Latest Movie :
Recent Movies

Malena (2000) မြန်မာစာတန်းထိုး (18++)




Malena (2000)
IMDb Rating (7.5/10)
Rating - R
၁၉၄၁ ခုနှစ်က စစ္စလီကျွန်းပေါ်မှာနေတဲ့ အသက် ၁၃ နှစ်သား ကောင်လေးတစ်ယောက် စွဲလမ်းခဲ့ရတဲ့ မာလိနာဆိုတဲ့ မိန်းမတစ်ယောက်အကြောင်း.....။
ဒုတိယကမ္ဘာစစ်ကြောင့် ခိုကိုးရာမဲ့သွားတဲ့မိန်းမတစ်ယောက်၊
လှပလွန်းသောကြောင့် ယောက်ကျားတိုင်းက စိတ်ဝင်စားပြီး
တစ်ခြားမိန်းမတွေက မနာလိုဖြစ်ခြင်းခံနေရတဲ့ မိန်းမတစ်ယောက်၊
ကံဆိုးမှု တွေကြောင့် ဖခင်ဖြစ်သူရဲ့ အထင်လွဲမှုကို ခံရပြီး
စားဝတ်နေရေးအတွက် ရုန်းကန်ခဲ့ရတဲ့ မိန်းမတစ်ယောက်၊
အရာရာကို ခွင့်လွှတ်သည်းခံပြီး ချစ်သူခင်ပွန်းရဲ့ဖေးမမှုနဲ့ ဘ၀ကိုတည်ငြိမ်စွာ
ပြန်လည်လျှောက်လှမ်းနိုင်ခဲ့တဲ့ မိန်းမတစ်ယောက်ရဲ့ အကြောင်း.....။
ဒီဇာတ်ကားထဲမှာ လူတွေရဲ့ မနာလိုစိတ်တွေ၊ အချောင်ရလိုမှုတွေ၊
အားနည်းသူကို ပျက်စီးစေချင်ကြတဲ့စိတ်တွေနဲ့
ယောင်္ကျားတွေရဲ့ စိတ်ကို ကွက်ကွက်ကွင်းကွင်းမြင်အောင် ပြထားပါတယ်။
ကြီးကောင်ဝင်စ လူငယ်လေးတစ်ယောက်ရဲ့ စိတ်နေစိတ်ထားနဲ့
လူတွေအကြောင်း သင်ယူခဲ့မှုတွေကိုလည်း အထင်အရှားမြင်ရမှာ ဖြစ်ပါတယ်။
မင်းသမီးကတော့ သိပ်ညွှန်းစရာလိုမယ် မထင်ပါဘူး။
ဆိုဖီယာလော်ရင့်ပြီးရင် အီတလီရဲ့ နာမည်အကြီးဆုံးမင်းသမီးဖြစ်တဲ့ Monica Bellucci ပါ။
ဒီဇာတ်ကားထဲမှာ အလှပဆုံးအချိုးအစားလို့ ပြောကြတဲ့ ၃၆-၂၄-၃၅ ဆိုတဲ့ သူမရဲ့အလှအပကို သေသေချာချာ မြင်ရမှာဖြစ်ပါတယ်။
သူရဲ့ခန္ဓာကိုယ်အလှအပအပြင် သူ့ရဲ့သရုပ်ဆောင်မှုတွေကြောင့်လဲ
ဝေဖန်ရေးဆရာတို့ရဲ့ ချီးကျူးခြင်းကို ခံခဲ့ရပါတယ်။
"သရုပ်ဆောင်တယ်ဆိုတာ စကားလုံးတွေနဲ့တင်မဟုတ်ဘဲ တစ်ကိုယ်လုံးအသုံးချပြီး အမူအရာလုပ်တာပါ" ဆိုတဲ့ သူမရဲ့စကားအတိုင်းပဲ ဒီဇာတ်ကားမှာ စကားပြောနည်းနည်းနဲ့ သူမရဲ့တစ်ကိုယ်လုံးကို
အသုံးချသရုပ်ဆောင်သွားပါတယ်။
ဒီဇာတ်ကားဟာ ၂၀၀၀ ခုနှစ်ရဲ့ အော်စကာတန်းဝင်ဇာတ်ကားလဲဖြစ်တာကြောင့်
ဘယ်လိုမှ လက်လွတ်မခံသင့်တဲ့ ဇာတ်ကားကောင်းတစ်ခုဖြစ်ကြောင်း လက်တို့လိုက်ပါတယ်။
Uncut Version နဲ့တင်ထားတာမို့ မိသားစုနဲ့တော့မကြည့်သင့်တဲ့ဇာတ်ကားပါ။
အောက်ကလင့်မှာ ဝင်ဒေါင်းပါ။
Credit To : www.channelmyanmar.org
(ဘာသာပြန်သူနဲ့ အညွှန်းရေးထားသူကတော့ NyiNyi Kyaw Myint ဖြစ်ပါတယ်။)



Midnight Special (2016) - မြန်မာစာတန်းထိုး

ဇာတ်လမ်းအဖွင့်ကတည်းက သောက်ရမ်းလန်းပါတယ်။ sci-fi thriller ဆိုတာ ခဏလေးအတွင်းမှာဘဲ လုံလုံလောက်လောက် ခံစားလိုက်ရတယ်။ ဇာတ်လမ်း အသိမ်းပိုင်းမှာလည်း မြင်လိုက်ရတဲ့ အရာတွေကြောင့် ပါးစပ် အဟောင်းသား ဖြစ်ခဲ့ရတယ်။ တကယ်တော့ တစ်ကားလုံးမှာ ဆန်းကြယ်တာတွေ စိတ်လှုပ်ရှားစရာတွေနဲ့ ထင်မှတ်မထားတာတွေ အပြည့်ပါ။ Midnight Special ဟာ sci-fi အနေနဲ့ အတော် စိတ်ဝင်စားစရာကောင်းပြီး thriller အနေနဲ့ ဖျော်ဖြေမှုတော်တော်ပေးနိုင်တဲ့ ကားလေးပါ။

Credit To : Flim2mm.com
IMDB 6.7 ရထားတဲ့ဇာတ်ကားဟာ 1h:52mins ကြာမြင့်ပါတယ်။
 အောက်ပါလင့်ခ်များမှာ ဒေါင်းယူကြည့်ရှု နိုင်ပါပြီ။


Pink (2016) မြန်မာစာတန်းထိုး

Imdb - 8.6/10

မင်္ဂလာပါ၊ 2016 ဟာ တဖြည်းဖြည်းနဲ့ ကုန်ဆုံးလာပြီ ဖြစ်သလို ဆန်ကာတင်စာရင်းဝင်မယ့် ရုပ်ရှင်တွေကလဲ အပြိုင်အဆိုင်ထွက်ပေါ်လာပြီဖြစ်ပါတယ်။ အဓိပ္ပါယ်ပြည့်ဝတဲ့ Movie တစ်ခု ဖြစ်တဲ့အတွက်ကြောင့်.
ရုပ်ရှင်တစ်ကားရဲ့ အနှစ်သာရကို ပိုမိုတန်ဖိုးထားကြည့်ရှုလိုသူများအတွက်တော့.. ကျေနပ်အားရစရာ ရှုစားကြရမှာဖြစ်ပါတယ်။

ရုပ်ရှင်ဇါတ်ကားတစ်ခုလုံးကို ခြုံငုံသုံးသပ်ရရင် Director ရဲ့ ဇါတ်ကားအပေါ်မှာ အာရုံစိုက်ကြိုးပမ်းမှု အတော်လေးကို ထင်သာမြင်သာ ရှိတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကို မူလ ပင်မ ဇါတ်လမ်းကျောရိုးပေါ်ကနေ သွေဖည်ခြင်းမရှိစေရဘဲ.. မလိုအပ်တဲ့ ပြကွက် ရိုက်ချက်တွေ ထည့်သွင်းထားခြင်းမရှိတာကိုက ဒီ ရုပ်ရှင်ရဲ့ ထူးခြားချက်တစ်ခုလို့ ဆိုရမှာအမှန်ပါပဲ။ Pink မှာ မင်းသားကြီး Amitabh-Bachchan အနေနဲ့ သူ့ရဲ့ အနုပညာစွမ်းရည်ကို သမာသမတ်ကျတဲ့ ရှေ့နေတစ်ယောက်အသွင်နဲ့... အကောင်းဆုံးထုတ်ဖေါ်ပြသနိုင်ခဲ့ပါတယ်။ မျက်နှာအမူအရာ၊ စကားလုံး တိကျပြတ်သားမှုတွေနဲ့ .. မှတ်သားလောက်စရာ Diaogue အတော်များများကို ချက်ကျလက်ကျ ရွတ်ပြသွားနိုင်တာတွေကိုကြည့်ခြင်းအားဖြင့် bollywood ရဲ့ ငွေကြယ်ဖြူတစ်ပွင့် ဟာ ခုထိ အရောင်အဆင်းတောက်ပနေဆဲ လို့ သက်သေပြနေသယောင်ယောင်ပါပဲ။ ကျွန်တော်တို့ ခုလက်ရှိခေတ်အနေအထားနဲ့ လိုက်လျောညီထွေစွာပဲ ရေပေါ်ဆီလူ့အတန်းအစားအချို့ရဲ့ စရိုက်တွေ၊ မင်းစိုးရာဇာတွေနဲ့ ပလဲနံပသင့်အောင်ပေါင်းပြီးအခွင့်အရေးကို အမိအရဆုပ်ကိုင်တတ်သူတွေ နဲ့ ယနေ့ခေတ်လူငယ်တွေရဲ့ စိတ်နေသဘောထား စရိုက်လေးတွေကို ကွက်ကွက်ကွင်းကွင်းမြင်အောင် ခင်းကျင်းထားတဲ့ ဇါတ်ညွှန်းကြောင့်လဲ ရုပ်ရှင်ဟာ ပိုပိုပြီး ကြွတက်လာပါတယ်။ မှောင်မိုက်တဲ့ ညကာလ အချိန်မှာ.. အမျိုးသမီးငယ်သုံးယောက်ဟာ... ဆိုးသွမ်းလူငယ်တစ်စုရဲ့..  အနိုင်ကျင့်စော်ကားခြင်းကို ခံခဲ့ရတဲ့နောက်.... သူမတို့အတွက် တရားမျှတမှု ဥပဒေဟာ အခြေယိုင်နဲ့စရာတွေဖြစ်လာခဲ့ပါတယ်။ ဘာအတွက်ကြောင့်လဲဆိုတာကတော့  အဲဒီ ဆိုးသွမ်းလူငယ်တစ်စုဟာ . နှယ်နှယ်ရရ မဟုတ်ဘဲ သူတို့ရဲ့.. ကျောထောက်နောက်ခံမိဘများဟာ.. အာဏာပိုင်တွေကို ခါးပိုက်ထောင်ထဲထည့်ထားနိုင်တဲ့... အတန်းအစား တွေ ဖြစ်တဲ့အပြင် တရားခွင်မှာ... သူခိုးက လူပြန်ဟစ်သလို မတရားတင်းဆိုလာတဲ့အကြောင်းရင်းတွေကြောင့်ပါပဲ။ Deepak ဟာ.. အပြစ်မဲ့ အမျိုးသမီးငယ်လေး သုံးယောက်ရဲ့ မတရားမှုပပျောက်ဖို့ နဲ့ တရားမျှတဖို့အတွက်. အဆိုပါ အသိုင်းအ၀ိုင်းကို ဆန့်ကျင်ချေပကာကွယ်ပေးရမယ့်... ရှေ့နေတစ်ယောက်အဖြစ်နဲ့ တရားရုံးလေကထဲကို တကျော့ပြန်လည်ဝင်ရောက်လာခဲ့ပါတယ်။ တရားခွင်မှာ အဖက်ဖက်က အားသာနေတဲ့ လူချမ်းသာတွေကို ထိပ်တိုက်ရင်ဆိုင်ရမယ့် Deepak အတွက် ဘယ်လို အချက်အလက်တွေ သက်သေသာဓက တွေ၊ လျှောက်လဲချက်တွေ ဖြစ်ပေါ်လာမလဲဆိုတာ... Pink ရဲ့ အမြင့်မားဆုံး ဇါတ်ရှိန်တွေနဲ့ စိတ်ဝင်စားဖွယ်ရာ ဇါတ်ဝင်ခန်းတွေက.. ပရိသတ်ကြီးကို အဖြေဖေါ်ထုတ်ပြသသွားမှာဖြစ်ပါတယ်။ အမျိုးသမီးငယ်လေးတွေရဲ့ လုံခြုံရေး၊ အမျိုးသမီးတွေရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့် တန်းတူအခွင့်အရေးတွေကို ပညာသားပါပါ ထည့်သွင်းထားတဲ့ ဒီ Movie ကို မှတ်မှတ်ရရ Internation Women day မှာ စတင် အခြေတည်ရိုက်ကူးခဲ့တယ်ဆိုတာကလဲ... ဒီဇါတ်ကားရဲ့ အမှတ်တရဖြစ်စဉ်တစ်ခုဖြစ်ပါတယ်ဆိုတာ အသိပေးပြောကြားရင်း... ပရိသတ်ကြီး ရွှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ။


Credit To : www.goldchannelmovies.com
Reviewed by: Sugar
Translated by: Chan Nyein Shein
Encoded by: Hein Min Htet
Rating: Imdb 8.4/10
Quality: Dvdrip 720p
Size: 976MB



Miss Peregrine’s Home For Peculiar Children(2016) - မြန်မာစာတန်းထိုး


2016 စက်တင်ဘာမှာ ရုံတင်သွားတဲ့ ကားကောင်းတစ်ကားကို ဘာသာပြန်ပြီး တင်ပေးထားပါတယ်။ စာရေးဆရာ Ransom Riggs ရဲ့ Bestseller စာအုပ်ကို ပြန်လည်ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ Harry Potter, Percy Jackson နဲ့ Narnia တို့လို Fantasy တွေ Adventure တွေကို ချစ်သူတွေအတွက်တော့ နောက်ထပ်လှပတဲ့ ကမ္ဘာသစ်တစ်ခုကို တွေ့မြင်ရဦးမှာပါပဲ။ IMDb 7.1 ရထားပါတယ်။
ဇာတ်လမ်းအကျဉ်းမှာတော့ ဂျိတ်ခ်ဆိုတဲ့ လူငယ်လေးကို အဖိုးဖြစ်သူဟာ ငယ်စဉ်ကတည်းက ဆန်းကြယ်တဲ့ အစွမ်းရှိတဲ့ကလေးတွေနဲ့ သူတို့ကို စောင့်ရှောက်သူ ကျောင်းအုပ်ဆရာမကြီး Peregrineအကြောင်းကို ပြောပြလေ့ရှိပေမယ့် ပုံပြင်တွေအဖြစ်သာမှတ်ယူခဲ့ပါတယ်။ တစ်နေ့မှာတော့ အဖိုးဖြစ်သူဟာ ထူးဆန်းတဲ့သေဆုံးမှုနဲ့သေဆုံးသွားပြီး ဂျိတ်ခ်ဟာ အဖိုးဆီကိုလာတဲ့ ပို့စ်ကဒ်လေးမှတဆင့် ဝေလနယ်ရဲ့ ကျွန်းပေါ်က ကလေးထိန်းအိမ်လေးကို သွားရှာမိတဲ့အခါ…လူတွေမသိတဲ့ အချိန်ကာလတွေ..အစွမ်းတွေ..ရန်သူတွေကြားမှာ သူနဲ့သူ့အဖိုးဟာ ဘယ်လိုအစွမ်းရှိတဲ့လူတွေလဲဆိုတာ သိလာပါတော့တယ်။

Credit To : www.channelmyanmar.org

File Size     :   900/450 Mb
Duration   :   2 hr 7 min
Quality       :   720 HDrip
Format       :   MP4
Translator :   Tariq Khant Min
Encoder      :   Littleneo

 

Watch And Download Pcloud (900MB)

 

Watch And Download Direct Link (900MB)

 

Watch And Download Pcloud (450MB)

 

Watch And Download Direct Link (450MB)

USS Indianapolis: Men of Courage (2016) မြန်မာစာတန်းထိုး

Imdb Rating: 5.0/10

မင်္ဂလာပါခင်ဗျာ၊ ဖြစ်ရပ်မှန် စစ်သမိုင်းကြောင်းနောက်ခံ ရုပ်ရှင်ဇါတ်လမ်းတွေ ကြိုက်နှစ်သက်သူများအတွက်  မင်းသားကြီး Nicholas cage ရဲ့ ကားသစ်တစ်ကားကို ရှုစားနိုင်ကြပါပြီခင်ဗျ။ Imdb rating 5.0 နဲ့ စစ် action ဇါတ်လမ်းကောင်းကောင်း စောင့်မျှော်နေသူတွေ အတွက်စိတ်ကျေနပ်မှု့ရရှိစေမယ့်ဇာတ်ကားတစ်ကားပါ.။
မင်းသားကြီး Nicolas Cage ရဲ့ 2016 အသစ်ထွက် စစ်ကား တစ်ကယ့်ဖြစ်ရပ်မှန်ကို အခြေခံပြီးရိုက်ထားတဲ့ စစ်အက်ရှင်ရုပ်ရှင်ဇာတ်လမ်းတစ်ခုပဲဖြစ်ပါတယ်.။ ဒုတိယကမ္ဘာစစ်ပြီးခါနီး 1945 ခုနှစ်က
atomic bomb တွေ သယ်ဆောင်ပြီး ဖိလစ်ပိုင် ပင်လယ်ပြင်ကို ဖြတ်သန်းလာတဲ့ ခရူဇာစစ်သင်္ဘော USS Indianapolis ဟာ ဂျပန်ရေငုပ်သင်္ဘောရဲ့တော်ပီဒိုနဲ့အပစ်ခံရပြီး ပင်လယ်ပြင်ထဲမှာ
ပျက်သွားခဲ့ပါတယ်။ သင်္ဘောသား 300 ကျော်နဲ့အတူ ကပ္ပတိန်Charles McVay ဟာ ကမ်းမမြင်လမ်းမမြင်နဲ့ အသက်ရှင်ဖို့အတွက် ရုန်းကန်ရပါတော့တယ်။
ငါးမန်းတွေပေါများလှတဲ့ ဖိလစ်ပိုင် ပင်လယ်ပြင်ထဲမှာ သင်္ဘောသားတစ်ချို့ကတော့
သွေးလန့်တခြားနဲ့ လွတ်လိုလွတ်ငြား လက်ပစ်ကူးကြပေမယ့်လည်း ငါးမန်းစာဖြစ်သွားခဲ့ပါတော့တယ်။ တစ်ချို့ကလည်း အစာရေစာငတ်ပြတ်ပြီး ပင်လယ်ရေတွေ သောက်မိရာကနေ ပင်လယ်ရေအဆိပ်သင့်ပြီး သေဆုံးခဲ့ကြပါတယ်။ ကမ်းမမြင်လမ်းမမြင်ပင်လယ်ပြင်ကြီးထဲမှာ ငါးရက်ကြာရွက်လွှင့်နေခဲ့တဲ့ ကပ္ပတိန်Charles McVay နဲ့အဖွဲ့သားတွေဟာ ပင်လယ်ပြင်ကြီးထဲက
လွတ်မြောက်ကြမှာလား အမေရိကန်နေဗီတပ်ဖွဲ့ကနေ အချိန်မှီလာရောက်ကယ်တင်နိုင်မှာလား ဆိုတာကိုတော့ ဆက်လက်ရှု့စားကြပါစို့...။

Credit To : www.goldchannelmovies.com
Review Credi to -Movie7Plus
Translate by: Win Kyaw Thu
Encode by: Hein Min Htet

Short Term 12 (2013) မြန်မာစာတန်းထိုး






Imdb - 8.0/10
အခု တင်ဆက်ပေးမယ့်ကားလေး ကတော့ ၂၀၁၂ ခုနှစ်မှာ ဖြန့်ချိခဲ့တဲ့ Short Term 12 ဆိုတဲ့ကားလေး ဖြစ်ပြီး ဒီဇာတ်ကားလေးဟာ စာရေးဆရာ  ဒါရိုက်တာဖြစ်သူ Destin Daniel Cretton ရဲ့ သူကိုယ်တိုင် မိဘမဲ့ကလေး ဂေဟာ မှာ အလုပ်လုပ်ခဲ့ဖူးခဲ့ သူရဲ့ ကိုယ်တွေ့ အတွေ့အကြုံတွေ ပေါ် အခြေခံပြီး ဖန်တီး ရိုက်ကူးခဲ့တာဖြစ်ပါတယ်
ဇာတ်ကား အစပိုင်းမှာ ဂရေ့စ် လို့ခေါ်တဲ့ မိန်းကလေး တစ်ယောက်၊ အရွယ်မရောက်သေးတဲ့ ကလေးများကို ထိန်းသိမ်းစောင့်ရှောက်ပေးတဲ့ဂေဟာရဲ့ အတိုင်ပင်ခံ အနေဖြင့် လုပ်ကိုင်သူ တစ်ယောက်အနေဖြင့် သူမရဲ့ ကိုယ်ပိုင်ဘဝ နဲ့ လုပ်ငန်းခွင်မှာ ဟန်ချက်ညီ လှုပ်ရှားရုန်းကန် နိုင်ခဲ့ပါတယ်။သူမမှာ အချိန်ကြာကြီးလက်တွဲခဲ့တဲ့ ချစ်သူ အလုပ်မှာလည်း အတူတူ၊ ဂေဟာ မှာ ကြီးကြပ်သူ အဖြစ် လုပ်ကိုင်တဲ့ မေဆန် ဆိုတာရှိနေပါတယ်။ဒါပေမယ့် ဂေဟာ ကထွက်ခွာလုဆဲဆဲ ကလေးတစ်ယောက်နဲ့ နောက်ထပ်ရောက်လာတဲ့ လှုပ်ခတ်မှုတစ်ခုက သူမရဲ့ အပေါ် ရောက်ရှိလာပါတော့တယ်။ ၁၈ နှစ် ပြည့်ခါနီးလို့ ဂေဟာကနေ ထွက်ခွာရတော့မှာဖြစ်တဲ့ မားကပ် တစ်ယောက်ဟာ သူ့ရဲ့ ကိုယ်ပိုင် ဘဝ တည်ဆောက်ရမှာကို စိုးရွံ့မှုတွေရှိနေပြီး သူရဲ့ ဂေဟာမှာရှိတဲ့ နောက်ဆုံးနေ့ရက်တွေမှာ ဆိုးသွမ်းစွာ ပြုမူနေပါတော့တယ်။မားကပ် တစ်ယောက် အတွက် အလိုမကျမှုတွေ တစ်ခုပြီးတစ်ခုဖြစ်နေပြီး  အပေါင်းအသင်းသိပ်မလုပ်တတ်တဲ့ ဂျေဒန် ဆိုတဲ့ကောင်မလေးက လည်း သူငယ်ချင်းဖြစ်ခွင့်ကို ငြင်းဆန်ခဲ့ပါတယ်
Short Term 12 ဇာတ်ကား ရဲ့ သိမ်မွေ့လှပမှုကတော့ ဂေဟာ ရဲ့ အတိုင်ပင်ခံဖြစ်တဲ့ ဂရေ့တစ်ယောက် ဒီကလေးတွေ ဘဝအတွက် ဘယ်လို နည်းလမ်းတွေ ရှာပေးမယ် သူတိုနဲ့ ဘယ်လိုတွေ ဆက်ဆံ ဆောင်ရွက်မယ် ဆိုတာ အပြင် တစ်ချိန်တည်းမှာလည်း သူမရဲ့ မိသားစု ဘဝတည်ဆောက်ဖို့ အတွက် လက်တွဲဖော်နဲ့ လက်တွဲဖို့အတွက် ဘယ်လို အခက်အခဲတွေ ကို ဖြေရှင်းရမယ် ဆိုတာ ဆက်လက် ရှုစားပေးကြပါ င်္ဦးခင်ဗျာ
Short Term 12 ဇာတ်ကား ကို ဒါရိုက်တာ aDestin Daniel Cretton က ရိုက်ကူးခဲ့ပြီး ၂၀၁၃ ခုနှစ် သြဂုတ်လမှာ ရုံတင်ခဲ့ကာ IMBd rate 8/10 ထိရရှိထားတဲ့ Drama ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ စီးမျောခံစားပေးကြပါဦးလို့...။


Credit To : www.goldchannelmovies.com
Reviewed by: Zay Yar Myint
Translated by: War So
Encoded by: Hein Min Htet
Quality & Size: BRrip 693 MB


Madaari (2016) - မြန်မာစာတန်းထိုး

2016 ရဲ့ IMDB rating များများရထားတဲ့ ဘောလီးဝုဒ်ဇာတ်ကားတကားတင်ပေးလိုက်ပါတယ်။ ဘောလီးဝုဒ် အကျော်အမော် အာဖန်ခမ်း ပါဝင် သရုပ်ဆောင်ထားသည့် Madaari ဇာတ်ကားသည် ဖြန့်ချိခဲ့ပြီး နောက် မကြာမီ အိန္ဒိယ ရူပီး ၅ ဒသမ ၇၅ ကုဋေ အထိ ရရှိ ခဲ့ကြောင်း သိရသည်။ အဆိုပါ ဇာတ်ကားသည် Box Office တွင်လည်း ထိပ်ဆုံးမှ ရပ်တည်ခဲ့ကြောင်း သိရသည်။ ယင်း ဇာတ်ကားသည် ဖခင်နှင့် သားဖြစ်သူတို့ အကြား ထားရှိသည့် သံယောဇဉ်ကို ညွှန်းဖွဲ့၍ ဒါရိုက်တာ နီရှီကန့်ကာမတ်က ရိုက်ကူးထားခြင်း ဖြစ်သည်။ ယင်းဇာတ်ကားတွင် မင်းသား အာဖန်ခမ်း အပြင် ဂျမ်မီရှာဂေးလ်၊ ဗီရှရှ်ဘန်ဆဲလ်၊ တူရှာဒဲလ်ဗီ၊ နီတီရှ်ပန်ဒီနှင့် အေရှာရာဇာ တို့က ပါဝင် သရုပ်ဆောင်ထားကြောင်း သိရသည်။

IMDB 7.7 ရရှိနေဆဲ ၄င်းဇာတ်ကားသည် ပြသချိန် 2h:13mins ကြာမြင့်ပါတယ်။ 837 MB ဖြင့် အောက်ပါလိင့်ခ်တွင် ဒေါင်းယူကြည့်ရှုနိုင်ပါပြီ။


Thani Oruvan (2015) - မြန်မာစာတန်းထိုး

အိန္ဒိယနိုင်ငံရဲ့ လဘ်ပေးလဘ်ယူကိစ္စမှာ အဆိုးဆုံးလို့နာမည်ကြီးသူကို တိုက်ခိုက်ဖို့စိတ်အားထက်သန်တဲ့ ရဲအရာရှိရဲ့ခက်ခဲတဲ့လှုပ်ရှားမှုတွေအကြောင်း ရိုက်ပြထားတဲ့ဇာတ်ကားတကားဖြစ်ပါတယ်။

IMDB 8.8 အထိတောင်ရထားတဲ့ဇာတ်ကားဆိုတဲ့အတွက်ကြောင့် ပရိသတ်အကြိုက်ဖြစ်မယ်ဆိုတာ သေချာပါတယ်။ 2h:40mins ကြာတဲ့ဇာတ်လမ်းဖြစ်ပြီး 1GB တဖိုင်ပဲတင်ပေးနိုင်ပါတယ်။




Credit To : Flim2mm.com

The Ant Bully (2006) မြန်မာစာတန်းထိုး


Imdb - 5.9/10


လူးကပ်စ် လို့ခေါ်တဲ့ ကောင်လေးဟာ ကျောင်းမှာ အရှုံးသမားတစ်ယောက်အဖြစ် အမြဲအနိုင်ကျင့်ခံနေရလေ့ရှိတဲ့ ကောင်လေးတစ်ယောက်ပါ.။ အနှိမ်ခံ အနိုင်ကျင့်ခံ ရာမှဖြစ်ပေါ်လာတဲ့ ဒေါသတွေနာကျည်းမှု့တွေကို သူ့အိမ်ခြံဝင်းထဲမှာရှိတဲ့ ပုရွက်ဆိတ်တွေ အပေါ်ကိုပုံချပြီး ပုရွက်ဆိတ်တွေရှိတဲ့တောင်ပို့ကြီးကို ရေသေနတ်နဲ့ပစ် ခြေထောက်နဲ့ နင်းချေစသည်ဖြင့် အမျိုးမျိုး ဒုက္ခပေးလေ့ရှိပါတယ်.။
     လူးကပ်စ်ရဲ့ ဒုက္ခပေးမှု့ကို ခံရပါများလာတဲ့ ပုရွက်ဆိတ်တွေဟာ မခံမရပ်နိုင်တဲ့ အဆုံးမှာ ပြန်လဲကလဲ့စားချေဖို့လုပ်ဆောင်ကြပါတော့တယ်.။
ပုရွက်ဆိတ်တွေရဲ့ မှော်ဆေးရည်အစွမ်းနဲ့လူးကပ်စ်ကို ပုရွက်ဆိတ်အရွယ်အစားဖြစ်အောင် ပြုစားလိုက်ကြပြီး ပုရွက်ဆိတ်ကမ္ဘာမှာ လူးကပ်စ် ဘ၀အတွက်သင်ခန်းစာတွေကို စသင်သင်ကြားရပါတော့တယ်.။
ဟာသ ဘ၀သင်ခန်းစာ အက်ရှင် စတာတွေနဲ့ ရောမွေထားတဲ့ Ant Bully ဆိုတဲ့ ကာတွန်းဇာတ်ကားကောင်းလေးကို ခံစားရင်း ဘ၀အမောတွေပြေနိုင်ကြပါစေ..။

Credit To : www.goldchannelmovies.com
Translate by: Showy Shane
Encode by: Hein Min Htet
Quality -720P HD
Size 800MB


Inferno 2016 - မြန်မာစာတန်းထိုး


ဒီဇာတ်ကားဟာ မင်းသားကြီးတွမ်ဟန့်ရဲ့ နာမည်ကျော် ဒါဗင်ချီကုဒ် နဲ့ Angels and Demons ဇာတ်ကားအပြီးမှာ ထွက်လာတဲ့ ၃ ကားမြောက်ဇာတ်လမ်းဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းမှာတော့ ပါမောက္ခလန်ဂ်ဒန်ဟာ ဆေးရုံတစ်ခုမှာ မှတ်ဥာဏ်တွေပျောက်ဆုံးပြီးမှ ခေါင်းဒဏ်ရာကြီးနဲ့ နိုးလာခဲ့ပြီး လက်ထဲမှာလည်း အစိုးရအဖွဲ့တွေက အသည်းအသန်လိုက်နေတဲ့ ငရဲရဲ့မြေပုံ ပဟေဠိတစ်ခုတွေ့လာတဲ့အခါ…..မှတ်ဥာဏ်တွေ တဖြည်းဖြည်းပြန်ပေါ်လာရင်း သဲလွန်စတွေနောက်ကိုလိုက်ရင်း ကမ္ဘာကြီးရဲ့ သေရေးရှင်ရေးဟာ ဒီပဟေဠိအပေါ်မူတည်နေမှန်း သိလိုက်ရတဲ့အချိန်မှာတော့…..။

Credit To : www.channelmyanmar.org

File Size     :   900 Mb
Duration    :   02: 02: 00
Quality        :   1080p HC Webrip
Format        :   MP4
Translator  :   Littleneo, Tariq
Encoder      :   Littleneo

 

Watch And Download Pcloud (900MB)

 

Watch And Download Direct Link (900MB)

 

Watch And Download Pcloud (350MB)

 

Watch And Download Direct Link (350MB)

 

 

The Wave (2015) - မြန်မာစာတန်းထိုး


 ဒီဇတ် လမ်း လေးကကျွန် တော် နှစ် သက် မိတဲ့ဇတ် လမ်း လေးဖြစ် ပြီး
မိတ်ဆွေ တို့လည်းကြိုက် နှစ် သက် လိမ့် မယ် လို့ ပြောရင် မှားမယ် မထင် ပါဘူး…
ဘာလို့လဲဆိုရင် …. ဇတ် လမ်းအစမှာ… တောင်းတန်းရှု့ခင်း တွေရဲ့
အလှကိုအသား ပေးရိုက် ကူးထားပါတယ် ..ဒါက တော့..
သူတိုရုပ် ရှင် ပရိတ် ပေါ်ဆွဲ ဆောင် နည်းတစ် မျိုး ပေါ့ နော် ….
နောက် ပြီး.မုန် တိုင်းဝင် လာတဲ့အချိန် မှာ..
နောက် ခံတီလုံးမှု ကောင်းမှု..effect ကောင်း ကောင်း တွေ
နဲ့ရိုက် ချက် ပီပြင် တဲ့ဒီကားဟာ.. IMDB 6.7ထိရရှိထားပါတယ် ..
ဒီကားမှာအနှစ် သက် ဆုံးအခန်း လေးက တော့..မိသားစုအတွက် ..
အသက် ပေးပြီး..ကယ် တဲ့..ဖခင် တစ် ယောက် ရဲ့ မေတ္တာကို
ထင် ထင် ရှားရှားကြီးမြင် တွေ့ကြရဦးမှာဖြစ် ပါတယ်



Jazbaa (2015) - မြန်မာစာတန်းထိုး


စနာရားဆိုတဲ့ ရှေ့နေမတယောက်ဟာ အပြစ်ရှိတဲ့သူတွေ ပြစ်မှုထင်ရှားရင်တောင်မှ ကွင်းလုံးကျွတ် အမှုကလွတ်နိုင်အောင် အမှုလိုက်နိုင်လို့ နာမည်ကြီးသူဖြစ်ပါတယ်။ တရက်မှာ သူမရဲ့သမီးပြန်ပေးဆွဲခံရပါတယ်။ ပြန်ပေးဆွဲရတဲ့ အကြောင်းအရင်းကတော့ လူသတ်၊မရိန်းမှုနဲ့ သေဒဏ်ချပြီးသားလူကို ရှေ့နေပြန်လိုက်ပြီး အမှုကလွတ်အောင် လုပ်ပေးဖို့ဖြစ်ပါတယ်။ သမီးရဲ့ အသက်အန္တရာယ်ကတဖက်၊ လုံးဝအပြစ်ရှိကြောင်းထင်ရှားတဲ့ အမှုကို နိုင်အောင်လုပ်ပေးရမယ့် အခြေအနေကတဖက်နဲ့ လုံးဝဗျာများနေတဲ့အချိန်မှာ သူ့အတွက် အားကိုရာလူတယောက်ပေါ်လာပါတယ်။ သူကတော့ စနာရားရဲ့ ကျောင်းနေဖက်သူငယ်ချင်း ရဲအုပ် ရိုဟန်ဖြစ်ပြီး လက်ရှိ ရာထူးကအဖြုတ်ခံ အဖမ်းခံရတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရသူပါ။

သင့်ကို ဇာတ်လမ်းအဆုံးအထိ စွဲဆောင်သွားမယ့် ဇာတ်လမ်းမျိုးပါ။ ရိုဟန်ကဘယ်လိုကူညီမှာလဲ၊စနာရာ သူ့ရဲ့ သမီးလေးကို ကယ်နိုင်မှာလား၊ မုဒိန်းလူသတ်သမားကရော လွတ်မြောက်ခွင့်ရမှာလား ဆိုတာကိုတော့....







 
Credit To : Flim2mm.com

The Game (1997) - မြန်မာစာတန်းထိုး


IMDb (7.8/10)….Rotten Tomatoes (72%)
The Game ဇာတ်ကားဟာ Seven(1995),Fight Club(1999) စတဲ့ဇာတ်ကားတွေကို ရိုက်ကူးခဲ့တဲ့ နာမည်ကျော်ဒါရိုက်တာ David Fincher ရဲ့လက်ရာဖြစ်ပြီး မင်းသားကြီး Michael Douglas အဓိကပါဝင်ထားပါတယ်…။The Game ဆိုတဲ့အတိုင်းပဲ Mission Complete ဖြစ်ဖို့ ကြိုးစားရပုံတွေကို အချိတ်အဆက်မိမိရိုက်ကူးထားပါတယ်။
ဒီဇာတ်ကားက အစပိုင်းမှာ ပြင်းထန်တဲ့ ခံစားချက်တစ်ချို့နဲ့ အစချီ ချပြထားခဲ့ပြီး အတော်ပဲဆွဲဆောင်နိုင်ခဲ့ပါတယ်။နောက်ပိုင်းမှာ ဇာတ်လမ်းကို အကျကြမ်းစေခဲ့လို့ ပေါ့ပါးသွားပေမယ့် ဇာတ်ကားရဲ့မေးခွန်းတွေဖြစ်တဲ့ ဘဝရဲ့ ရှင်သန်နေထိုင်မှု ခံစားချက် ခံယူချက်တွေနဲ့ ပတ်သက်တဲ့မေးခွန်းတွေကတော့ ခေါင်းထဲက မထုတ်နိုင်ဖြစ်ခဲ့ရပါတယ်။
ဘဝမှာ ရှင်သန်နေထိုင်မှုက ဘာအတွက်လဲ?
ဘယ်လိုခံစားချက်တွေနဲ့ ရှင်သန်နေထိုင်ကြမလဲ?
ကိုယ့်ဘဝတစ်ခုလုံးက တစ်ခြားလူတစ်ယောက်ရဲ့ Game တစ်ခုသာဖြစ်နေခဲ့ရင်ရော?

Credit To : www.channelmyanmar.org

File size…(999MB)
Quality…Blu-Ray Rip 720p
Format…mp4
Duration….02:08:48
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung

 

Watch And Download Pcloud (999MB)

 

Watch And Download Direct Link (999MB)

 

Watch And Download Pcloud (350MB)

 

Watch And Download Direct Link (350MB)

 

 

Love Fiction (2012) - မြန်မာစာတန်းထိုး




IMDb (6.3/10)
Goo Joo-wol …အူကြောင်ကြောင် နိုင်ပြီး အသားမစားတဲ့ စာရေး ဆရာ ပါ။ နောက်ဆုံး တွဲနေတဲ့ ချစ်သူက ရှင်သာ အသား စားရင် ဆိုတဲ့ စကားသုံးခွန်းပဲ ပြောပြီး လမ်းခွဲတာ ခံခဲ့ရသူပါ။ Goo Joo-wol က အချစ်ရေးမှာ သိပ်ကံမကောင်း ပါဘူး။ ကလေး ဘဝကထဲက ချစ်သူ ရှိခဲ့ဖူးပါတယ်။ နင့်ရဲ့ ရှုရှုးပေါက်တဲ့ နေရာ ငါ့ကို ပြပါ ပြောလို့ ကလေးဘဝ အချစ်ဦးနဲ့ လမ်းခွဲ ခဲ့ရပါတယ်။ ဆယ်ကျော်သက် အရွယ်မှာလဲ ခပ်ကြမ်းကြမ်း ချစ်သူဖြစ်နေလို့ လမ်းခွဲ ခဲ့ပြီး။ နောက်ဆုံး ချစ်သူ မတိုင်ခင် ရှေ့တစ်ယောက်က မယ်သီလရှင် ဝတ်သွားလို့ အချစ်ရေး ကံမကောင်းဘူး ဆိုတာ ယုံကြည်ပြီး ခပ်ကြောင်ကြောင် ဖြစ်နေတဲ့ စာရေး ဆရာ တစ်ယောက်ပါ။
Goo Joo-wol ရဲ့ ထုတ်ဝေသူ ခေါ်သွားလို့ ပါတီပွဲ တစ်ခုမှာ မထင်မှတ်ပဲ Hee-Jin နဲ့ Goo Joo-wol တို့ ဆုံမိပြီး Goo Joo-wol တစ်ယောက် အသဲ အသန် ဖြစ်ပါလေရော။
စာရေး ဆရာ ပီပီ စကားလုံး အလှတွေ ဟာသ စကားလုံးတွေနဲ့ Hee-Jin သဘောကျအောင် Goo Joo-wol တို့ကြိုးစားပြီး တကယ်ပဲ Goo Joo-wol နဲ့ Hee-Jin တို့ ချစ်သူတွေ ဖြစ်ခဲ့ကြပါတယ်။ အစပိုင်းမှာ အရမ်းချစ်ကြပေမယ့် တစ်ဖြေးဖြေး တစ်ယောက်နဲ့ တစ်ယောက် ဆိုးကွက်တွေ သိလာပြီး Goo Joo-wol တစ်ယောက် Hee-Jin ကို စိတ်ကုန်စ ပြုလာတဲ့ အခါ…။
ဒါရိုက်တာ Kye Soo Jeon ရဲ့ 121 မိနစ်ရှည်တဲ့ ဇာတ်ကားကို Jung-woo Ha, Hyo-jin Kong နဲ့ Byung-joon Lee တို့ပါဝင် သရုပ်ဆော ထားပေးတဲ့ Comedy Romance ဇာတ်ကား ဖြစ်ပါတယ်။
(ရုပ်ရှင်အညွှန်းကို moviereview.ygn.me မှကူးယူဖော်ပြပါသည်။)

Credit To : www.channelmyanmar.org

File size…(900MB)
Quality…HD-Rip 720p
Format…mp4
Duration….02:01:00
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung

 

Watch And Download Pcloud (900MB)

 

Watch And Download Direct Link (900MB)

 

Watch And Download Pcloud (350MB)

 

Watch And Download Direct Link (350MB) 

 

 

 

 

Mohenjo Daro (2016) - မြန်မာစာတန်းထိုး


BC 2016 ခုနှစ်မှာ Mohenjo Daro မြို့ထဲမှာ ဖြစ်ပွားခဲ့တဲ့ လယ်သမား၊ တံငါသည်တို့ရဲ့ တော်လှန်ရေးအကြောင်းကို အခြေပြုရိုက်ကူးထားတဲ့ ဇာတ်လမ်းအသစ်ဖြစ်ပါတယ်။

လက်ပွားမင်းသားလို့လူသိများတဲ့ နာမည်ကြီးမင်းသား Hrithik Roshan ခေါင်းဆောင်ပါဝင်ထားတဲ့ အက်ရှင်ဇာတ်လမ်းဖြစ်ပါတယ်။Mohenjo Daro ရိုက်ကူးရေးအတွက် ဘက်ဂျက် Rs.100 cr မှာ တဝက်က မင်းသား Hrithik ကိုပေးခဲ့ရပြီး Bollywood ရုပ်ရှင်လောကရဲ့ အများဆုံးသရုပ်ဆောင်ကြေးရရှိသူ အဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်


Credit To : Flim2mm.com
IMDB 6.5 ရထားတဲ့ ဘောလီးဝုဒ်အက်ရှင်ဇာတ်ကားဟာ 2h:35mins ကြာမြင့်ပြီး 998 MB နဲ့ အောက်ပါလင့်ခ်မှာ ဒေါင်းယူကြည့်ရှုနိုင်ပါပြီ။



Tale From Earth Sea (2006) မြန်မာစာတန်းထိုး

Imdb - 6.5/10
အခု ဇာတ်ကားလေးကတော့ နာမည်ကြီး Studio Ghibli ကထွက်ရှိတဲ့ anime ကားဟောင်းလေးပဲဖြစ်ပါတယ် ..
A Wizard of Earthsea, The Tomb of Atuan, The Farthest Shore နောက်ပြီး Tehanu စတဲ့ ပုံပြင်အတိုလေးတွေကိုပေါင်းစည်းပြီး Tales From EarthSea လို့နာမည်တပ်ထားရတာပါ..
ဇာတ်လမ်းအကျဉ်းကတော့ Arren ဆိုတဲ့ ကောင်လေးရဲ့ အဖေက ဘုရင်ကြီးတစ်ပါးဖြစ်ပါတယ်
. Arren မှာသူ့ စိတ်ကထင်နေတဲ့ အကြောက်တရားရှိပါတယ်.. အဲ့အကြောက်တရားက သူ့ ရဲ့ ပုံရိပ် ပါပဲ... တစ်နည်းအားဖြင့် သူ့ ရဲ့စိတ်ကထင်တဲ့သူနဲ့ပုံစံတူပုံရိပ်တစ်ခုပါ အဲ့ဒိ ပုံရိပ်လေး က သူ့ ကိုကူညီချင်ပေမဲ့ သူက သူ့ ရဲ့ ပုံရိပ်လေးကိုမြင်တိုင်း ကြောက်ပြီးထွက်ပေးနေတတ်ပါတယ်. နောက်ပြီးသူ့ မှာ အကြောက်တရား တွေဖုံးပြီးအသိစိတ်လွတ်သွားတဲ့အခါတွေရှိပါတယ်.. အဲ့ အသိစိတ်လွတ်သွားတဲ့တစ်နေ့က သူ့ ရဲ့အဖေကို ပြန်သတ်ပြီး သူ့ အဖေဆီက ဓားကိုခိုးပြီးအိမ်ကထွက်ပြေးခဲ့ပါတယ် ဓားကပုံမှန်ရိုးရိုးဓားမဟူတ်ပါဘူး ​မှော်​အတတ်​နဲ့စီမံထားတဲ့ ဓားပါ Arren တို့မျိုးရိုးကသာ ဓားကို ဓားအိမ်​ထဲကထုတ်နိုင်မှာဖြစ်ပါတယ်.. သူထွက်ပြေးရင်းနဲ့ မြေခွေးတွေလိုက်လို့အမြန်ပြေးခဲ့ရပါတယ် အဲ့မှာ Sparrowhawk ဆိုတဲ့ wizard ကသူ့ ကိုကယ်တင်ခဲ့ပါတယ်.. Sparrowhawk က Archmage Wizard ဖြစ်ပါတယ် Archmage ဆိုတာ အဲ့ဇာတ်ကားထဲမှာတော့ မှော်ဆရာတွေထဲမှာ အတော်ဆုံးလို့ဆိုလိုပါတယ်.. Arren ကိုသူနဲ့လိုက်ဖို့ဖိတ်ခေါ်ပြီး Hort မြို့တော်ကို ဆက်ပြီးသွားခဲ့ပါတယ် အဲ့ဒိမြို့မှာ Therru ဆိုတဲ့ကောင်မလေးကို ရန်သူတွေက ကျွန်အဖြစ်ဖမ်းနေတာတွေ့ လို့ Arren ကသွားကူညီခဲ့ပါတယ် Therru ဟာ witch တစ်ယောက်ပါ... အဲ့တာကို Arren ကမသိခဲ့ပါဘူး. နောက်တော့ Arren က သူ့ ကိုကယ်ပြီး ငှါးထားတဲ့ Hotel ကိုမပြန်တတ်လို့ အဲ့နားကလှေကားနားမှာအိပ်နေခဲ့ပါတယ် အိပ်နေရင်းပဲ သူ့ တိုက်ခိုက်ခဲ့တဲ့ ကျွန်ဖမ်းသမားတွေက ဖမ်းသွားပြန်ပါတယ် သ့း ကိုဖမ်းသွားတဲ့ လမ်းမှာပဲ Sparrowhawk ပြန်ကယ်တင်ခဲ့ပါလေရော... အဲ့လိုနဲ့ Sparrowhawk ရဲ့သူငယ်ချင်း Tenar တို့အိမ်မှာတည်းခဲ့ပါတယ် နောက်တစ်နေ့ Sparrowhawk မရှိတဲ့နေ့မှာ Arren က သူက Tenar တို့ကို ဒုက္ခပေးနေတယ်ထင်လို့ထွက်သွားပါတယ် အဲ့ဒီအချိန်မှာပဲ Tenar ကို Lord Cob ကဖမ်းခေါ်သွားပါတယ် Arren ကသူ့ ရဲ့ ပုံရိပ်ကိုကြောက်လို့ထွက်ပြေးရင်း Lord Cob ကဖမ်းသွားပြန်ပါရော.. Sparrowhawk လို့ကယ်တင်ဖို့သွားရင်းမှော်စွမ်းအားအလုံအလောက်မရှိလို့ အဖမ်းခံခဲ့ရပါတယ်.. အဲ့မှာ Therru ဟာ Arren ကို သူ့ ရဲ့ ဓားပြန်ပေးရင်း Lord cob နဲ့ တိုက်ကာ ဘယ်လိုဆက်ဖြစ်လာမလဲ.. Sparrowhawk သေမလားဆိုတာ ကြည့်ရှုခံစားကြရအောင်ဗျာ....


Credit To : www.goldchannelmovies.com
Review & Translate by: Thura Tun
Encode by: Hein Min Htet
Quality -720P Br-Rip
Size - 700MB




 

Defiance (2008) မြန်မာစာတန်းထိုး

မင်္ဂလာပါပရိတ်သတ်ကြီးတို့ရေ ခုတစ်ခါမိတ်ဆက်ပေးမှာကတော့ Defiance  စစ်ကားလေးပဲဖြစ်ပါတယ်
ဒီကားလေးဟာဆိုရင်ဖြင့် January 14 ,2009 ခုနှစ်ကထွက်ခဲ့တာဖြစ်ပြီး လူအများနှစ်ခြိုက်အားပေးမှုကို တစ်ခဲနက်ရခဲ့တဲ့ကားလေးပဲဖြစ်ပါတယ် ဇာတ်လမ်းလေးဟာဆိုရင်
နာစီဝါဒကို အောင်မြင်စွာဖီဆန်တော်လှန်နိုင်ခဲ့တဲ့ "Belarus"ကဂျူးလူမျိုးအုပ်စုတွေရဲ့ဖြစ်ရပ်မှန်ကြေကွဲနာကြည်းဝမ်းနည်းစရာဖြစ်ရပ်မှန်ဇာတ်လမ်းကိုအခြေခံပြီးရိုက်ထားတာပဲဖြစ်ပါတယ် ဂျူးလူမျိုးများ၏အနှိမ်ခံ အသတ်ဖြတ်ခံဘဝများမှ လွတ်မြောက်အောင်တောထဲမှာ ပုန်းရှောင်ခဲ့ရသူတို့ရဲ့ အနိုင်မခံအရှုံးမပေး ရွတ်ရွတ်ချွန်ချွန်ကြိုးစား အားထုတ်ထား တာလေးတွေကို အားကျအတုဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ် တောထဲမှာပုန်းရှောင်နေရသူ လူနည်းစု ဂျူးလူမျိုး၅၀ခန့်က၄င်းတို့ရဲ့အဖွဲ့ဝင်များထဲမှ အချို့သော ၁၂၀၀ခန့်ကိုဆုံးရှုံးခဲ့ရတဲ့အချိန်မှာ မိမိခြေထောက်ပေါ်မိမိရပ်တည်နိုင်အောင်တောထဲမှနေပြီးတော်လှန်ခဲ့ကြပုံကို ခံစားချက်မျိုးစုံနဲ့ကြည့်ရှုရမှာဖြစ်ပါတယ်   ရင်သပ်ရှုမောဖွယ် ဖြစ်ရပ်မှန် ဇာတ်ကားကောင်းလေးတစ်ပုဒ်ဖြစ်လို့ ကြည့်ရှုဖို့တိုက်တွန်းပေးလိုက်ရပါတယ်ရှင် အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင့် စိတ်နှလုံးချမ်းမြေ့ပျော်ရွှင်ကြပါစေလို့
ဆုတောင်းပေးလိုက်ပါတယ်


Credit To : www.goldchannelmovies.com
Translate by: Chue Chue
Encode by: Hein Min Htet
Quality -brrip 720
Size -979MB


Chongqing Hot Pot (2016) မြန်မာစာတန်းထိုး


မင်္ဂလာပါ
ဒီတစ်ခါတော့ ပရိသတ်ကြီးအတွက် IMDB - 6.7 ရထားတဲ့ တရုတ်ကားကောင်းကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ နာမည်ကြည့်လိုက်တော့ ''ချုံချင်းဟော့ပေါ့'' ဆိုတော့ ဇာတ်ကားနာမည်ကိုက စိတ်ဝင်စားဖို့မကောင်းလိုက်တာဆိုပြီးဖြစ်သွားနိုင်ပါတယ်။ ဒါပေမယ့် တကယ့်ကို ရသမျိုးစုံပေးစွမ်းနိုင်တဲ့ နောက်ထပ်ဘာဆက်ဖြစ်လာမလဲဆိုတာ ရင်တထိတ်ထိတ်နဲ့စောင့်ကြည့်ရလောက်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ကြောင်း ညွှန်းပါရစေ။
ဇာတ်လမ်းကတော့ ချုံချင်း ဆိုတဲ့ တရုတ်ပြည်မြို့လေးတစ်မြို့မှာ ဟော့ပေါ့ဆိုင်တစ်ဆိုင် စပ်တူဖွင့်ထားတဲ့ လူငယ်သုံးယောက်ကို အခြေတည်ထားပါတယ်။
အလယ်တန်းကျောင်းကတည်းက တစ်တန်းတည်းအတူတူတက်ခဲ့ကြတဲ့
လူဘို ရှုထောင် နဲ့ လေးလုံးတို့က ကျောင်းပြီးတဲ့နောက်မှာလည်း အိုင်ဒီယာဆန်းဆန်းလေးတွေနဲ့ လိုဏ်ဂူတစ်ခုရဲ့အဝမှာ ဟော့ပေါ့ဆိုင်လေးတစ်ဆိုင်စပ်တူဖွင့်ခဲ့ကြပါတယ်။ သူတို့သုံးယောက်က တစ်ယောက်နဲ့တစ်ယောက် သူငယ်ချင်းဆိုတာထက်ကိုပိုပြီး ညီရင်းအကိုတွေလို နေလာခဲ့ကြပါတယ်။ သူတို့ထဲက လူဘိုကတော့ လောင်းကစားဝါသနာထုံတဲ့သူပေါ့။ လောင်းကစားသမားပီပီ ချေးထားတဲ့အကြွေးတွေကလည်းရှိနေတာပေါ့။
အပြိုင်အဆိုင်တွေအရမ်းများလာတဲ့အခါ သုံးယောက်ပေါင်းဖွင့်ပေမယ့် နှစ်ယောက်က ဆိုင်ကိုသိပ်အာရုံတစိုက်မရှိလှတဲ့အတွက် ရငွေနဲ့အရင်းမကာမိဖြစ်လာတဲ့အချိန်…………
လူဘို့ကို ပိုက်ဆံချေးထားတဲ့ သူဌေးကလည်း ဇွတ်အတင်းအကြွေးတောင်းရင်း ပထမတစ်ခါချိန်းတဲ့ရက်မှာမပေးနိုင်လို့ တပည့်တပန်းတွေနဲ့ ကောင်းကောင်းဝိုင်းဆုံးမခံလိုက်ရတဲ့အချိန်………
အဲ့ဒီအခြေအနေမှာ သူတို့ဆိုင်လေးကို လိုဏ်ဂူဧရိယာချဲ့ရင် သူဌေးတစ်ယောက်က လိုအပ်တဲ့ငွေပမာဏနဲ့ လာရင်းနှီးမယ်လို့ပြောတဲ့အတွက် အပိုမကုန်ရအောင် သူငယ်ချင်းတစ်တွေ ကိုယ်တိုင် လိုဏ်တူးရင်း မရည်ရွယ်ပါဘဲနဲ့
ဘဏ်တစ်ခုရဲ့ ငွေတိုက်ခန်းကို ဖောက်မိသွားတဲ့အချိန်မှာ………

ကိုယ်ချစ်ခင်ရတဲ့သူတွေကိုပါ အခြိမ်းခြောက်ခံနေရချိန်
ဘေးကြပ်နံကြပ် ပြသနာကြုံနေရချိန်မှာ…
ကိုယ်ကျင့်သိက္ခာဆိုတဲ့အရာကို ဘယ်လောက်ထိထိန်းသိမ်းထားနိုင်မလဲ?
လောဘရဲ့သွေးဆောင်မှု အခက်အခဲတွေရဲ့တွန်းအားပေးမှုကို
ဘယ်လောက်အထိရုန်းကန်နိုင်မလဲဆိုတာတွေအပြင်
ညီအကိုတစ်ပိုင်းလိုကို ချစ်ခဲ့ကြတဲ့ သူငယ်ချင်းကောင်း မိတ်ဆွေကောင်းစိတ်ဓာတ်တွေကိုပါ ဒါရိုက်တာ Qing Yang က လှလှပပလေးထည့်သွင်ူရိုက်ကူးပြသွားတဲ့ ဒီဇာတ်ကားမှာ
Baihe Bai, Hao Qin နဲ့ Kun Chen တို့သရုပ်ဆောင်ထားပါတယ် …။
ကြည့်ရင်းကြည့်ရင်းနဲ့ ဇာတ်လိုက်ဖြစ်သူ လူဘိုရဲ့နေရာကို အစားဝင်ပြီး ငါသာဆို ဘယ်လိုများရွေးမိမှာလဲဆိုတဲ့အတွေးနဲ့ ပြီးတဲ့အထိ မထတမ်းကြည့်ချင်သွားမယ့်… အချိန်ပေးရကျိုးနပ်မယ့်… bill ကုန်ခံ down ရကျိုးနပ်မယ့်… ဇာတ်ကားကောင်းလေးဖြစ်ပါတယ်လို့ ပြောလိုက်ပါရစေပရိသတ်တွေရေ။


Credit To : www.goldchannelmovies.com
Review & Translated by: Thorny Phyoe
Size -780mb
Quality - 720P Bluray






 

Castaway On The Moon (2009) မြန်မာစာတန်းထိုး

Imdb - 8.2/10
မင်္ဂလာပါ၊ ပထမဦးစွာ ကြိုတင်ပြီး အကြံပြုလိုတာကတော့ Korean Movie fan တစ်ယောက် မဟုတ်ခဲ့ဘူးဆိုရင်တောင်မှ... ဒီ Castaway on the moon ဟာ ပထမဦးစားပေးကြည့်ရှုသင့်တဲ့ ရုပ်ရှင်တစ်ခုဖြစ်တယ်လို့ ဆိုချင်ပါတယ်။ South Korea မှာ ၀င်ငွေအကောင်းဆုံး စံချိန်ချိုးခဲ့တဲ့ ရုပ်ရှင်တစ်ခုဖြစ်တဲ့အပြင် Creative ဖြစ်လွန်းတဲ့ ဇါတ်ညွှန်းရဲ့ စေစားမှုကြောင့် ဝေဖန်ရေးဆရာတွေ ဘ၀င်ကျခဲ့ရတဲ့ ထိပ်တန်းစာရင်းဝင် ရုပ်ရှင်တစ်ခုလဲ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဆိုရင်တော့ Tom Hanks ရဲ့ Castaway ကနေ idea ရသွားသယောင်ယောင်ပဲလို့ တွေးမိပါတယ်။ :D ဒါပေမယ့် Tom Hanks ရဲ့ Castaway ဟာ သမုဒ္ဒရာထဲက ကျွန်းကလေးတစ်ကျွန်းအပေါ်မှာ အခြေတည်ပြီး ဒီ Movie မှာတော့ .. မြို့လည်ခေါင်မှာ ထီးတည်း တည်ရှိနေတဲ့ ကျွန်းကလေးတစ်ကျွန်းပေါ်မှာ ဇါတ်ကောင်ကို နေရာချထားပါတယ်။ ဒါပေမယ့် ဇါတ်လမ်းရဲ့ ရည်ရွယ်ချက်၊ ဖွဲ့စည်းပုံတွေမှာ လုံးဝကို ကွဲပြားခြားနားနေတာကိုတွေ့ရှိရမှာဖြစ်ပါတယ်ခင်ဗျ။
အချစ်ရေး၊ လူမှုရေး၊ အဘက်ဘက်က အရှုံးတွေနဲ့ ရင်ဆိုင်နေရတဲ့ လူရွယ်တစ်ယောက်ဟာ ဘ၀ကို လက်လွှတ်အရှုံးပေးတဲ့အနေနဲ့ တံတားတစ်ခုပေါ်ကနေ သူ့ကိုယ်သူ ခုန်ချ အဆုံးစီရင်ပစ်လိုက်ပါတယ်။ သတိမေ့သွားခဲ့ပြီး သူပြန်လည်နိုးထလာတဲ့အချိန်မှာ သေနေ့မစေ့သေးဘူးဆိုတဲ့စကားနဲ့အညီ ကျွန်းကလေးတစ်ကျွန်း ရဲ့ ကမ်းခြေပေါ်ကို သူရောက်ရှိနေခဲ့ပါတယ်။ ကျွန်းကနေ မြို့ဆီကို ပြန်ကူးဖို့အတွက် လှေတစ်စင်းရှိမှ အဆင်ပြေမယ်ဆိုတာ သူသိရှိထားပါတယ်။ ဒါပေမယ့် လှေလဲ မရှိ၊ ဘာဆိုဘာမှမရှိတဲ့ကျွန်းငယ်လေးပေါ်မှာ သူ့အတွက်တစ်ခုတည်းသောရွေးချယ်မှုက ကျွန်းကလေးပေါ်မှာပဲ ကယ်သူမလာမချင်း စတည်းချနေထိုင်ဖို့ပဲဖြစ်ပါတယ်။ အဲဒီအချိန်ကစလို့.. တောကြီးမျက်မည်းထဲမှာ ယနေ့ခေတ်လူသားတစ်ယောက်အနေနဲ့ ဘယ်လိုတွေ ခက်ခက်ခဲခဲ တွေ ဖြတ်သန်းနေထိုင်မလဲဆိုတာ ကို အတွေးဆန်းဆန်းလေးတွေနဲ့ tricks လေးတွေ ရှုစားကြရမှာဖြစ်ပါတယ်ခင်ဗျ။ အဲဒီိလို တစ်ကိုယ်ရည် အထီးကျန်နေတဲ့သူ့ကို တစ်ခါတစ်ရံမှာ မှန်ဘီလူးနဲ့ မြို့ထဲကနေ ကြည့်ရှု အကဲခတ်နေတဲ့သူ တစ်ယောက်ရှိနေပါတယ်။ အကဲခတ်နေတဲ့သူ ရဲ့ စိတ်အထင်မှာ..  ကျွန်းကလေးပေါ်က ဇါတ်ကောင်ဟာ သူ့အတွက် အာကာသထဲကနေ ပေးပို့လိုက်တဲ့ သူငယ်ချင်း alien တစ်ယောက်လို့ ထင်မှတ်မှားနေတယ်ဆိုတာကို ပရိသတ်ကြီး သိရှိလာရပါလိမ့်မယ်ခင်ဗျာ၊ ကျွန်းကလေးပေါ်က အထီးကျန်လူတစ်ယောက်နဲ့ မိုင်တွေခြားနေတဲ့ တစ်ဖက်စွန်းက သူ့လို အထီးကျန်နေသူတစ်ယောက်တို့ ဘယ်လို ဆုံစည်းကြမလဲ၊ သူတို့အချင်းချင်း ဘယ်လို commuicate လုပ်ကြမလဲ ဆိုတာလေးတွေက ဇါတ်လမ်းဖန်တီးသူရဲ့ အံ့အားသင့်စရာ ဇါတ်လမ်းလှည့်ကွက်လေးတွေဖြစ်ပါတယ်။ 2009 ခုနှစ်ကထွက်ရှိခဲ့တယ်ဆိုပေမယ့် ဘယ်ချိန်ကြည့်ကြည့် ရိုးမသွားနိုင်တဲ့ Movie လေးတစ်ခုဖြစ်တဲ့အတွက်.. ချစ်ပရိသတ်ကြီး အတွက် မကြည့်ရသေးရင် ကြည့်ဖြစ်အောင်ကြည့်လိုက်ပါဦးလို့ တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ။
[ ရွှင်လန်းချမ်းမြေ့ကြပါစေ ]


Credit To : goldchannelmovies.com
Reviewed by: Sugar
Translated by: May Moe Myint
Encoded by: Hein Min Htet
Quality & Size: BRrip 720p 850MB





 

Cafe Society (2016) - မြန်မာစာတန်းထိုး




IMDb (6.8/10)…Rotten Tomatoes (69%)
BvS ရဲ့ Lex Luthor ကြီး ..မင်းသား Jesse Eisenberg နဲ့ Twilight မင်းသမီး Kristen Stewart တို့အပြင် Age of Adaline ရဲ့မင်းသမီး ..Deadpool မင်းသားကြီးရဲ့ ချစ်ဇနီးချော Blake Lively  တို့ပါဝင်ထားတဲ့ဒီဇာတ်ကားကို နာမည်ကျော်ဒါရိုက်တာကြီး Woody Allen မှရိုက်ကူးထားပါတယ်။
၁၉၃၀ ပြည့်နှစ်လောက်က Hollywood အငွေ့အသက်ကိုအခြေခံလို့ရိုက်ကူးထားတဲ့ ဒီဇာတ်ကားဟာ Drama /Romance ကိုနှစ်သက်သူတွေ ကြည့်ရှုခံစားဖို့ အတော်ပဲသင့်တော်တဲ့ဇာတ်ကားဖြစ်ပါတယ်။
(Poe Thinzar Kyaw မှခံစားတင်ဆက်ထားပါတယ်။)

Credit To : www.channelmyanmar.org

File size…(850MB)
Quality…Blu-Ray Rip 720p
Format…mp4
Duration….01:36:00
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung

 

Watch And Download Pcloud (850MB)

 

Watch And Download Direct (850MB)

 

Watch And Download Pcloud (320MB)

 

Watch And Download Direct (320MB) 

 

 

 

 

Secret (2007) - မြန်မာစာတန်းထိုး


ကျောင်းစတက်တဲ့တစ်ရက်မှာ ကောင်လေးတစ်ယောက်က စန္ဒယားတီးခဲ့တယ်
တိုက်တိုက်ဆိုင်ဆိုင် ခပ်လှလှလေးပြုံးတတ်တဲ့
ကောင်မလေးတစ်ယောက်ကိုအဲ့ဒီနေ့မှာတွေ့လိုက်ရတယ်
သူတို့၂ယောက်ဟာ ဂီတသံစဉ်တွေ အတူဖန်ဆင်းလိုက် စက်ဘီးလေးတွေ
အတူစီးလိုက် ပန်းသီးလေးတွေ အတူစားလိုက် ကမ်းစပ်က
လေညှင်းလေးတွေရဲ့ပွတ်တူမှုကို ရယ်မောလိုက်နဲ့ ပေါ့ ဒီကားကသာမန်
drema အချစ်ဇတ်လမ်းလို့ထင်ခဲ့မိတယ် ပြသချိန် မိနစ် ၄၀လောက်ထိက
ကားနံမည်နဲ့ဆိုင်တာဆိုလို့ ကောင်မလေးရဲ့မေးခွန်းတစ်ခုပဲရှိတယ်
နင်နဲ့ငါနဲ့စတွေ့တဲ့နေ့တုန်းက ဘာသံစဉ်တွေတီးလိုက်တာလဲတဲ့
မသိဘူးဘာဖြစ်လို့လဲပြန်မေးတော့ ဒါက လျှို့ဝှက်ချက်(secret)တဲ့
အချစ်ဇတ်လမ်းတို့ထုံးစံအတိုင်း သုံးပွင့်ဆိုင် ကောင်မလေးနောက်
တစ်ယောက်ပါလာခဲ့တယ် ကောင်မလေး ၂ယောက်နဲ့ေ
ကာင်လေးတစ်ယောက်ပေါ့ တစ်နေ့တော့
ကောင်လေးဟာ သူ့ချစ်သူကောင်မလေးအထင်အမြင်လွဲစေမဲ့
အမှားကြီးတစ်ခုကျူးလွန်မိတယ် အဲ့ဒီနေ့ကစပြီး ကောင်မလေးက ဗြုန်းဆိုပျောက်
သွားပါရော ဘယ်မှာမှရှာမတွေ့တော့ဘူး secretဆိုတာကြီးကအဲ့ဒီမှာ
စတော့တာပဲကောင်မလေးရဲ့လျှို့ဝှက်ချက်ကပဲ အချိုးအကွေ့အလှည့်
အပြောင်းဖြစ်သွားစေတယ် ကဲ ပရိတ်သတ်ကြီးရေခံစားကြည့်လိုက်ပါဦး———–
ဒီကားက သံစဉ်တွေနဲ့တည်ဆောက်ထားတယ်ဆိုလည်းမမှားပါဘူး စာအုပ်တွေထဲမှာတော့တွေ့ဖူးတယ်
စန္ဒယားသံကို မိုးခြိမ်းသံ စမ်းချောင်းလေး
စီးဆင်းသံ ဘီးလူးတစ်ကောင်ရဲ့ဒေါသတစ်ကြီးအော်ဟစ်သံဆိုပြီး
ခိုင်းနှိုင်းပုံလေးတွေ တွေ့ဖူးပါတယ် စန္ဒယားသံကိုမခံစားတတ်ဘူးဆိုတာထက်
မသိနားမလည်တဲ့ ကျွန်တော်တောင် ဇတ်ကားထဲကတီးကွက်တွေကိုစီးမြောသွားတယ်ဂီတသံဇဉ်တွေ
ဘာလို့ခမ်းနားနေရတာလဲစူးစမ်းမိတော့ ဒီဇတ်ကားကိုဖန်တီးသူ ဒါရိုက်တာ Jay chouဟာ
ကိုယ်တိုင် အဆိုတော် တေးရေး သရုပ်ဆောင် တူရိယာ
၂မျိုးလောက်ကျွမ်းကျင်ပိုင်နိုင်စွာတီးခတ်နိုင်သူဖြစ်ပါသတဲ့ ကိုင်း secretဆိုတာဘာလဲစူးစမ်းရင်းနဲ့
ခံစားကြည့်လိုက်ပါဦးလို့ စကားမစပ် ကောင်လေးရော ကောင်မလေးရော တော်တော်ချောတယ်ဗျ ………..
ဇာတ်ကားအညွှန်းကိုတော့ ကိုဖြိုးပြည့်ကရေးသားပေးခဲ့ပြီး ဘာသာပြန်ကတော့ AP New School ပဲဖြစ်ပါတယ်ဗျ





Doctor Strange (2016) - မြန်မာစာတန်းထိုး


ယခုလက်ရှိ ရုံတင်နေဆဲ ဒေါက်တာစထရိန်းကို cam version နဲ့ တင်ပေးလိုက်ပါတယ်။ cam version ဆိုတဲ့အတွက်ကြောင့် ကွာလတီအကောင်းမဟုတ်ပါဘူး၊ အကြည်မဟုတ်ပါဘူးဆိုတာ  သသေချာချာပြောပါရစေ။ ဒေါင်းပြီးမှ တောက်တခေါက်ခေါက်ဖြစ်နေမှာစိုးလို့နော်။ နမူနာအနေနဲ့  screen short တင်ပေးလိုက်ပါတယ်။

ရုပ်ရှင်အညွှန်း~~~

Stephen Strange ဆိုတာ ကမ္ဘာပေါ်မှာ အတော်ဆုံး အာရုံကြောခွဲစိတ် ဆရာဝန်တစ်ယောက်။ မာနလည်းကြီးပြီး မောက်မာတယ်။ တစ်ရက်မှာတော့ ကား အက်ဆီးဒင့်ဖြစ်ပြီး ဒဏ်ရာအကြီးအကျယ်ရသွားတဲ့အတွက် လက်ဟာ အမြဲတုန်နေလို့ ခွဲစိတ်လို့ လုံးဝမဖြစ်နိုင်တော့ဘူး။ စာသင်စားလို့ရပေမဲ့လည်း မာနကြီးတဲ့ Strange က သူ့လက်ပြန်ကောင်းအောင် ကမ္ဘာပတ်ပြီး နည်းလမ်းရှာပါတယ်။ အဲမှာတော့ Ancient One ဆိုတဲ့ မှော်ဆရာ တစ်ယောက်နဲ့  တွေ့ရာက   မှော်အတတ်ကို သင်ကြားဖြစ်ခဲ့ပြီး Strange ဟာ ကမ္ဘာ့အတော်ဆုံးနဲ့ အစွမ်းထက်ဆုံး မှော်ဆရာ Supreme Sorcerer Doctor Strange ဆိုတာဖြစ်ဖို့ အကြောင်းဖန်လာခဲ့ပါတယ်။

Marvel ရဲ့ အဓိကဇာတ်ကောင်တစ်ယောက်ဖြစ်ပြီး ထွက်ရှိနေတဲ့ Marvel Cinematic Universe နဲ့ချိတ်ဆက်ထားပါတယ်။ နောက်ပိုင်း Infinity War တွေမှာလည်း ပါလာဖို့ရှိပါတယ်။ Doctor Strange အဖြစ် Sherlock Series နဲ့ နာမည်ကျော်တဲ့ Benedict Cumberbatch က သရုပ်ဆောင်ပြီး Scott Derrickson ကရိုက်ကူးပါတယ်။ Marvel Entertainment က ထုတ်လုပ်ပြီး Disney က ဖြန့်ပါတယ်။
ရုပ်ရှင်အညွှန်း -  Datshin

Credit To : Flim2mm.com
IMDB 8.0 ရရှိနေပြီး box office မှာ ဦးဆောင်နေတဲ့ ဇာတ်ကားဟာ 1h:55mins ကြာမြင့်ပါတယ်။  515 MB နဲ့ အောက်ပါလင့်ခ်မှာ ဒေါင်းနိုင်ပါပြီ။

Screen Shorts


 
 

Harassed by a stalker (2013) မြန်မာစာတန်းထိုး


Harassed by a stalker (2013) မြန်မာစာတန်းထိုး
=================================================
လူတွေကအရမ်းကြောက်စရာကောင်းပါတယ်..ကမ္ဘာပ်ါမှာကြောက်စရာအကောင်းဆုံးကလူတွေပါပဲ…..
မိတ်ဆွေအချင်းချင်းလည်းလှည့်စားတတ်တယ်သူငယ်ချင်းတွေကိုလည်းလိမ်ညာတတ်ပါတယ်…
ဒီဇာတ်ကားလေးကိုကြည့်
ပြီးအတော်ကိုသံဝေဂရမိပါတယ်….ဇာတ်လမ်းအစမှာတော့ချစ်သူနဲ့ကွဲကွားပြီးစကောင်မလေးတစ်ယောက်အိမ်
ထောင်ပြုပြီးမိတ်ဆွေမိန်းကလေးတစ်ဦးနင့်အတူစု စီးပွားရေးလုပ်ပုံထိုမိန်းမကငွေတွေကိုလိမ်လည်ပြီး
ထွက်သွားသောအခါထိုကောင်မလေးဘာဆက်လုပ်မလဲခင်ပွန်းနင့်ကော….ပြသနာမတက်အောင်ဘယ်လို
လုပ်မလဲ????ထိုကောင်မလေးရဲ့ချစ်သူဟောင်းကလည်းထို
ကောင်မလေးကိုစိတ်မပြတ်နိင်သောအခါ…..ဘာတွေဆက်
ဖြစ်မလဲစိတ်ဝင်တစားစောင့်ကြည့်ရမှာပါ…..ဂျပန်ကားပီပီ
ဇတ်ကားတစ်ကားလုံး၁၈နစ်အထက်အခန်းတွေဖော
ဖောသီသီသုံးထားတာကြောင့်အသက်မပြည့်သူများမ
ကြည်ဖို့ပြောလိုက်ပါရစေ….(ခိုးကြည့်မယ်ဆိုတာလည်း
ကျွန်တော်သိပါတယ်)…..ထိုဇာတ်ကားမှာပညာပေးတွေအများကြီးပါပါတယ်လူတွေကိုအကြွင်းမဲ့မယုံ
ဖို့ထိုဇာတ်
ကားထဲမှာပါဝင်ပါတယ်….အပြင်လောကဇာတ်ခုံကအ
ကြောင်းတွေကိုရိုက်ကူးပြထားတယ်လို့ထင်မှတ်ရတဲ့ထို
ဇတ်ကားလေးကို၁၈နစ်ကျော်မှသာကြည့်ကြဖို့အကြံပေး
ရင်းခံစားလိုက်ကြပါအုံးလို့…..
File Size : 549.2 Mb , 275.8 Mb
Quality : HDRip 
Duration : 01:06:49
Subtitle : Myanmar Subtitle (Hardsub)
Translator : Soe Htwe 
Encoder : Moe Myint Lwin

  



Circle of Atonement (2015) မြန်မာစာတန်းထိုး


Circle of Atonement (2015) မြန်မာစာတန်းထိုး
Imdb - 6.2/10

မင်္ဂလာပါ၊ Crime film တွေ တောင့်တနေတဲ့ ချစ်ပရိသတ်ကြီးအတွက် Korean Movie လေးတစ်ခု လာပါပြီခင်ဗျာ။ Hollywood ကို Inspire ယူဟန်ရှိတဲ့ Korean Directorရဲ့ ဇါတ်လမ်းဖွဲ့စည်းပုံ၊ အချိုးအကွေ့ တွေက နာမည်ကြီး Bruce Willi တို့ Liam Neeson တို့ရဲ့ Crime film တွေနဲ့ ဆင်တူနေသယောင်ရှိပါတယ်။  ဒါက ကျွန်တော်တို့ အမြင်ပါ။ 2015 မှာ ထွက်ရှိခဲ့တဲ့ Circle of Atonement ဟာ...  ဖခင်နဲ့ သမီးဖြစ်သူအကြား က သံယောဇဉ်နဲ့ ယနေ့ခေတ်လူငယ်တွေရဲ့ မိဘတွေအပေါ် မြင်တဲ့သဘောထားအစရှိသဖြင့် လူသားတွေအကြားက ကူးလူးဆက်နွယ်မှုတွေကို Drama ဆန်ဆန် ဦးစားပေးတင်ပြထားတာဖြစ်ပါတယ်။ အဖေဖြစ်သူ Lee Sang-won နဲ့ ဆယ်ကျော်သက်သမီးပျိုလေး Jeong-hyeon တို့ရဲ့အကြားက ခံစားချက်အားပြိုင်မှုတွေက ဇါတ်ရှိန်ကို ပိုမိုမြင့်တက်စေပါတယ်။ ဆရာအဖြစ်ငှားရမ်းခဲ့တဲ့ Cheol-woong ကိုမှ မေတ္တာသက်ဝင်မိခဲ့တဲ့ Jeong-hyeon အတွက် ရတက်မအေးရတဲ့ ရဲအရာရှိ Sang-won ဟာ အပေါင်းအသင်းလုပ်ငန်းခွင်မှာ တည်ငြိမ်ပြီး ဘယ်အရာမဆိုအားထားနိုင်တဲ့သူတစ်ယောက်ဖြစ်ပေမယ့် ... သမီးကလေးအပေါ်မှာတော့ ဘယ်လိုမှ ထိန်းချုပ်နိုင်ခြင်းငှာ မစွမ်းသာခဲ့ပါဘူး။ သမီးရဲ့ ချစ်သူ Cheol-woong ရဲ့ နောက်ကြောင်းကို စုံစမ်းကြည့်တဲ့အခါမှာ .. ၄င်းဟာ သူ မဖော်ထုတ်နိုင်ဘဲ ပိတ်သိမ်းခဲ့ရတဲ့ လူသတ်မှု တစ်ခု နဲ့ ပါတ်သက်ဆက်စပ်မှု ရှိနေတယ် ဆိုတာကို မထင်မှတ်ဘဲ သိရှိခဲ့ရပါတယ်။ တကယ်လို့များ သမီးကလေးရဲ့ ချစ်သူဟာ လူသတ်သမားတစ်ယောက်ဖြစ်နေခဲ့တယ်ဆိုရင် သမီးလေးကို သူ ဘယ်လိုဖွင့်ပြောရမလဲ၊ ဘယ်အရာမဆို ဖခင်အပေါ် အဆိုးမြင်ပြီး စိတ်ထင်ရာလုပ်တတ်တဲ့ သမီးငယ်လေးက ရော သူပြောတာ လက်ခဲ့မှာတဲ့လား..အစရှိတဲ့ သောကတွေနဲ့ ပူလောင်နေတဲ့ Sang-won နဲ့ သံသယတရားခံ Cheol-woong တို့ရဲ့အကြားက ချစ်စိတ်မွှန်နေတဲ့ Cheol-woong ... သူတို့ သုံးယောက်အကြားက ထင်မှတ်မထားတဲ့ လှည့်ကွက်လှလှလေးတွေ ပေါက်ဖွားလာပါတော့တယ်။ ပရိသတ်ကြီးအတွက် ဇါတ်လမ်းကို အမြည်းသဘောအနေနဲ့ ရှပ်ပြီးရေးသားထားတာဖြစ်တဲ့အတွက်... မူရင်း ရုပ်ရှင်ရဲ့ ဇါတ်အိမ်က ပိုမိုစိတ်ဝင်စားဖို့ကောင်းတဲ့အပြင်..  သူ့နေရာနဲ့သူ မြှုပ်ကွက်ကလေးတွေ ပါရှိနေသေးတယ်ဆိုတာ....  ပရိသတ်ကြီး တွေ့ရှိရပါလိမ့်မယ်ခင်ဗျ။ Thriller ဘက်ကို သယ်ဆောင်မသွားဘဲ Crime/Drma ဘက်ကို ငြိမ့်ငြိမ့်လေး သယ်ဆောင်သွားမယ့် Movie တစ်ခုဖြစ်တဲ့အတွက်...  စိတ်ကျေနပ်စရာ ရုပ်ရှင်တစ်ခု ဖြစ်ကြောင်း ညွှန်းဆိုလိုက်ပါတယ်ခင်ဗျာ။

[ရွှင်လန်းချမ်းမြေ့ကြပါစေ]

Credit To : goldchannelmovies.com
Reviewed by: Sugar
Translated by: Minn Htet
Encoded by: Sinn Sinn
Quality: 720P HD



The Crone (2013) မြန်မာစာတန်းထိုး

The Crone (2013) မြန်မာစာတန်းထိုး
ပရိတ်သတ်ကြီး  ဒီနေ့ည မအိပ်ခင် စောင်ပုံထဲမှာ ကွေးပြီး သည်းထိတ်ရင်ဖို Horror လေးကြည့်ရှုခံစားဖို့အတွက် The Crone ဂျပန်သည်းထိတ်ရင်ဖိုကားလေး တင်ဆက်ပေးလိုက်ပါတယ်
ဒီဇာတ်ကားဟာ IMDb rate 4 သာရရှိထားပေမယ့် ထိတ်လန့်စရာ horror ရသကိုတော့ အပြည့်အဝပေးနိုင်မယ့် ကားလေးဖြစ်ပါတယ်
ဇာတ်လမ်းကတော့ "Jersey Girls" ဆိုတဲ့ မိန်းကလေးသုံးဦးပါဝင်တဲ့ Idol group လေးဟာ သဘာဝလွန်ဖြစ်ရပ်တွေအကြောင်း ရိုက်ကူးဖို့ TV အစီအစဉ်တစ်ခုမှာ ဖိတ်ခေါ်ခံရတာကနေ အစပြုပါတယ် အစီအစဉ်ရိုက်ကူးရာ စွန့်ပစ်ထားတဲ့ လူအိုရုံကြီးတစ်ခုမှာ မိန်းကလေးတွေဟာ ဘယ်သူက သတ္တိအကောင်းဆုံးနဲ့ မှတ်တမ်းအတင်နိုင်ဆုံးသူဖြစ်မလည်းဆိုတာ ပြိုင်ဆိုင်ခဲ့ကြပါတယ် ဒါပေမယ့် သူတို့ကိုယ်တိုင် သဘာဝလွန်ဖြစ်ရပ်တွေ တစ်ခုပြီးတစ်ခု ကြုံတွေ့လာရချိန်မှာတော့ ဘယ်လိုသွေးပျက်စရာ အဖြစ်အပျက်တွေ တွေ့ရမလဲဆိုတာ ဆက်လက်ကြည့်ရှုနိုင်ဖို့ တသ်ဆက်လိုက်ရပါတယ်။


Credit To : www.goldchannelmovies.com
Translate by-Chit Mee
Review by: ဆလတ်ရွက်
Encode by: Hein Min Htet
Quality -BR-Rip 720P
Size - 500MB








 

BY THE GUN (2014) - မြန်မာစာတန်းထိုး



2014 ခုနှစ်ကထွက်ရှိခဲ့တဲ့ ခပ်ကြမ်းကြမ်း ဂိုဏ်းစတားယအက်ရှင်
ဒရာမာ တစ် ကားနဲ့ မိတ်ဆက်ပေးပါအုံးမယ် ဇာတ်လမ်းလေးက
MAFIA film ဆိုတော့ ပရိတ်သတ်ကြီးအကြိုက်တွေ့မှာကတော့
 သေချာပါတယ်
ဇာတ်လမ်းအကျဉ်းလေးကတော့ စစ်သားဟောင်း တယောက်ဖြစ်သူ
Nick ဟာ sal ရဲ့လက်အောက်ခံဂိုဏ်းစတားတယောက်ဖြစ်ပါတယ်
ဒါပေမဲ့ Sal ဟာ Nick ကို ယုံကြညှ်ု အပြည့်အ၀မရှိခဲ့ပါဘူး ဒီလိုနဲ့
တစ်နေ့မှာ Sal တယောက် Nick ကို ဂျင်းထည့် လိုက်တဲ့ အခါမှာတော့
Nick တယောက်ဘယ်လိုတွေများ ပြသနာတွေကြုံရမလဲ ဆိုတာ
ဆက်လက်ကြည့်လိုက်ပါတော့ဗျ



The Babysitter (2007) မြန်မာစာတန်းထိုး

Imdb 5.7/10
မင်္ဂလာပါ၊ ငွေကြေးရဲ့ ကျေးကျွန်အဖြစ် ရုန်းကန်နေရတဲ့ ယနေ့ခေတ်လူတွေအကြားမှာ... လိုအင်ဆန္ဒတိုင်းကိုသာ ချုပ်တည်းမထားနိုင်ရင်ဖြင့် အမှောင်တကာ့ အမှောင်ဆုံး ချောက်နက်ကြီးထဲကို ရောက်မှန်းမသိရောက်သွားနိုင်တယ်ဆိုတာ အသိတရားရစရာတစ်ခုအဖြစ် ဟောဒီ Babysitter ဆိုတဲ့ Movie လေးက မီးမောင်းထိုးပြနေပါတယ်။ အထူးသဖြင့် အသိဥာဏ် မရင့်ကျက်သေးတဲ့ ဆယ်ကျော်သက်အရွယ် လူငယ်တွေမှာ..ဆင်ခြင်တုံတရားဆိုတာ ဘယ်လောက်ထိအရေးပါသလဲဆိုတာ...  ရှုစားကြရမှာဖြစ်ပါတယ်။ Imdb ရဲ့ Parental Guide အဆင့် R အဖြစ်သတ်မှတ်ထားတဲ့အတွက် ၁၈ နှစ်အထက် သာကြည့်ရှုရမယ့် Scene လေးတွေ ပါဝင်ပါတယ်ဆိုတာ သတိပြုပေးပါခင်ဗျ။
၁၇ နှစ်သာ ရှိသေးတဲ့ အထက်တန်းကျောင်းသူလေး Shirley ဟာ ပညာရေး အတွက်ကျောင်းဆက်တက်နိုင်ဖို့ ကလေးထိန်းအလုပ်ကို လုပ်ကိုင်ရင်း ကျောင်းစရိတ်ကိုဖြည့်တင်းနေရတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ အနောက်နိုင်ငံရဲ့ လူနေမှု ဓလေ့ထုံးစံအရ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေကို အဲဒီလို အချိန်ပိုင်း ငှားရမ်းထားတတ်ကြပါတယ်။ Shirley ဟာ. သူမတာဝန်ယူထိန်းကျောင်းရတဲ့ကလေးငယ်တစ်ယောက်ရဲ့ ဖခင်နဲ့ ငြိစွန်းပြီးခဲ့ကြတဲ့နောက်ပိုင်းမှာ.. သူမရဲ့ Customer types ဟာ ပြောင်းလဲလာပါတော့တယ်။ ငွေကြေးအတွက်၊ စားဝတ်နေရေးအတွက်၊ ဘယ်တော့မှ ဖြည့်ဆည်းလို့ မပြည့်တင်းလာနိုင်တဲ့ လိုအပ်ချက်တွေအတွက် Shirley ရဲ့ ဘ၀ နစ်မွန်းခဲ့ရပြီ ဖြစ်ပါတယ်။ ဘာကြောင့်များ ရိုးရိုးသားသား ကလေးထိန်းအလုပ်ကနေ ... အချိန်ပိုင်း ဆန္ဒဖြည့်ဆည်းပေးရတဲ့အလုပ်ကို Shirley ကလဲ ကျေကျေနပ်နပ် နဲ့ ကူးပြောင်းခံယူခဲ့တယ်လို့ ပရိသတ်ကြီး ယူဆပါသလားခင်ဗျ။ သူမအနေနဲ့ အဲဒီဘ၀မှာကျင်လည်လိုက်ရတယ်ဆိုတာ သူမရဲ့ အတိတ်က အရိပ်တွေရဲ့ ရိုက်ခတ်မှု တစ်ချို့လဲ ပါဝင်တယ်ဆိုတာကို Movie ကို ကြည့်ရှုရင်း ဖြည်းဖြည်းချင်း တွေ့ရှိစာနာမိလာမှာဖြစ်ပါတယ်။ အဆုံးသတ်အနေနဲ့ ..  မပြည့်စုံတဲ့ မိန်းကလေးတွေရဲ့ ဘ၀ဟာ. ခြေလှမ်းတစ်ချက်မှားတာနဲ့. ပြန်လည်ပြင်ဆင်မရနိုင်အောင် အမှားကြီးမှားတတ်ကြောင်းကို ထင်ဟပ်ပြထားတဲ့ Movie တစ်ခုဖြစ်ပါတယ်လို့ ... ညွှန်းဆိုချင်ပါတယ်ခင်ဗျာ။

[ရွှင်လန်းချမ်းမြေ့ကြပါစေ]
Credit To : goldchannelmovies.com
Reviewed by: Sugar
Translated by:The Wai Hann
Encoded by:Hein Min Htete
Quality & Size: 720P Blueray -750MB





Man on High Heels (2014) - မြန်မာစာတန်းထိုး

 
ဒေါက်ဖိနပ်စီးတဲ့ယောက်ျားကြီးတဲ့ ဇာတ်ကားနာမည်က...
အမှုလိုက်တော်၊ အသတ်အပုတ်ကြမ်း၊ ခန္ဒာကိုယ်ထွားကြိုင်း၊ အရပ်ရှည်ပြီး ယောက်ျားပီသတဲ့ စုံထောက်ကြီးတယောက်ရဲ့ ဘာကြောင့်ဒေါက်ဖိနပ်စီးချင်ရသလဲ....
ခက်ထန်ပေမယ့် သံယောဉ်ဇဉ်ကြီးမားပြီး ကြင်နာတတ်တဲ့ အတွင်းစိတ်ကို ဘယ်လိုဖေါ်ပြမလဲ...
သူ့ကိုစိတ်ဝင်စားနေတဲ့ မိန်းကလေးကိုလည်း ပြန်ချစ်နိုင်ပါ့မလား...

ဆိုတာတွေကိုတော့ ဒေါင်းယူကြည့်ရှုကြပါကုန်....

ဒီဇာတ်ကားကိုဘာသာပြန်ပေးတာတော့ ညီငယ် Htoo Htoo Zaw ဖြစ်ပါတယ်။


Cretdit To : Flim2mm.com
IMDB 6.6 ရထားတဲ့ အက်ရှင်ဇာတ်ကား 2h:05mins ကြာမြင့်ပါတယ်။  555MB နဲ့ ဒေါင်းယူကြည့်ရှုနိုင်ပါပြီ။


Movie 43 (2012) - မြန်မာစာတန်းထိုး




>>> Do not watch with Family due to sexual content<<<
Rating လဲမကောင်း.. 18+ တွေလဲပါတဲ့ ဇာတ်ကားကို ဘာလို့တင်တာလဲလို့ မေးစရာရှိပါတယ်…
တစ်ခါတစ်လေမှာ စိတ်ရှုပ်ထွေးစရာတွေအပြင်လောကမှာကြုံဆုံနေတဲ့အခါမျိုးမှာ.. လက်တွေ့ မှာဘယ်လိုမှမဖြစ်နိုင်တဲ့ ဇာတ်လမ်းဇာတ်ကွက်တွေ ညစ်တီးညစ်ပတ်စကားလုံးတွေ ခွတီးခွကျပေါက်ကရဖြစ်ရပ်တွေက အံ့သြသင့်ဖို့ လဲကောင်းသလို ရီဖို့ လဲကောင်းလွန်းတဲ့ ဒီလိုဇာတ်ကားမျိုးကြည့်ခြင်းက သင့်ဦးနှောက်ကို အသစ်အဆန်းတစ်မျိုးနဲ့ မိတ်ဆက်ပေးရာရောက်လိမ့်မယ်လို့ ထင်မိလို့ပါ…
ဒီဇာတ်ကားကို နာမည်ကြီးသရုပ်ဆောင်ပေါင်းများစွာနဲ့ ဒါရိုက်တာပေါင်းများစွာက ဆယ်စုနှစ်တစ်ခုစာလောက်ကြာအောင် ရိုက်ကူးထုတ်လုပ်ခဲ့ပါတယ်။
ကဲ… rating ကတော့မြင်တဲ့အတိုင်းပဲ (Rating- IMDb : 4.3/10 , RT:4 , Matacritis : 18%) ဖြစ်ပါတယ်…
အဲ့ဒီရုပ်ရှင်ထဲက Cast တွေအနေနဲ့ ကတော့….…
Kate Winslet , Emma Stone , Naomi Watts , Kate Bosworth , Chloe Grace Moretz , Helle Berry , Anna Faris (Scary Movie) , Elizabeth Banks , Uma Thurman , Kristen Bell , Leslie Bibb အစရှိတဲ့ နာမည်ကြီး အမျိုးသမီးသရုပ်ဆောင်တွေအပြင် Richard Gere , Gerard Butler , Hugh Jackman , Chris Pratt , Terrence Howard , Josh Duhamel , Dannis Quaid ,Gerg Kinner , Jeremy Allen , Stephen merchant , Christopher Mintz-Plasse , Justin Long , Kieran Culkin , Jason Sudeikis , Jimmy Bennet စတဲ့နာမည်ကြီး အမျိုးသားသရုပ်ဆောင်တွေပါဝင်ထားပါတယ်။
ဒါတင်မကသေးပါဘူး ၊ ဒါရိုက်တာအနေနဲ့ လည်း Steven Brill, Peter Farrelly, Elizabeth Banks စသည်တို့ အပါအ၀င် စုစုပေါင်းဒါရိုက်တာ 13ဦးရိုက်ကူးပြီး ဇာတ်ညွှန်းပိုင်းမှာလဲ ဇာတ်ညွှန်းရေးဆရာ အယောက် 20အထိပါဝင်ထားတဲ့ဒီရုပ်ရှင်ကိုရိုက်ကူးထုတ်လုပ်ရာမှာ အစောကပြောခဲ့သလို ဆယ်စုနှစ်တစ်ခုစာလောက်ကြာမြင့်ခဲ့ပါတယ်။
ဇာတ်ညွှန်းကိုထုတ်ဝေသူအများစုကငြင်းပယ်ခြင်း၊ ကမ်းလှမ်းတဲ့သရုပ်ဆောင်တွေကသရုပ်ဆောင်ရန် ငြင်းဆန်ခြင်း ၊ ရိုက်လက်စသူအချို့ ကလဲ ဆက်မရိုက်တော့ဘူးဆိုကာ ရိုက်ကူးရေးမှထွက်ချင်ခြင်း စတဲ့အခက်အခဲပေါင်းများစွာရင်ဆိုင်ခဲ့ပြီးနောက် 2013 Junuary 25 မှာထွက်လာခဲ့တဲ့ Movie 43 ဟာ 34ကြိမ်မြောက် Golden Raspberry ဆုပေးပွဲမှာ Worst Picture, Worst Director, Worst Screenplay စတဲ့ဆုသုံးဆုကိုဆွတ်ခူးရရှိခဲ့ပါတယ်။ ထို့ အပြင် one of the worst films of all time ရဲ့စာရင်းထဲကိုလဲဝင်သွားခဲ့ပါသေးတယ်။ ကြာမြင့်ချိန် 98 မိနစ်ရှိပြီး Indie / Comedy အမျိုးအစားဖြစ်တဲ့ ဒီရုပ်ရှင်ရဲ့ထူးခြားချက်ကတော့ ရိုက်ကူးရေးအတွက် စုစုပေါင်းကန်ဒေါ်လာ 6 မီလီယံ ကုန်ကျခဲ့ပြီး Box office မှာ 32.4 မီလီယံဒေါ်လာထိပြန်ရခဲ့ပါတယ်။
ဇာတ်လမ်းလေးကတော့ ……
Calvin Culter နဲ့ သူ့ သူငယ်ချင်း JJ တို့ ဟာ သူတို့ ရိုက်ကူးထားတဲ့ပေါကြောင်ကြောင် Video တစ်ခုကို Youtube မှာ တင်လိုက်ပြီး မိနစ်ပိုင်းတွင်းမှာပဲ သူတို့ ရဲ့ Video ဟာ 1,000,000 view ရသွားတဲ့အခါ အကြီးအကျယ်ပျော်ရွှင်နေကြပါတယ်။ ဒါပေမဲ့ သူတို့ ရဲ့အပျော်ဟာကြာကြာမခံလိုက်ပါဘူး…ဘာဖြစ်လို့ ဆိုတော့ အဲ့ဒိ့ viewer အများကြီးတိုးလာတာက Calvin ရဲ့ညီ ကွန်ပျူတာကျွမ်းကျင် Baxter ရဲ့ April Fool’s Prank ဖြစ်နေလို့ ပါ…အရမ်းစိတ်ဆိုးသွားတဲ့ Calvin Culter နဲ့  JJတို့ ဟာ Baxter ကိုပြန်ကလဲ့စားချေဖို့ ကြံစည်ပါတော့တယ်။ သူတို့ ရဲ့အကြံအစည်က Baxter ရဲ့ laptop ထဲကို Virus တွေထည့်ဖို့ ပါပဲ….. သူတို့ လက်စားချေခြင်းရဲ့ပထမအဆင့်အနေနဲ့ ကတော့ Baxter ရဲ့ Laptop ကိုခိုးဖို့ ပါ..အဲ့လိုခိုးဖို့ အတွက် Baxter ကိုသူ့ အခန်းထဲကနေအောင် Movie 43 အကြောင်းလုပ်ကြံပြီးပြောရာကနေပြီး ဇာတ်လမ်းလေးဖြစ်လာခဲ့တာပါ….
ဒီရုပ်ရှင်ကိုကြည့်ချင်မိသွားတာက 24 Bad Movies You Forgot Starred Some of Today’s Greatest Actors ဆိုတဲ့ ဆောင်းပါးကိုစဖတ်မိရကပါ။ အဲ့ဒိဆောင်းပါးမှာ moviefone က အဲ့ဒီရုပ်ရှင်အတွက် အားနာမိတဲ့သရုပ်ဆောင်တွေကို ဖော်ပြရမှာ “Kate Winslet & Everyone else” လို့ ဖော်ပြခဲ့လို့ ပါ။ Rating နည်းနည်းလေးပဲရထားပြီး နာမည်ကြီးသရုပ်ဆောင်ပေါင်းများစွာ ပါဝင်ထားတဲ့ဒီရုပ်ရှင်ဟာ စကြည့်လိုက်တာနဲ့ ဆက်ကြည့်ချင်သွားအောင်ဆွဲဆောင်နိုင်ပါတယ်…. လက်တွေ့ မှာဘယ်လိုမှမဖြစ်နိုင်တဲ့ ဇာတ်လမ်းဇာတ်ကွက်တွေ ညစ်တီးညစ်ပတ်စကားလုံးတွေ ခွတီးခွကျပေါက်ကရဖြစ်ရပ်တွေက အံ့သြသင့်ဖို့ လဲကောင်းသလို ရီဖို့ လဲကောင်းလွန်းပါတယ်။ (ကျနော်ဆို ကြည့်နေရင်းနဲ့ ပါးစပ်အဟောင်းသားဖြစ်မိပါတယ်… သူ့ ဇာတ်လမ်းတွေက အံ့သြသင့်စရာကောင်းလွန်းလို့ ပါ)..
ဘယ်လိုပဲဖြစ်ဖြစ် သင်ဟာ ရုပ်ရှင်ဝါသနာအိုးတစ်ယောက်ဆိုရင်တော့ ဒီကားလေးကိုလက်လွတ်မခံပဲကြည့်ဖို့ တိုက်တွန်းပါရစေ….။
#Nucleon_Review
#Admin_T
(ရုပ်ရှင်အညွှန်းကို Nucleon’s FB Page မှကူးယူဖော်ပြပါသည်။)

Credit To : www.channelmyanmar.org

File size…(700MB)
Quality…Blu-Ray Rip 720p
Format…mp4
Duration….01:38:01
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung

 

Watch And Download Pcloud (700MB)

 

Watch And Download Direct Link (700MB)

 

Watch And Download Pcloud (320MB)

 

Watch And Download Direct Link (320MB) 

 

 

 

 

 

Wish (2013) မြန်မာစာတန်းထိုး


Wish(Hope)2013
ဒီကားလေးဟာဆိုရင်ဖြင့်
ခုလက်ရှိ ကျွန်တော် တို့ဆီမှာ လတ်တလောဖြစ်ပွားနေတဲ့ သက်ငယ်မုဒိမ်းမှု ပညာပေးဇာတ်ကားလေးတစ်ကားပါ
မိဘတိုင်းကြည့်ထားသင့်တဲ့ ဇာတ်လမ်းလေးပါ။ ကိုရီးယား ဒါရိုက်တာ Joon-ik Lee ရိုက်ကူးထားပြီး ပိရိသတ်အားပေးမှု Rating * 8.2/10 အထိ ရရှိထားတဲ့ ဇာတ်ကားကောင်းလေးပါ။ ဆုတွေ တသီကြီးရရှိထားပြီး ပရိသတ်ရဲ့ ရင်ထဲကို massage တစ်ခုခု ရောက်စေတဲ့အထိကို ကောင်းတဲ့ ဇာတ်ကားလေးပါ။
ဇာတ်လမ်းလေးကတော့....
အရမ်းအလုပ်ရှုပ်တဲ့ လင်မယားနှစ်ယောက်မှာ ဆူရမ်ဆိုတဲ့ ၈နှစ်အရွယ် ချစ်သရာသမီးငယ်လေး တစ်ယောက်ရှိပါတယ်...
အလုပ်ကိုယ်စီနဲ့မို့ သမီးငယ်လေးကိုလည်း ထင်သလောက် ဂရုမစိုက်နိုင်အားပဲ ဆူရန်မှာ ကိုယ့်အားကိုယ်ကိုးပြီး နေရတဲ့ကလေးမလေးပါ။
မိုးတွေသည်းနေတဲ့တနေ့....ဆူရန်ကျောင်းနောက်ကျနေလို့ ကျောင်းကိုသွားရမယ့် လမ်းအတိုင်းမသွားပဲ ဖြတ်လမ်းကနေ သွားပါတော့တယ်။ ဆူရန် သွားနေတဲ့ လမ်းလေးမှာ....မထင်မှတ်ပဲ တွေ့လိုက်ရသူကတော့ အရက်တွေမူးနေအောင် သောက်ထားတဲ့ အိမ်ယာမဲ့သမားတစ်ဦးပါ.....။
သိပ်မကြာခင်မှာပဲ သတင်းဆိုးတစ်ခု တက်လာခဲ့တာကတော့ ကျောင်းဖြတ်လမ်းက အဆောက်အဦး ပျက်ထဲမှာ ၈နှစ်အရွယ် မိန်းကလေးတစ်ဦး လူမဆန်စွာ အစော်ကားခံရပြီး မျက်နှာတစ်ခုလုံးလည်း ရိုက်နှက်ခံထါးရလို့ ဖူးယောင်နေပြီး သတိလစ်မေ့မျောနေတယ် ဆိုတဲ့ သတင်းပါ။  ကြားသိရတဲ့သတင်းဆိုးကြောင့် ဆူရန့်မိဘတွေ ရင်ကွဲရပါတော့တယ်။
ဆူရန်မှာ အရွယ်နဲ့မမျှအောင် ခံစားလိုက်ရတဲ့... အသိစိတ်ကင်းမဲ့တဲ့ လူတစ်ယောက်ကြောင့် ဆူရန့်ခမျာ ဖခင်ရင်းကိုတောင် အနားမကပ်ခံတောင်ပဲ အကြောက်ကြီးကြောက်သွားပြီး ဘဝကို အရမ်း ခက်ခဲကြမ်းတမ်းစွာ ရင်ဆိုင်ရပါတယ်။ ပတ်ဝန်းကျင်ရဲ့ ပြောဆိုသံ မေးငေါ့သံ စကားသံတွေကို ဆူရန်လေး... ရင်ဆိုင်နိုင်ပါ့မလားဆိုပြီး.... ဖြစ်ရတဲ့ မိဘနှစ်ပါးရဲ့ သောက....
အရက်မူးနေလို့ အသိစိတ်မရှိလို့ ဒီလိုဖြစ်ရတာပါဆိုပြီး....တရားခံရဲ့လျှောက်လဲချက်....
မတရားတဲ့.... လျှောက်လဲချက်တွေ...ပြစ်ဒဏ်ချမှတ်မှုတွေ.....
ခု ကျွန်တော်တို့ လတ်တလော မြင်တွေ့နေရတဲ့... သက်ငယ်မုဒိမ်းမှု...
ကျွန်တော်တို့တွေ ဖြစ်စေချင်နေချင်ကြတဲ့... ပြစ်ဒဏ်ချမှတ်မှု....
အားလုံး...အားလုံးကို... ဒီကားလေးထဲမှာ ကြည့်ရှု့ခံစားရမှာပါ...😢😢😢
ပန်းများအားလုံး မွှေးပျံပါစေ....
ပန်းဖူးလေး ဘဝကနေပြီး အန္တရာယ်ကင်းစွာနဲ့ ဖူးပွင့်ကြစေဖို့ ဥယျာဉ်မှူး တို့ကလည်း သတိလေးနဲ့ စောင့်ရှောက်ကြပါဗျာ 😪😪😪😪
Credit To : www.goldchannelmovies.com
Review by May Satt Thu
Translate by Winnie Ngoon & Phyo Thant
Encoded by Hein Min Htet
size & quality: 880mb\350mb
 
 
 
 
 
 
 
 
Powered by Blogger.