာ ဖြန့်ချိပြီး ၂ ပတ်အတွင်းမှာပင် India နိုင်ငံရဲ့ ရုပ်ရှင်သမိုင်းတစ်လျောက် ဝင်ငွေအကောင်းဆုံးဇာတ်ကားအဖြစ် ရပ်တည်နိုင်ခဲ့ပြီး ကမ္ဘာတစ်ဝှမ်း 2014 ခုနှစ်ထွက်ရှိသမျှဇာတ်ကားတွေထဲမှာတော့ ဝင်ငွေအကောင်းဆုံး နံပါတ် ၆၅ အဖြစ်ရပ်တည်နေပါတယ်
ရိုက်ကူးထုတ်လုပ်မှုစရိတ် ဒေါ်လာ ၁၃ သန်းကုန်ကျခဲ့တဲ့ PK ရုပ်ရှင်ဇာတ်ကားဟာ အခုချိန်ထိဝင်ငွေ ၉၂ သန်းကျော် ပြန်လည်ရှိထားပါတယ်
ဘာသာရေးနဲ့ ပတ်သက်ပြီး သရော်ထားတဲ့ဇာတ်ဝင်ခန်းတွေကြောင့် ဝေဖန်ခံရမှုတွေရှိခဲ့ပေမယ့် PK ဇာတ်ကားဟာ ကျွန်တော်တို့တွေ နေ့စဉ်ဘဝမှာ အမြဲတမ်းကြုံတွေ့နေရတဲ့ လောဘ ဒေါသ မောဟတွေ နဲ့ ဘာသာရေးကိုခုတုံးလုပ်မှုတွေ လွဲမှားစွာကိုးကွယ်ယုံကြည်မှုနေတဲ့ အစွန်းရောက်လွန်းလှတဲ့ အယူအဆအချို့ကိုပါ လှပစွာမီးမောင်းထိုးပြနိုင်ခဲ့ပါတယ်
ကျွန်တော်တို့တွေရောရိုးသားစွာယုံကြည်သက်ဝင်နေကြတာလား
သေသေချာချာတွေးတောကြည့်ဖြစ်ကြရဲ့လား
လွဲမှားနေတဲ့ အယူအဆအဟောင်းတွေနောက်လိုက်မိနေကြပြီလား
PK နဲ့အတူအတွေးနယ်ချဲ့ကြည့်ရအောင်လားဗျာ….
IMDb Rating: 8.7/10
L.H
(ရုပ်ရှင်အညွှန်းကို International Movie News နိုင်ငံတကာရုပ်ရှင်ချစ်သူများ Facebook Page မှကူးယူဖော်ပြပါသည်)
မြန်မာစာတန်းထိုးကိုတော့ ကျွန်တော်တို့ Channel Myanmar ရဲ့ပရိတ်သတ်တစ်ယောက်ဖြစ်တဲ့
ညီလေး မိုးစက် မှဘာသာပြန်ခဲ့တာဖြစ်ပြီး သူ့ရဲ့ကြိုးစားအားထုတ်မှုအတွက် ဇာတ်ကားကြည့်ပြီးသွားရင် အကျိုးအကြောင်းလေးကို
Comment လေးတွေပြန်လာရေးပေးဖို့ တောင်းဆိုချင်ပါတယ်။

*** Update From www.channelmyanmar.org
File size…1.2GB 
Quality….Non-Retail Blu-ray Rip 480p
Format…mp4
Duration….02:32:18
Subtitle….Myanmar Subtitle(Hardsub)
Encoder….Nyeinsaeya Aung
 
 
Download and Watch(pCloud Link) Link -2

မြန်မာစာတန်းထိုးဖိုင်(srt) ချည်းပဲလိုချင်ပါက ဒီလင့် မှာယူပါ။

10 Cloverfield Lane (2016) - မြန်မာစာတန်းထိုး


ဒီဇတ်လမ်းလေး ရဲ့ အစမှာ ဘာစကားမှ မပြောသေးပဲ အမျိုးသမီး တစ်ဦးဟာ ချီတုံချတုံ ပုံစံ နဲ့
ခရီးတစ်ခုကို ကားနဲ့ တစ်ယောက် ထဲ ထွက်ခဲ့ပါတယ်…
ခရီးအတော်ပေါက်ခဲ့တဲ့ အချိန်မှာတော့ ဖုန်းလာပါတယ် သူမ ချစ်သူ ဆီက ဖြစ်ပြီး ပြန်လာဖို့ တောင်းပန်ပြောဆိုသံတွေနဲ့
ဘာမှ စိတ်လှုပ်ရှားဖို့ ကောင်းတဲ့ အခန်းလဲ မရှိပါလားလို့ တွေးနေတုန်း သူမ ကား ရုပ်တရက် အက်စီးဒင့် ဖြစ်ပြီး မှောက်သွားပါတယ်…
သူမ ပြန်သတိရတဲ့ အချိန်မှာတော့ သူမ ခြေထောက် ကျိုးနေတာကို တွေ့ရပြီး ပိတ်လှောင်ထားတဲ့ အခန်းမှောင်မှောင်ထဲမှာ ရောက်နေတာကို
သတိပြုမိသွားသလို မေးခွန်းတွေ အများကြီး သူမ ခေါင်းထဲကို ၀င်လာပါတော့တယ်….
Director: Dan Trachtenberg ရိုက်ကူးထားပြီး March 11, 2016 (USA) မှာ ရုံတင်ပြသခဲ့တဲ့
အချိန်  1h 46m ခန့် ကြာမြင့်သော Fantasy/Mystery  အမျိုးအစား ရုပ်ရှင်ဖြစ်ပါတယ်…
Box office: 108.3 million USD ရရှိခဲ့ပြီး  IMDB 7.3/10 ရရှိထားတာဖြစ်ပါတယ်
ဒီရုပ်ရှင်ကို IMDb ရဲ့ 7.3 ဆိုတဲ့ အတိုင်းအတာကို အရင်မသိသေးပဲ ကြည့်မိရင် အစပိုင်းလေးတင်
ဟာ ကြောင်တောင်တောင်နိုင်လိုက်တာ ဘာကြီးမှန်းမသိဘူး ဆိုပြီး ဖြစ်မိပါလိမ့်မယ်
ဒါပေမယ့် တွေးစရာတွေ သံသယ တွေ အများကြီး ပေးနိုင်တဲ့ ဇတ်ကွက်တွေ နဲ့ တည်ဆောက်ထားတာဖြစ်လို့
စိတ်လှုပ်ရှား ရင်ခုန်စွာ ကြည့်ရှုရမှာပါ
File size – ( 600MB )
Quality – HD Rip 1080P
Format – MP4
Subtitle – Myanmar Subtitle
Encoder – Kyaw Soe Han
*** Update From www.channelmyanmar.org

 



Program na winyan akat (2008) - မြန်မာစာတန်းထိုး



ဒီရုပ်ရှင် အညွှန်းလေး မပြောပြခင် ရုပ်ရှင်ကို ဘာသာပြန်ပေးတာကတော့ CM Team ရဲ့ ဘာသာပြန်သူ Wut Mhone ဖြစ်ပါတယ်
ဒီကားကို ဘာသာပြန်နေရင်း ကြောက်လာလို့ ရပ်ထားလိုက် အကြောက်ပြေရင် ဆက်လုပ်လိုက်နဲ့ ရက်ပေါင်းတော်တော်ကြာမှ ပြီးသွားပါတယ်
သရဲ ရုပ်ရှင်ဆိုရင် ဘာကိုမှ မကြောက်တက်တဲ့ ကျနော်တောင် ဘာမှမဟုတ်ပါဘူး ဆိုပြီး ကျတ်သီး ထလာလို့ ကြည့်နေရင်း ပိတ်လိုက်မိတဲ့အထိ
ဖြစ်ခဲ့ပါတယ်… 😀
ဒီရုပ်ရှင် ရဲ့ ပုံစံ ကတော့ ဖြစ်ရပ်မှန် လူသတ်မှု တစ်ခုကို အခြေခံ ပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်ဟာ ရုံတင်ပြသဖို့ ရုပ်ရှင်ရုံ တစ်ခုကိုရောက်ရှိလာပါတယ်
ဖြစ်ရပ်မှန်ကို ပြန်ရိုက်ထားတာမို့ အလွန်နာမည်ကြီးနေပါတယ် ခိုးကူးတွေကလဲ ဖလင်အခန်း က ၀န်ထမ်းဖြစ်တဲ့ ရှန်း ကို ပိုက်ဆံပေး ခိုင်းစေပါတယ်
ရှန်း ဟာ မကြာသေးခင်ကမှ လောင်းကစား များ ဆေးသုံးမှု များနဲ့ အကြွေးတင်နေသူ ဖြစ်တာကြောင့် ရုပ်ရှင်ကို ကင်မရာဖြင့် ညဘက်
ခိုးရိုက်ထားဖို့ သဘောတူလိုက်ပါတော့တယ်…
သို့ပေမယ့် တစ်ခြားဝန်ထမ်းတွေ မသိအောင် ဖလင်ခန်း ၀န်ထမ်း ရှန်း တစ်ယောက် ရုံထဲတွင် ရုပ်ရှင်ကားကို ခိုးရိုက်တဲ့အခါ
မမျှော်မှန်းထားတဲ့ အဖြစ်အပျက်တွေ ထိတ်လန့်ချောက်ချားဖွယ်များ စတင်ကြုံတွေ့ရပါတယ် သူ့အတွက်  ကံဆိုးမှုတွေကျရောက်တော့မယ်အချိန်ဆိုတာကို
သူကိုယ်တိုင် မသိခဲ့သော အခါ….
(ဆက်လက်ကြည့်ရှုပါရန်)
*** Update From www.channelmyanmar.org
File size – ( 600MB )
Quality – DVD Rip Xvid
Format – MP4
Subtitle – Myanmar Subtitle
Encoder – Thit San Khant


Scooby-Doo! And WWE: Curse of the Speed Demon (2016) မြန်မာစာတန်းထိုး


စကူဘီ ဒူး ချစ်သူများအတွက် ၂၀၁၆ ထွက် အသစ်ကို တင်ပေးထားပါတယ်။ IMDb 5.8 နဲ့ပါ။ စကူဘီ ဒူး အဖွဲကို WWE ကာရိုက်တာ Undertaker, Triple H တို့ နဲ့ တွဲဖက်ပေးထားပြီး လျို့ဝှက်ဆန်းကြယ် အမှုတစ်ခုကို ဖြေရှင်းကြတဲ့ အကြောင်းပါ။ အားပေးကြပါဦး။

File size…(750MB)
Quality…BR-Rip 720p
Format…mp4
Duration….01:20:56
Subtitle….Myanmar Subtitle (Hardsub)
Encoder….Thanhtike Zaw


Download Here (750MB) Link -1


Download Here (750MB) Link -2


Download Small File Size (340 MB) Link -1

Download Small File Size (340MB) Link -2
 
 
 

Son of the Mask (2005) (မြန်မာစာတန်းထိုး)


တောင်းဆိုသူ များနေတဲ့ The Mask နဲ့ သူ့ရဲ့ အဆက် Son of the Mask ကို တင်ပေးလိုက်ပါပြီ။ ဒီဇာတ်လမ်းမှာတော့ မျက်နှာဖုံးရဲ့ စွမ်းအင်နဲ့ တိုက်ဆိုင်ပြီး မွေးဖွားလာတဲ့ကလေး နဲ့ ကလေးကို မနာလိုတဲ့ ခွေးလေးက မျက်နှာဖုံးကို ခိုးပြီး တစ်ယောက်ကို တစ်ယောက် ချောက်ချကြတာတွေ….. မျက်နှာဖုံးရဲ့ မူလပိုင်ရှင် နတ်ဘုရား လိုကီဟာ သူ့ဖခင်ရဲ့ အတင်းခိုင်းစေမှုကြောင့် မျက်နှာဖုံးရှာပုံတော်ထွက်ရင်း …..
File Size        : 600 / 400 Mb
Duration       : 1hr 30 min
Quality          : Bluray rip
Encoder        : Littleneo
Translator    : YeWai LynnHtut
Update From www.channelmyanmar.org




  
The Mask-1994 ကို ဒီလင့်က ဒေါင်းနိုင်ပါတယ်>>>>https://allmyanmarsubtitlemovies.blogspot.my/2016/07/the-mask-1994.html

Sultan (2016) မြန်မာစာတန်းထိုး ( Blu-ray Update)


နပန်းဆိုတာ အားကစားမဟုတ်ပါဘူး
ရဲရင့်တဲ့ လူ၂ယောက်ကြားက တိုက်ပွဲ
အဲ့တာ ကျွန်တော်ပြောတာ မဟုတ်ဘူးနော်
စူလ်တန်က ပြောခဲ့တာ
ကဲဗျာ ပရိတ်သတ်ကြီးအတွက် ၂၀၁၆ ထွက်
မင်းသားကြီး ဆလမန်ခန်းရဲ့ ကားသစ်တကားကို
ထပ်ပြီးတင်ပေးလိုက်ပါတယ်
အလယ်အလတ်ပိုင်းအရွယ်ရှိတဲ့ နပန်းချန်ပီယံတစ်ယောက် Olympic မှာ India ကိုယ်စားပြုဝင်ပြိုင်ပြီး လက်ဝှေ့လောကကို ပြန်လာဖို့ ကြိုးပမ်းတဲ့အကြောင်းဖြစ်ပါတယ်။
တစ်ချိန်က ပြိုင်စံရှား အောင်မြင်ကျော်ကြားလှတဲ့ နပန်းသမားကြီး Sultan ခုတော့ အကြောင်းအမျိုးမျိုးကြောင့် အရှုံးသမားဖြစ်နေရာက ဆုံးရှုံးသွားသမျှကို ပြန်ယူဖို့အတွက် ကြိုးဝိုင်းအတွင်းကို ပြန်ဝင်ဖို့ဖြစ်လာပါတော့တယ်။
ဒီကားကို စသိမိတာကတော့ ထုံးစံအတိုင်း ရုပ်ရှင်ရုံမှာပြတဲ့ trailer ကြောင့်ပေါ့။ ပုံစံကမဆိုးဘူး၊ ရိုက်ချက်လေးတွေ မိုက်တယ်၊ တအားကြီးမကောင်းတောင် ထူးထူးခြားခြားနဲ့ အပန်းပြေနိုင်တယ် ကြည့်ဦးမှဆိုပြီးတော့ ဖြစ်ခဲ့တယ်ပေါ့ဗျ။ ဘယ်လိုကောင်းမယ် ဘာဖြစ်တယ်ညာဖြစ်တယ်မျိုး မှန်းထားတာမျိုးမရှိခဲ့ဘူး။
ဇာတ်လမ်းပိုင်းမှာ Sultan ဟာ Southpaw နဲ့ နည်းနည်းလေးသွားဆင်တယ်။ ဇာတ်ဝင်ခန်းတချို့ ပြောသွားတဲ့ ပေးသွားတဲ့ message တချို့အရ နောက်လာမဲ့ Amir Khan ရဲ့ Dangal နဲ့လည်း နည်းနည်းဆင်တယ်။ သိပ်မဆိုင်ဘူးဆိုပေမဲ့ အမှတ်ရတာတစ်ခုက ဒီကားမကြည့်ခင်မှာပဲ ဘော်ဒါတစ်ယောက်နဲ့ ပြောဖြစ်ခဲ့တဲ့ အချစ်အကြောင်းပါ။ ပြောရရင် ကြားရရင် နည်းနည်းလေး ပေါတောတောနိုင်တယ်လို့ ထင်နိုင်ပေမဲ့ အချစ်ကြောင့် မဖြစ်နိုင်ဘူးဆိုတာတွေ ဖြစ်လာနိုင်တယ်ဆိုပြီးတော့ပါ။ ရုပ်ရှင်ထဲမှာတော့ ပေါတောတော ပေါ့ပျက်ပျက်နေနေတဲ့ Sultan တစ်ယောက် အချစ်ကြောင့် ဘဝတစ်ခုလုံး ဘာမှမဆိုင်အောင် ပြောင်းလဲပြီး အတက်တွေအကျတွေ အနိုင်တွေအရှုံးတွေဆိုတာတွေနဲ့ ဇာတ်လမ်းတစ်ပုဒ်လုံးဖြစ်ပေါ်လာခဲ့တယ်ပေါ့။
Sultan ကိုတော်တော်လေးသဘောကျမိတဲ့ အချက်တစ်ခုက ရုပ်ရှင်ပြသချိန်ကို ရှည်ရှည်ယူပြီး ပေးချင်ပြောချင် ပြချင်တာတွေကို ဖြေးဖြေးနဲ့ မသိမသာလေးတွေ ထည့်ပေးလို့ပါ။ သူတို့ ရွာဓလေ့တွေ၊ လူ့စရိုက် လူ့သဘာဝ၊ မာနနဲ့ ဘဝ စတာတွေကို (ယှဉ်ပြောမိတာ ခွင့်လွှတ်) ကျွန်တော်တို့ ဗမာကားတွေလို ငါတို့ မြန်မာလူမျိုးဆိုတာ ဒီလို ဒါလိုရှိတယ်။ မိဘမေတ္တာဆိုတာ ဘယ်လိုမျိုးရှိတယ်၊ ငါတို့ရွာသားတွေက အရမ်းရိုးသားတာ ဘာာညာ ဆိုတာမျိုး အတင်းကြီး မစားစားအောင် ကျွေးလွှတ်တာမျိုးမဟုတ်ဘဲ သက်သက်သာသာလေးတွေနဲ့ ပေးသွားပြောသွားတာလေးတွေကိုပါ။
ရိုက်ချက်တွေမှာတော့ ထုံးစံအတိုင်း ကင်မရာမန်းတွေကတော့ စကေးရှယ်ပြထားပါတယ်။ အလင်းအမှောင်တွေဘာတွေ လိုတာပိုတာမရှိဘဲ လက်စွမ်းပြထားတယ်။ နောက်ခံတီးလုံးနဲ့ သီချင်းတွေကလည်း အင်မတန်ကောင်းတယ်။ သရုပ်ဆောင်တွေအကုန်လုံး တော်ကြသလို ဇာတ်လိုက် Salman Khan ကတော့ သူ့ရဲ့ ဘဝအတက်အကျ အနိမ့်အမြင့်တွေနဲ့လိုက်ပြီး အမူအရာမျိုးစုံ ပီပြင်အောင် သရုပ်ဆောင်ပြနိုင်ခဲ့တယ်။
Sultan ရုပ်ရှင်ဟာ ပျော်စရာ၊ ကြည်နူးစရာ၊ ဝမ်းနည်းစရာ အစုံပေးနိုင်တဲ့ရုပ်ရှင်တစ်ကားပါ။ ကြည့်နေသူတွေက တခွီခွီနဲ့ ရယ်ရတဲ့အခိုက်၊ ပြုံးပြီးသဘောကျနေတဲ့အခိုက်၊ မျက်ရည်လေးစမ်းစမ်းနဲ့ မငိုအောင်ထိန်းရတဲ့အခိုက် မျိုးစုံဖြစ်မှာ သေချာတယ်။ ဇာတ်လမ်းက နည်းနည်းရှည်တာလေးနဲ့ Bollywood ကား ထုံးစံအတိုင်း မင်းသားကို အတင်း skill ပြထားတာ၊ theme song ကို ခနခန တောက်လျှောက်သုံးထားတာ ဆိုတဲ့ မပြောပလောက်တဲ့ ဟာလေးတွေကလွဲပြီး ကျန်တာ အကုန်သဘောကျမိပါတယ်။ ပညာလည်းပေးနိုင်တဲ့အပြင် သူတို့ Indian ရိုးရာ ဓလေ့၊ နောက် သူတို့ရဲ့ ရိုးရာ နပန်းကစားနည်းကို visual effect မပါ (ပါတယ်ဆိုရောက်လောက်တော့ရှိတာပေါ့)၊ ပေါက်ကွဲခန်း action တွေမပါဘဲ လူစိတ်ဝင်စားအောင် လုပ်ပြနိုင်တော့ စဉ်းစားရင်း အားမရဖြစ်မိတာ တွေးမိတာက ကျွန်တော်တို့ မြန်မာပြည်မှာလည်း နည်းပညာအခက်အခဲကြောင့် ဆိုတာကြီး ဘေးဖယ်ပြီး မြန်မာ့လက်ဝှေ့တို့ဘာတို့ကို ဒီကားလိုမျိုး ကမ္ဘာကို ရိုက်ပြချပြနိုင်ရင်ကောင်းမယ်လို့ပေါ့။
Bollywood ရုပ်ရှင်တစ်ကားဖြစ်ပြီး မင်းသား Salman Khan အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ Yash Raj Film မှ ထုတ်လုပ်ဖြန့်ချိတာဖြစ်ပါတယ်။
အညွှန်းကိုတော့ www.datshin.com မှကူးယူဖော်ပြပါတယ်
*** Update From www.channelmyanmar.org

File size…(1.2GB)
Quality…BR-Rip 720p
Format…mp4
Duration….02:49:56
Subtitle….Myanmar Subtitle (Hardsub)
Encoder….Thanhtike Zaw

Download & Watch On Pcloud Link -1


Download & Watch On Pcloud Link - 2

The Bodyguard (2016) မြန်မာစာတန်းထိုး


အက်ရှင်ကားသစ်တွေကိုနစ်သက်ပါတယ်ဆိုတဲ့ပိရိတ်သတ်တွေအတွက်အက်ရှင်ကားအသစ်စက်စက်လေးတစ်ကားနဲ့
မိတ်ဆက်ပေးချင်ပါတယ်
ဒီကားလေးကိုကြည့်ပြီးရင်ပရိတ်သတ်တွေဟိုတစ်ချိန်တစ်
ခါကနာမည်ကြီးခဲ့တဲ့ဂျက်လီရဲ့သက်တော်စောင့်ကားလေးကိုပြန်လည်အမှတ်ရမိစေမယ်ဆိုတာသေချာပါတယ်
ဒါပေမဲ့နည်းပညာတိုးတက်လာမှုနဲ့အတူ
ရိုက်ချက်ကောင်းတွေသုံးထားတာကြောင့်ဒီဇတ်ကားလေးဟာပရိတ်သတ်တွေကိုဆွဲဆောင်နိင်မှုပေးစွမ်းအုံးမှာပါ
ဇာတ်လမ်းကတော့သက်တော်စောင့်တို့ရဲ့ထုံးစံအတိုင်းကောင်မလေးတစ်ယောက်ကို
ကာကွယ်စောင့်ရှောက်ရတဲ့သက်တော်စောင့်ကောင်လေးတစ်ယောက်ကိုရိုက်ကူးထားတာပါပဲ..
ကောင်မလေးအပေါ်ငွေကြေးကြောင့်မဟုတ်ပဲသံယောဇဉ်တွယ်တာမိသည့်စိတ်ဖြင့်အသက်ကိုပင်ပဓါနမထားဘဲ
ကာကွယ်စောင့်ရှောက်တဲ့သက်တော်စောင့်ကောင်လေးအကြောင်းကိုသေချာစွာရိုက်ကူးပြထားပါတယ်
အက်ရှုင်တွေကတော့အလွန်ပင်ကောင်းမွန်သည့်အတွက်
အက်ရှင်ကြိုက်ပရိတ်သတ်တွေအကြိုက်တွေ့မယ့်ကားကောင်းလေးတစ်ကားပါပဲ
အက်ရှင်မျှသာမကလှည့်ကွက်တွေလည်းပါဝင်တာကြောင့်လက်မလွတ်သင့်သည့်ဇာတ်ကားတစ်ကားလို့ညွန်းလိုက်ပါရစေ။
(Soe Htwe နှင့် John La Young မှပူးပေါင်းတင်ဆက်လိုက်တာပါ။)

*** Update From www.channelmyanmar.org

File size…(700MB)
Quality…HD-Rip 720p
Format…mp4
Duration….01:29:03
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung

Download and Watch 720p HD Link - 1


Download and Watch 720 HD Link - 2


Legend of the Fist: The Return of Chen Zhen (2010) မြန်မာစာတန်းထိုး


ကွန်ဖူးမင်းသားကြီး Donnie Yen အဓိကပါဝင်ထားပြီး မင်းသမီးကတော့ Shu Qi ပါ။ ဒီဇာတ်ကြောင်းကို ရှေးကလဲ ဘရုစ်စလီတို့ ဂျက်လီတို့ ရိုက်ကူးခဲ့ဖူးပါတယ်…။ တိုင်းတပါးရဲ့ နယ်ချဲ့ခြင်းကိုခံနေရတဲ့ တစ်ချိန်ကတရုတ်ပြည်မှာ Chen Zhen ဆိုတဲ့ မျိုးချစ်စိတ်ပြင်းထန်တဲ့ သူရဲကောင်းတစ်ဦးပေါ်ထွက်ခဲ့ပါတယ်။သူဟာ ကိုယ်တတ်နိုင်တဲ့နည်းပေါင်းစုံကနေ ကိုယ့်လူမျိုးတွေရဲ့ အကျိုးအတွက် တိုင်းတစ်ပါးနယ်ချဲ့တွေကို ကိုယ်ကျိုးစွန့် တိုက်ပွဲဝင်ခဲ့တဲ့လူတစ်ယောက်ပါ။ စိတ်ဝင်စားစရာ စစ်ပွဲနောက်ခံဇာတ်ကြောင်းဖြစ်သလို အချစ် အလွမ်း အကြမ်း အရမ်း..ရသစုံတဲ့ဇာတ်ကားပါ။ IMDb Rating(6.3/10) ရရှိထားပါတယ်။

*** Update From www.channelmyanmar.org

File size…(900MB)
Quality…BR-Rip 720p
Format…mp4
Duration….01:45:32
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung

Download and Watch 720p HD Link -1

Download and Watch 720p HD Link - 2

Download and Watch 360p Small File Size(400MB) Link - 1

Download and Watch 360p Small File Size(400MB) Link - 2



Everybody Wants Some!! (2016)


ဒီဇတ်ကားဟာ အမေရိကန် ဘေ့စ်ဘော အသင်းကြောင်း ရိုက်ကူးထားတဲ့ ရုပ်ရှင်ဖြစ်ပြီး
၁၉၈၀ ခုနှစ်လောက်က အ၀တ်အစားတွေ ဟန်ပန်တွေ အသုံးအနှုန်းတွေ ကို ပြန်လည်တွေ့မြင်ရမှာပါ
ထိုခေတ်က ကောင်လေး ကောင်မလေးတွေ ပုံစံ နဲ့ သီချင်းတွေကလဲ အလန်းတွေပါ
မတူညီတဲ့ သူတွေကို လေ့ကျင့်ပေးဖို့ အတွက် အိမ်တစ်လုံးမှာ စုစည်းပေးထားပြီး
ဘေ့စ်ဘော ပွဲအတွက် ပြင်ဆင်ပေးနေပေမယ့် တစ်ဦးနဲ့ တစ်ဦး အကျင့်စရိုက်တွေ မတူညီကြပုံ
ပြသနာ ရှာကြပုံတွေက ရယ်လဲရယ်ရသလို အသင်းအဖွဲ့စိတ်ဓါတ်လေးတွေ ကိုလဲ တွေ့ရမှာ
Box office: 3.9 million USD ရရှိခဲ့ပြီး
Budget: 10 million USD ရရှိခဲ့တဲ့ ရုပ်ရှင်ကားဖြစ်ပါတယ်
Director: Richard Linklater ရိုက်ကူးတင်ဆက်ထားပါတယ်
*** Update From www.channelmyanmar.org
 
 
 
 

Train To Busan(2016) (မြန်မာစာတန်းထိုး)


ဒီဇာတ်ကားကို အတော်များများတော့ ကြားဖူးနေကြလောက်ပါပြီ။ အများကြီးတော့ ညွှန်းစရာမရှိပါဘူး။ ကိုရီးယားကားတွေထဲမှာတော့ ထိပ်တန်းအဆင့်ရှိတဲ့ ဇာတ်ကားတစ်ခုပါပဲ။ အလွှာပေါင်းစုံ လူတန်းစားပေါင်းစုံ စိတ်ဓာတ်ပေါင်းစုံနဲ့ လူတွေ ကြောက်မက်ဖွယ် အန္တရာယ်တွေ ကြုံလာတဲ့အချိန်မှာ တစ်ဦးချင်းစီရဲ့ စရိုက်၊ စိတ်ထားတွေ အပြောင်းအလဲတွေနဲ့ သူတို့ရဲ့ ဘ၀တွေကို ကောင်းကောင်းကြီး ပြသသွားတာပါပဲ။ ကြောက်ရွံ့မှု ရဲရင့်မှု ပျော်ရွှင်မှု ကြေကွဲမှု တကိုယ်ကောင်းဆန်မှု စွန့်လွှတ်အနစ်နာခံမှုတွေကို တနေရာတည်းမှာ စုစည်းခံစားလိုက်ကြပါစို့။
**Update From www.channelmyanmar.org

File Size       :  900MB/ 500 Mb
Duration      :  1hr 58 min
Quality         :  Webrip 1080p
Translators  :  Moe Oo Mann, Moe Myint Lwin
Encoder       :  Thanhtike Zaw



Download Pcloud Link - 1 (894MB)

Download Pcloud Link - 2 (894MB)

Download Pcloud Link - 1 (450MB) small file

Download Pcloud Link - 2 (450MB) small file

1911 Revolution (2011) မြန်မာစာတန်းထိုး



တရုတ်နိုင်ငံတွင် နှစ်ရှည်ကြာစွာ ခိုင်မြဲတည်တန့်ခဲ့တဲ့ သက်ဦးဆံပိုင် ဘုရင်စနစ်ကို တွန်းလှန်ဖယ်ရှားရာမှာ တရုတ်ပြည်သူများ ကို ဒေါက်တာဆွန်ယက်ဆင်မှ ဦးဆောင်ခဲ့ပါတယ်။ ဒီဇာတ်ကားက တရုတ်ပြည်ရဲ့ ချင်မင်းဆက်ကိုနန်းကျစေခဲ့တဲ့ ဒေါက်တာဆွန်ယက်ဆင်ဦးဆောင်တဲ့ ၁၉၁၁ လူထုတော်လှန်ရေးကိုအခြေခံရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်သမိုင်းအခြေခံဇာတ်ကားတစ်ကားဖြစ်ပါတယ်။
မင်းသားကြီး ဂျက်ကီချန်းမှ သရုပ်ဆောင်၊ဒါရိုက်တာအဖြစ် ပါဝင်ထားတဲ့ဇာတ်ကားပါ။IMDb Rating (6/10) ရရှိထားပါတယ်။
*** Update From www.channelmyanmar.org

File size…(950MB)
Quality…BR-Rip 720p
Format…mp4
Duration….02:01:01
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung

   Download Link - 1                                            Download Link - 2

*Download Pcloud 720p HD                   *Download Pcloud 720p HD 

*Download Pcloud (400MB)      *Download Pcloud (400MB)

Apaba (2000) မြန်မာစာတန်းထိုး ၁၉++


ဖြစ်ချင်တာတွေမဖြစ်ရတဲ့အခါ တွေဝေမှုတွေနဲ့စိတ်ဓာတ်ကျဆင်းမသွားပါနဲ့ မနက်ဖြန်ဆိုတာမရောက်သေးသ၍တွေးပြီးကြောက်နေစရာမလိုပါဘူး Rapperဖြစ်ချင်တဲ့ဒီကားလေးထဲကကောင်လေးက သူဖြစ်ချင်တာတွေမဖြစ်ရတဲ့အခါ ပြန်ကြိုးစားခြင်းမရှိပဲ ပေတေစွာနေထိုင်ပြီး သူ့ဘဝသူရိုက်ချိုးနေသလိုပေါ့… လောကကြီးထဲမှာပူပင်မှုတွေကကိုယ်စီရှိနေရသလို နေ့စဉ်ဖြေရှင်းနေရတဲ့ပြဿနာတွေကလည်းမနည်းမနောပါပဲ….
အဲဒီပူပင်မှုတွေထဲက… ဒီနေရာမှာမေးခွန်းလေးတစ်ခုချန်ထားပါရစေ အကယ်၍ သင်သိပ်ချစ်ရတဲ့သင့်ချစ်သူကိုသာရှုံးဆုံးသွားရရင် ….သင်ဘယ်လိုဘဝကိုဆက်မှာလဲ… အညွန်းကိုဒီလောက်နဲ့ပဲအဆုံးသတ်ပြီး..ဇတ်လမ်း အပြည့်အဝကိုတော့ Screenပေါ်မှာခံစားကြပါစို့လား ပရိတ်သတ်ပေါင်းတို့ခမျာ့း
**ဒေါင်းလုပ်အဆင်ပြေစေရန် ဒေါင်းလုပ်လင့်များဖြည့်ပေးထားပါတယ့် အဆင်ပြေတဲ့လင့်က ဒေါင်းလုပ်လုပ်နိုင်ပါတယ့်

Pcloud Download Link - 1

Pcloud Download Link - 2

Pcloud Download Link - 3

(ဇာတ်ကားအညွန်းနဲ့ ဘာသာပြန်သူကတော့ John La Yaung ပဲ ဖြစ်ပါတယ်)
 ** Update From www.channelmyanmar.org
Powered by Blogger.